Saturday, January 26, 2013

ပဲခူးမြို့ အင်းလေးရူးဖိနပ်စက်ရုံမှ သန့်ရှင်းရေးဝန်ထမ်းများ၏ ရင်ဖွင့်သံ


ပဲခူးမြို့ အင်းလေးရူးဖိနပ်စက်ရုံရှိ သန့်ရှင်းရေးဝန်ထမ်း(နေ့စား) အမျိုးသမီးများ၏ လုပ်ခလစာအား ()ပတ် လျှင် တစ်ကြိမ်ရှင်းပေးရာမှ ()ပတ် တစ်ကြိမ်ပြောင်းလဲရှင်းလင်းပေးခဲ့သဖြင့် အခက်ခဲ့များနှင့်ကြုံတွေ့နေရပါ   သည်။
၂၀၁၂ ခုနှစ် လပိုင်းတွင် အခြေခံလစာ(၁၀၀)ကျပ် တိုးပေးခဲ့သော်လည်း (OT) အချိန်တွင် ထည့်သွင်းတွက်  ချက်ခြင်းမရှိပါ။ နံနက်စောစော(၀၆း၄၀)မှ(၀၇း၁၀)အထိ နာရီဝတ်စော၍ အလုပ်ဝင်ရပါသည်။ နားလှည့်ပြီး ပါး ရိုက်သလိုးမျိုးဖြစ်နေပါသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ()ရက်နေ့တွင် ယခင်က ပြစ်ချက်ဖြစ် စက်ရုံမှထုတ်ပယ်ခြင်းခံခဲ့ရသော သန့်ရှင်း ရေးခေါင်းဆောင် ဒေါ်တင်ဆိုသူမှ မန်နေဂျာဒေါ်စန္ဒာကြည်၏ အကူအညီဖြင့် အလုပ်လာရောက်လျှောက်ထားခဲ့ ပါသည်။ ဒေါ်တင်ဆိုသူမှာ လက်အောက်ငယ်သား စက်ရုံသန့်ရှင်းရေး ၀န်ထမ်းတွေအပေါ် နိုင်းထက်ဆီးနှင်းပြုမူ ဆက်ဆံတက် သူဖြစ်ပါသည်။ . . ၂၀၁၃ ရက်နေ့တွင် အလုပ်ဆင်းမည်ဟုသိရသဖြင့် စက်ရုံသန့်ရှင်းရေး ၀န် ထမ်း(၁၈)ဦး ရှိသည့်အနက် ဦးသာ အလုပ်ဆင်းပြီး ကျန်(၁၅)ဦးမှာ အလုပ်မဆင်းပဲနေခဲ့ကြပါသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍  စက်ရုံမှ တာဝန်ရှိသူ ဦးမြင့်ဦးနှင့် မန်နေဂျာ ဒေါ်စန္ဒာကြည်တို့ အကြီးအကျယ် စကားများကြပြီး ဦးမြင့်ဦးမှ သန့်ရှင်းရေးဝန်ထမ်းများအား လိုက်လံခေါ်ယူစေခဲ့ပါသည်။ လိုက်ပါလာသူ သန့်ရှင်း ရေးဝန်ထမ်း(၁၅)ဦးအား ရုံးတွင်းခေါ်မေးရာ သန့်ရှင်းဝန်ထမ်းများမှ အထက်ပါ အချက်များအား တောင်ဆိုခဲ့ကြ ခဲ့ကြပါသည်။ မန်နေဂျာ ဒေါ်စန္ဒာကြည်မှ စက်ရုံမှူး(ကိုရီးယား) အားတင်ပြရဦးမည်ဟုပြောကာ ချက်ချင်းဆုံး  ဖြတ်ချက်ချမပေးပဲ အလုပ်ဆင်းခိုင်းပါသည်။ ၄င်ကိစ္စအား ဒေါ်စန္ဒာကြည်မှ (ကိုရီးယား)စက်ရုံမှူးအား သန့်ရှင်းရေးဝန်ထမ်းအမျိုးသမိးများနှင့်အတူ အောင်မင်းသိမ်းခေါင်းဆောင်ပြီး ဆန္ဒပြသည်ဟု တင်ပြထား ပါ သည်။
