Wednesday, November 14, 2012

ပဲခူးတိုင်းဒေသကြီး၊ ကျိုက်စကောအနောက်အုပ်စု စလူတောရွာ အခြေအနေ ကို တင်ပြခြင်း

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ
  ""လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင် "" 
သို့
ပဲခူးတိုင်းဒေသကြီး၊ ကျိုက်စကောအနောက်အုပ်စု စလူတောရွာ အခြေအနေ ကို တင်ပြခြင်း

ရွာသားတွေလယ်ထွန်ပြီ
၂၀ - ၁၀ - ၂၀၁၂ ရက်စွဲ့နဲ့ ''လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်" သို့ တင်ပြတိုင်ကြားခဲ့ပါတယ် - လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေး အဖွဲ့ ပဲခူးတိုင်း ဒေသကြီး အဖွဲ့ခေါင်းဆောင် ဦးမင်းဆွေ လက်ထဲ ကို ကျေးရွာသားဦးခင်မောင်က ကိုယ်ထိလက်ရောက်ပေး အပ်ခဲ့ပြီးပါပြီ ။ ပဲခူးတိုင်းဝန်ကြီး ချုပ်ရုံးကို တစ်စောင် ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တစ်စောင် စာတိုက်က နေလည်း ပေးပို့ခဲ့ပြီးပါပြီ ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူကိုယ် တိုင် မိတ္တူတွေပေးပို့ခဲ့ပြီးပါပြီ ။ 
ဒါပေမဲ့ ယနေ့အချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကမှလာရောက်စုံစမ်း စစ်ဆေးခြင်း မပြု လုပ်သေး တဲ့အပြင် လယ်ယာမြေနည်းဥပဒေကလည်းထွက်ပေါ်လာခဲ့ပြီး များမကြာမီမှတ်ပုံတင်ရတော့ မှာဖြစ်ပါ       တယ် ။ ဥပဒေမှာဖော်ပြထားတာကလည်း -
ပုဒ်မ ။ ၁၂ အပိုဒ်ခွဲ (ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲလယ်ယာမြေကိုလှပ် ထားခြင်းမပြုရ ။
ထူးခြားချက်ကတော့ - မူလလက်ငုတ်တောင်သူ မိသားစုများကိုသာ လုပ်ကိုင်ခွင့် မပေး သော်လည်း ရွှေဟင်္သာအရက်ချက်စက်ရုံအနေနဲ့ မည်သည့်သီးနှံမှ စိုက်ပျိုးခြင်းမရှိဘဲ ပလပ်ထားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါးရှိခဲ့ပြီဖြစ်ပါတယ် ။
အသစ်ထွက်ပေါ်လာသော လယ်ယာမြေဥပဒေ ပုဒ်မ ။ ၄/၅/၆/၇/၈ နှင့်အညီ မှတ်ပုံ တင်ရမည့် ကာလလည်းဖြစ်သဖြင့် - ရွှေဟင်္သာအရက်ချက်ရုံ နှင့် စလူတောရွာသားများ ၏ လက်ရှိအငြင်းပွါး ကိစ္စ ဟာ စတင်စီစဉ်ကိုင်တွယ်ဖို့လိုအပ်လာပါပြီ ။

