Friday, November 2, 2012

ယာဉ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးမှုအဖွဲ့ ကွက်ကြားမိုး မဖြစ်သင့်

  
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့အထွက်ဟင်္သာတ-ဇလွန်ကားလမ်းပေါ်တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင်တာဝန်ရှိသူတို့မှ ဆိုင်ကယ်များအား ရှောင်တခင် စစ်ဆေးအရေးယူမှုများ

ဆောင်ရွက်ခဲ့ပြီး ယခင်က ဟင်္သာတမြို့အထွက်များ နှင့် ယာဉ်ထိန်းရုံးရှေ့တို့တွင်သာ  တခါတရံ စစ်ဆေးဆောင်ရွက်မှု ရှိခဲ့၍ ယနေ့တိုင် ဟင်္သာတ
မြို့တွင်းနှင့် မြို့ပြင် ကျေးလက်များတွင် ဆိုင်ကယ် အသုံးပြုနေသူများဦးထုပ်ဆောင်သည့် အလေ့အထ အားနည်းနေသေး ပါကြောင်း ဒေသခံတို့က ဆိုသည်ဆိုင်ကယ်အသုံးပြုသွားလာသူ ဒေသခံတစ်ဦး က “ဆိုင်ကယ်စီးပြီး ဦးထုပ်
မဆောင်းရင် ဖမ်းရမှာပေါ့။ အသက် အတွက်၊ အန္တရာယ်အတွက်ပဲလေ။  အရေးယူတဲ့အပိုင်းကလည်း ကွက်ကြား မဖြစ်သင့်ဘူး။ ဟိုမှာကြ ဖမ်းတယ်။ သူတို့
ဖမ်းခွင့်ရှိတဲ့ ယာဉ်ထိန်းရုံးရှေ့ကြတော့ စီးခွင့်ပြုတယ်။ ဒါမဖြစ်သင့်ဘူး။ တောက သူတွေကိုပဲ ဖမ်းနေတော့ တောက သူပဲ သေတတ်တာ မဟုတ်ဘူး။ဖြစ်ရင်တော့ အတူတူပါပဲ။ ကျောင်းသားဆိုပြီး မမြင်အောင် ရှောင်နေတာ
ပြီးတော့ အဓိက နေရာက တက္ကသိုလ်ဘက်အခြမ်း။ အဲဒီကျတော့ ကင်းလွတ်နယ်မြေလိုဖြစ်နေတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေသ၍ လိုက်နာမှုတွေလည်း နည်းပါးသလိုဥပဒေ ကိုလည်း တစ်မျိုး ထင်သွားလိမ့်မယ် ” ဟု ပြောသည်။
“စစ်တဲ့ အဖွဲ့နဲ့ ယာဉ်ထိန်းတွေက ဆိုင်ကယ်ပဲ စစ်နေကြတယ်။ ကားကို လုံးဝစစ်တာ မမြင်မိဘူး။ ဟင်္သာတ ဆိုတာ အမြန်မှန်လုံယာဉ်တွေက အများကြီး။ဟင်္သာတ-ဇလွန် လမ်းပိုင်းကလည်း ကောင်းတော့ အရှိန်ပြင်းနဲ့ မောင်းတာ။
မြို့ထဲမှာ လည်း မောင်းတာပဲ။ သတိပေးတာတို့ စစ်တာတို့ လုပ်ကြလား မသိဘူး။အဲဒီကားတွေကတော့ အရှိန်မလျှော့ဘူး။ ရွာတွေထဲက ဖြတ်သွားလည်းတအားမောင်းတာပဲ။ မ.ထ.သ ကလည်း စစ်တဲ့ အဖွဲ့ထဲမှာပါတယ်။ သူလည်း ကားမစစ်ဘူး။ ဆိုင်ကယ်ပဲ စစ်တယ်။ ဒဏ်ဆောင်တော့ သူ့အတွက်ပါ ငွေ(၅ဝဝဝ)ထည့်ဆောင်ရတယ်လေ။ တကယ့်ဒဏ်ကြေးက တစ်ထောင်တည်းရယ်။ ဆောင်ရလို့ မဟုတ်ဘူး။အားလုံး နေရာတိုင်းမှာ တပြေးညီပဲ ဖြစ်သင့်တယ်။ မမြင်ကွယ်ရာတာဝန်ပြီးချိန်ဆို ထားပါတော့။ ယာဉ်ထိန်းတွေက ရှိနေပြီး ဖမ်းတဲ့နေရာ ဖမ်း၊မဖမ်းတဲ့ နေရာ မဖမ်းဖြစ်နေတာ ဘာအတွက် စစ်တာလဲ မေးရတော့မယ်”ဟုဒေသခံတစ်ဦးက ဆိုသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် လွန်ခဲ့သော ရက်ပိုင်းကဇလွန်မြို့အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ (၁ဝ)ဦး သေဆုံးခဲ့ပြီး နောက်ပြန်လည် စစ်ဆေးမှုများ စတင်ခဲ့ခြင်း ဖြစ်ပြီး ဆိုင်ကယ်လိုင်စင်များ
စတင်လက်ခံပြုလုပ်ပေးသော အချိန်မှစ၍ အဖွဲ့စုံဖြင့် စစ်ဆေး အရေးယူမှုအားနည်းခဲ့ခြင်းလည်း ဖြစ်ရာ ပြန်လည်ဆောင်ရွက်လာမှုအား နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ မြို့နယ်တရားရုံးတွင် ဒဏ်ငွေပေးဆောင်ရသော ပုံစံအား
ကျင့်သုံးလာကြောင်း ဟင်္သာတ ယာဉ်ထိန်းရုံး တာဝန်ရှိသူထံက သိရသည်။ ဆိုင်ကယ်များအား စစ်ဆေးအရေးယူနေမှု အပေါ် ဒေသခံတို့က ယာဉ်အားလုံးအားတပြေးညီ စစ်ဆေးအရေးယူစေလိုပြီး ကိုယ်ကျိုးရှာသော ဝန်ထမ်းများကြောင့်ဥပဒေအပေါ် အမြင်မှား စေနိုင်သည်ကို သတိချပ်သင့်ပါကြောင်း ဒေသခံတို့၏ဝေဖန်ပြောဆိုသံမှ သိရသည်။


အောင်ကိုခန့်(ဥပဒေ)

No comments:

Post a Comment