Saturday, November 3, 2012

စေတနာလား၊ဝေဒနာတွေ ပေးမှာလား


 
မင်္ဂလာပါခင်ဗျာ။ မောင်လူရွာသား တစ်ဦးပါ။ ရွာမှာမွေး၊ ရွာမှာကြီးပြီး ရွာက ပေးတဲ့ပညာနဲ့ မြို့ကြီးပြကြီးကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ငါသိ၊ ငါတတ်၊ ငါ ဟုတ်လှပြီဆိုပြီး စိတ်ကြီးဝင်နေတဲ့ မောင် လူမြို့ပြရောက်မှ မသိတာတွေအများကြီး  ရှိပါသေးလားလို့သိခဲ့ရပါသည်။ဒါပေမဲ့မြို့ပြက ယောက်ဖ(ရင်းနှီးသောသူငယ်ချင်း)တို့ကအသိမကြွယ်အသိငယ်တဲ့သူ ကို တောသား (ရွာသား) လို့ သမုတ်တာ ကိုတော့ စိတ်ဆိုးတတ်တဲ့သူပါ။ အခု မောင်လူရွာပြန်ရောက်တော့မှ ရိုးလွန်းလို့ အနေတဲ့သူတွေ၊ ဘာကိုမသိတာလည်း မသိလို့ဘာသိရမှန်းမသိတဲ့သူတွေတွေ့နေ ရတော့ မြို့ကြီးသားတို့သမုတ်တဲ့စကား မလွန်ဘူးလို့ဝန်ခံရမလိုဖြစ်နေပါပြီ။ဒီလိုမသိသားဆိုးရွားတဲ့ ကျေးတော  သားတွေအတွက် လိုအပ်နေတာကတော့ အမှန်တကယ်ရာနှုန်းပြည့်အကျိုးလိုလား တဲ့ စေတနာတရားနဲ့စာနာ ထောက်ထား  တတ်တဲ့ပြည့်ဝတဲ့ပုဂ်္ဂိုလ်တွေပါ။(၉.၉.၂၀၁၂) နေ့က မောင်လူတို့ ရွာကို “ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျေးရွာနေလူထုဆင်းရဲနွမ်းပါးမှု လျှော့ချရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်   ရာမြို့နယ် လူကြီးတွေရောက်လာပါတယ်။ မောင်လူလည်း စိတ်ဝင်တစားတက်ရောက်   ခဲ့ပါတယ်။ စည်းဝေးပွဲကို နေ့လည် (၁း၀၀)  နာရီ သတ်မှတ်ထားပေမယ့် ညနေ (၃း၀၀)  နာရီကျော်မှစဖြစ်ပါသည်။ စနစ်အပြောင်း  မှာ ခေတ်ဟောင်းက အညစ်အကြေးတွေ  မကျန်တော့ဘူးမှတ်တာ၊ ရှိနေဆဲပါပဲ။ အဲဒီနေ့က မောင်လူတို့ရဲ့ ကိုယ်ပိုင်အချိန် (၂) နာရီကျော်ဟာ သူတို့ကိုစောင့်ရင်းနဲ့  အကျိုးမဲ့ကုန်ဆုံးခဲ့ရပါတယ်။ (အချိန် (၂)  နာရီဆိုတာ လူတစ်ဦးတစ်ယောက်အတွက်  မပြောပလောက်ပေမယ့် အချိုးချကြည့်ရင်  လူအယောက် ၁၀၀ ရဲ့ နာရီ ၂၀၀ ကို ဖြုန်းတီးမှုပါ။) သူတို့ပြောတဲ့ ဆင်းရဲမှု လျော့ကျမကျတော့ မသိဘူး။ သူတို့ဘယ်   အချိန်လာလေမလဲစောင့်ကြည့်ရင်းနဲ့ စောင့်ဆိုင်းရခြင်း ဆင်းရဲကတော့ လက်ငင်း   ခံစားခဲ့ရပါသည်။ အထက်လူကြီးတွေက   အောက်ကလူတွေကို တန်ဖိုးမထားရင် အောက်လူတွေကလည်း အထက်လူကြီး တွေကို လေးစားမှုရှိမှာမဟုတ်ပါဘူး။ အထက်နဲ့ အောက်သဟဇာတမဖြစ်သရွေ့ တော့မျှော်မှန်းတားကြသလို ဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိပါသေးတယ်။အဲဒီနေ့က စည်းဝေးပွဲပြီးတော့ တောင်းဆိုပါ။ တောင်းဆိုပါဖြည့်ဆည်း နိုင်တာ ဖြည့်ဆည်းပေးမယ်ဆိုလို့မောင်လူ တို့ရွာ ရပ်မိရပ်ဖလူကြီးတွေလည်း တောင်း  ဆိုသင့်တာ တောင်းဆိုခဲ့ကြပါသည်။ အခု  ဆို ဆင်းရဲမှုလျှော့ချရေးအစည်းအဝေးပွဲ ရဲ့ရလဒ်တစ်ခုအနေနဲ့ မောင်လူတို့ရွာ ကျေးလက်ဆေးပေးခန်းမှာ မြွေဆိပ်ဖြေ ဆေးတွေရောက်လာပါတော့မယ်။ ရှေ့ပြေး  အဖြစ်နဲ့ ရေခဲသေတ္တာ၊ လျှပ်စစ်မီးပြတ် တောက်သွားတဲ့အခါ အသင့်အသုံးပြုနိုင် အောင်ဆိုလာပြား၊ ဘက်ထရီအိုး၊ အင်ဗာတာ တွေရောက်နေပါပြီ။လိုအပ်   ချက်မရှိအောင်လှူတာဆိုတော့ ပြည့်စုံပါ တယ်။ ဒါပေမဲ့ ကုန်ကျငွေ ပမာဏရဲ့ တစ်ဝက်ကိုကျေးရွာလူထုကထည့်ဝင်ရ မယ်ဆိုတော့လည်နင်သွားတာပေါ့ဗျာ။ ဒါအပြင် ပစ္စည်းတစ်ခုချင်းစီရဲ့ တန်ဖိုးငွေ ပမာဏာကို တိတိကျကျဖော်ပြမထား တော့ သို့လောသို့လောနဲ့ ဇဝေဇ၀ါဖြစ်ရပါ  တယ်။ မြွေဆိပ်ဖြေဆေးဆိုတာကလည်း  မောင်လူတို့ကျေးရွာမှာ မဖြစ်မနေရှိအပ် တဲ့ လိုအပ်ချက်ဖြစ်နေလေတော့ ကျေးရွာ  အုပ်ချုပ်ရေးလူကြီးတွေလည်း မငြင်းသာ ဘဲ လိုအပ်တဲ့ငွေရဖို့အရေးရွာထဲမှာလှည့် အလှူခံရတယ်။ ရွာထဲမျာ အလှူခံတာ  မလုံလောက်လို့တစ်ခြားရွာတွေကို တစ်ခါ  မှအလှူခံမထွက်ရတော့တယ်။ အမြတ်ရ လိုက်တာကတော့ ဘေးပတ်ဝန်းကျင်က ရွာတွေရဲ့ အားတတ်သရောပါဝင်ကူညီ  မှုတွေကို တွေ့မြင်ခဲ့ရတာပါ။ လိုအပ်တဲ့ ငွေကတော့ ပြည့်သွားခဲ့ပြီပေါ့။ဟော အခုကြားနေရပြန်ပြီ။ ဒုတိယ စီမံကိန်းအနေနဲ့ မောင်လူတို့ကျေးရွာ တွဲဖက်အထက်တန်းကျောင်းအတွက် သိန်း  (၃၀) ငွေပမာဏကုန်ကျမယ့်သောက်ရေ   သန့်စက်ကြီးလှူဦးမယ်ဆိုလား။ ဒီတစ်ခါ  လည်း ကုန်ကျငွေရဲ့ တစ်ဝက်ကို ကျေးရွာ  လူထုကထည့်ဝင်ပါဦးဆိုရင်တော့။ မောင်လူ တို့ တောင်သူတောသားတွေဟာ ပေးလှူ  ရတာကို ပျော်နေတဲ့သူတွေပါ။ ဒါပေမဲ့  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာ ငါတို့ ဆီကပြန်အလှူခံတာပါကွာလို့ ထင်ကုန် ကြရင် မကောင်းဘူးဗျ။အခုဖြစ်လာပြန်ပြီ။ ကျေးရွာနေပြည် သူလူထုကို ဖုန်းတွေ အရစ်ကျစနစ်  နဲ့ ချပေးနေပြန်ပြီ။ ဉာဏ်ကစားတာလား၊တကယ့်အလှတရားလား။ စေတနာတွေ ပေးတာလား၊ ဝေဒနာတွေပေးမှာလားဆို တာကတော့။


မောင်လူ

No comments:

Post a Comment