ရွှေဟင်္သာဘက်ကပြောဆိုမှု နဲ့ ပါတီရဲ့သုံးသပ်ချက် 
ရွှေဟင်္သာ အရက်ချက်စက်ရုံ ကိုသွားမေးတော့ ရွှေဟင်္သာအရက်ချက်စက်ရုံက ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ရှိတာကြောင့် ရွာသားတွေက လက်မှတ်ထိုးပြီး လှူခဲ့ တာလို့ပြောပါတယ် ။ အခုလည်း မြေစာရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေမှာ စုံစမ်းနိုင်ပါကြောင်း လယ်သမားတွေမှာသာ ပိုင်ဆိုင်မှု အထောက်အထားရှိရင် အားလုံး ပြန်ပေးပါမယ်လို့ပြောပါတယ် ။ 
ဆက်ပြီးပြောတာက - ဒီကိစ္စကိုရွာသားတွေကအကြိမ်ကြိမ်တိုင်ကြားခဲ့လို့ ငါးကြိမ်အထိလာရောက်စစ် ဆေးခဲ့ပြီး ရွှေဟင်္သာဘက်ကမှန်ကန်နေလို့သာ လယ်သမားတွေပြန်မရခဲ့တာပါလို့ဆိုပါတယ် ။ 
ဒါပေမဲ့လာရောက်စစ်ဆေးတဲ့သူတွေဟာ အဂတိလိုက်စားတဲ့သူတွေဖြစ်ပါတယ်လို့  မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်း ရေးပါတီ ပြတ်ပြတ်သားသုံးသပ်ပါတယ် - အထောက်အထားကတော့ တိုင်ကြားခဲ့တဲ့ လယ်သမားတွေကို တစ်ကြိမ်တစ်ခါမှ ခေါ်ယူမေးမြန်းခဲ့ခြင်းမရှိခဲ့ပါဘူး ။
ရွှေဟင်္သာဘက်ကဆက်ပြောတာက - ကြေးတိုင် နှင့်မြေစာရင်းဌာနမှာ အမည်ပေါက်ပြ လုပ်ကိုင်ခွင့်ရ ထားတယ်လို့ ဆင်ခြေပေးတာပါဘဲ ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ပြတ်ပြတ်သားသား ထောက်ပြတာက ၀န်ထမ်းတွေ အဂတိလိုက်စားပြီး - ဘယ်လိုဘဲ မမှန်မကန်ရေးသွင်းခဲ့ပါစေ ဥပဒေ အရ တိတိကျကျ ဖော်ပြထားပြီးဖြစ်တဲ့ အတွက် ၀န်ထမ်းတွေအဂတိလိုက်စားတာပေါ်လွင်တယ်လို့ ခိုင်ခိုင် မာမာပြောဆိုနေတာဖြစ်ပါတယ် ။ 
ဘယ်အဖွဲ့အစည်းမဆို တည်ဆဲဥပဒေတွေကို လိုက်နာပြီးမှသာ စီမံခန့်ခွဲအုပ်ချုပ်ရမှာဖြစ်ပါတယ် ။ ထိုစဉ်ကာလ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ။ ၁၉၆၃ ခုနှစ် သီးစားချထား ရေးဥပဒေ ၊ ၁၉၆၃ ခု တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ တွေကို ကျော်လွန်ချိုး ဖောက်ခဲ့ကြ  တယ် ။ ၁၉၄၈ ခု နှစ် အဂတိလိုက်စားမှုဥပဒေ အရ "" မှားသောစီမံခန့်ခွဲမှု ၊ မှားသောအုပ်ချုပ်မှု ၊ ပြုသင့်သည့်အရာကိုမပြုမှု ၊ မပြုသင့်သည့်အရာကိုပြုလုပ်မှု - တို့ဟာ အဂတိ လိုက်စားမှုမြောက်တယ်လို့ ၀န်ထမ်းတွေသိထားဖို့လိုတယ် ။ 
(အချို့ဝန်ထမ်းတွေက ငါတို့ လာဘ်ငွေတာကို ဘယ်သူမှမသိနိုင်ဘူး ဘယ်သူမှမမြင်နိုင်ဘူးလို့ ထင်ပြီးစိတ်ချလက်ချလာဘ်စားခဲ့ကြတာတွေဟာ မှားတယ် ။ အဂတိလိုက်စားတယ်ဆိုတာ ငွေယူ တာတမျိုး ထဲမဟုတ်ဘဲ အထက်ဖော်ပြပါ ဥပဒေနဲ့မညီဘဲလွဲမှားစီမံခန့်ခွဲခြင်းလည်းပါတယ်ဆိုတာ ကြပ်ကြပ် မှတ်ကြစေ ချင်ပါတယ် စကားချပ် )
ရွှေဟင်္သာအရက်ချက်စက်ရုံက ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ရှိတာကြောင့် ရွာသားတွေက လက်မှတ်ထိုးပြီး လှူခဲ့ တာလို့ပြောတဲ့ကိစ္စကတော့ အတော် ရယ်စရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ် ။ ကျန်တဲ့ သက်သေ အထောက်အထားတောင်ပြဖို့မလိုပါဘူး မြေ တွေလက်လွတ်ခွက်ကျွတ် လှူတန်းတယ်လို့ ပြောဆိုတာဟာ မရှက်မကြောက် နိုင်လှတဲ့ လူပြက်စကား ဖြစ်တယ်လို့ ပါတီကသုံးသပ်ပါတယ် ။
ရွှေဟင်္သာစက်ရုံဟာ နှစ်ပေါင်းများစွာ မြေယာတွေကိုပလပ်ထားလို့ နိုင်ငံတော်အတွက်ကုန် ထုတ်လုပ်မှုကို ကျဆင်းစေယုံသာမကဘဲ ဒေသတွင်း အလုပ်လက်မဲ့တွေကိုတိုးလာစေပါတယ် ။ 
လယ်ယာမြေယာဥပဒေအသစ် မှာပါတဲ့ - ပုဒ်မ ၁၂ (ဈ) ဟာ အခုလို မြေယာအဟောသိကံ မှုတွေကိုတားဆီးဖို့ ပြဌာန်းတာဖြစ်တယ်ဆိုတာမျိုးကို နိုင်ငံရေးသမားတွေက အလွယ်သိကြပေမဲ့ စီးပွါးရေး သမားတွေ - ၀န်ထမ်းတွေအနေနဲ့ ခံစားမိကြမှာ မဟုတ်သေးပါဘူး ။ ဒါတွေဟာ နိုင်ငံရေးဘောဂဗေဒအမြင် ကကြည့်ရင် နိုင်ငံမွဲစေကြောင်းတစ်ချက်ပါဘဲ ။ 
ပါတီအနေနဲ့ အနှစ်ချုပ်သုံးသပ်ပေးရရင် - လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် အမြန်ဆုံးလာရောက်စစ်ဆေးသင့်ပြီလို့အကြံပြုချင်ပါတယ် ။ 
ယခင်အတိတ်ဇာတ်လမ်း
ဇာတ်လမ်းအစ 
 စလူတောရွာကလေးဟာ - လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် လောက်ကတည်း က တည်ရှိခဲ့တာဖြစ်ပါတယ် ။ ပဲခူးတိုင်းဒေသကြီး - ဒိုက်ဦးမြို့နယ် - ကျိုက်စကော အနောက်ကျေး ရွာအုပ်စု အတွင်းမှာ တည်ရှိပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာ ကတည်းက တောတွေတောင် တွေကို ခုတ် ထွင် ရှင်းလင်းပြီးလယ်တည်လာခဲ့ကြတာဖြစ် ပါတယ် ။ လွတ်လပ်ရေးခေတ်၊ လယ်ယာမြေပြန်လည်ဝေခြမ်းရေးခေတ် နဲ့မြန်မာ့ဆိုရှယ် လစ်ခေတ် တွေမှာလည်း - တရားဝင် မြေနေရာ တွေဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် မြေယာလုပ်ကိုင်ခွင့်တွေကို ဒေသခံရွာသားတွေ သာအပူ အပင်အကြောင့်အကျ မရှိဘဲ လုပ်ကိုင်ခွင့်ရခဲ့ကြပါတယ်။ တရားဝင်ပြေစာ ဖြတ်ပိုင်းတွေနဲ့ သက်သေခံ အထောက် အထား လည်း အပြည့်အ၀ ခိုင်ခိုင်မာမာ ရှိကြပါတယ် ။ 