၁၀..၂၀၁၃ ရက်နေ့ (၀၇း၃၀)အချိန်တွင် (ကိုရီးယား)စက်ရုံမှူးမှ သန့်ရှင်းရေးဝန်ထမ်းများနှင့်အတူ ကြီးကြပ်၍ အလုပ်လုပ်နေ သော အောင်မင်းသိမ်းဆိုသူအား အပြစ်မရှိအပြစ်ရှာ၍ ဆဲဆိုပြီး ခနအကြာ(၀၈း၃၀)အချိန်တွင် ဒေါ်စန္ဒာကြည်မှ စက်ရုံဂိတ်အတွင်းအစည်းအဝေးလုပ်၍ လစာကို()ပတ်တစ်ခါ ရှင်းပေးမည်ဟု စက်ရုံမှူးပြော ပါတယ်။ ဒါပေမယ့် ရက်မှန်ကြေး(၆၀၀၀)ကျပ်အား အလုပ်()ရက် ပျက်လျှင် ဖြုတ်ပစ်မည်ဟု ပြောပါသည်။ အောင်မင်းသိမ်းမှ သန့်ရှင်းရေးအလုပ်သမားများကိုယ်စား မလုပ်ရန်တောင်ပန်ပြောကြားရာ ဒေါ်စန္ဒာကြည်မှ မလုပ်နိုင်လျှင်ထွက် အလုပ်သမားအသစ်ထပ်ရှာမည်ဟု ပြောပါသည်။ သန့်ရှင်းရေးဝန်ထမ်းအလုပ်သမား(၁၈) ဦးမှာ ပဲခူးတိုင်းဒသကြီး အလုပ်သမားညွန်ကြားရေး ဦးစီးဌာနရုံးသို့ သွားရောက်တိုင်ကြားခဲ့ပါသည်။ တာဝန်ရှိသူ များမှ စက်ရုံသို့လာရောက် ရှင်းလင်းပေးနေစဉ် အလုပ်သမားရုံးမှ တာဝန်ရှိသူတစ်ဦးမှ သန့်ရှင်းရေးဝန်ထမ်း  တွေကို အခြားစက်ရုံတွေမှာ(ပါမစ်နစ်)ခန့်ထားတာတွေရှိတယ် ဟုပြောကြားရာတွင် စက်ရုံမန်နေဂျာဒေါ်စန္ဒာ ကြည်မှ အဲဒီပေးတဲ့စက်ရုံတွေမှာ သွားလုပ်ရန် တာဝန်ရှိလူကြီးရှေ့တွင်ပင် ပြောဆိုပါသည်။ ထို့နောက် တာဝန် ရှိသူများ၏ ညှိနှိုင်းဖြေရှင်းပေးမှုဖြင့်(၁၁း၀၀)နာရီအချိန်တွင် ပြေလည်သွားခဲ့ပါသည်။ (၁၁..၂၀၁၃) ရက်နေ့တွင်း (ကိုရီယား)စက်ရုံမှူးမှ သန့်ရှင်းရေးအဖွဲ့အား ခေါင်းဆောင်ခဲ့သူ ဦးအောင်မင်းသိမ်းအား (သတိပေး)ဆုံးမထိုးခိုင်းခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ အခြားသူတစ်ဦးအား ၄င်းနေရာတွင်  အစားထိုးခိုင်စေခြင်းများပြုလုပ်ခဲ့ပါတယ်။  သန့်ရှင်ရေးအမျိုးသမီးများအားလည်း စိတ်ဆင်းရဲပြီး အလုပ်မှထွက်ရန်ရည်ရွယ်၍ နေရာပြောင်းရွေ့ခိုင်းစေခြင်း၊ စိတ်ဆင်းရဲအောင်အမျိုးမျိုးလုပ်ခြင်း၊ အငြိုးအတေးထားဆောင်ရွက်ခြင်းများကြောင့် ယခုအခါတွင် သန့်ရှင်းရေးအလုပ်သမားအမျိုးသမီး()ဦး အလုပ်မှနုတ်ထွက်သွားခဲ့ပါသည်။
ဖော်ပြပါအကြောင်းအရာများသည် ပဲခူးမြို့ အင်းလေးရူးဖိနပ်စက်ရုံရှိ (ကိုရီးယား)စက်ရုံမှူးနှင့် စက်ရုံမန်နေဂျာ ဒေါ်စန္ဒာကြည်တို့မှ အလုပ်သမားအပေါ် အနိုင်ကျင့်ပြုမှုဆက်ဆံမှုများသာဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲများသိရှီအောင် အသိပေးဖော်ပြအပ်ပါသည်။

ပဲခူးသား

No comments:

Post a Comment