 တစ်ရွာလုံးဟာ လူဦးရေ ၇၀၀ ခန့်သာနေထိုင်ကြပြီး ၊ ရွာအတွင်း လယ်မြေ စုစုပေါင်း ဧက ၂၅၀ လောက်ပေါ်မှာသာ မှီတင်းနေထိုင်လုပ်ကိုင် စားသောက် လာခဲ့ကြတာ ဖြစ်ပါတယ် ။ ရွာသေးသေးလေးဖြစ်ပြီး ဒိုက်ဦးမြို့ကနေဆိုရင် ၇မိုင်လောက်အကွာအဝေးမှာရှိပြီး အတော် ချောင်ကျပြီး ခေါင်လှတဲ့ဒေသ သေးသေးလို့ ပြောနိုင်ပါတယ် ။ 
အဲဒီဒေသသေးသေးလေး ဆိုတာကို အထူးမှတ်သားထားဖို့လိုပါတယ် ။

စက်ရုံတွေပေါ်
အကြောင်းကတော့ -  ၁၉၉၀ လောက်မှာ အေးသုခဆိုတဲ့ရွာကိုလာရောက်တည် ထောင်ပြီး အချိုမှုန့်စက်ရုံနဲ့ စီမံကိန်းလုပ်ငန်းစတင်တည်ထောင်လာတဲ့အခါ - - ဒိုက်ဦးအချိုမှုန့်စက်ရုံတွေဟာ စလူတောရွာကလေးနဲ့ မလှမ်းမကမ်းမှာတည်ရှိခဲ့ပြီး အချိုမှုန့်စက်ရုံအတွက်ကုန်ကြမ်းဖြစ်တဲ့ ပီလောပီနံကို အေးသုခရွာအနီးမှာ စက်မှု(၁)က အဓိကစိုက်ပျိုး ထုတ်လုပ်ရတာဖြစ်ပါတယ် ။ အေးသုခရွာသား တွေနဲ့လည်းဖက်စပ် စိုက်ပျိုးထုတ်လုပ်ကြပါသေးတယ် ။ 
 ပြောချင်တာကတော့ ဒေသတစ်ခုကို စက်မှုလုပ်ငန်း တွေဝင်လာတာဟာ ဒေသခံတွေအတွက် မျှော်လင့်ချက်ရောင်နီ သမ်းလာခဲ့တယ် ဆိုတာပါဘဲ ။ အလုပ်အကိုင်အခွင့်အလမ်း တွေအတွက် အိပ်မက် မက်နိုင်ခဲ့တယ်ဆိုတာပါဘဲ ။ 

စလူတောမြေသိမ်း
 အချိုမှုန့်စက်ရုံ - ကော်မှုန့်စက်ရုံ ၊ စည်သွပ်စက်ရုံ ၊ ၀က်မွေးမြူရေးစခန်း ၊ မြေသြဇာစက်ရုံ စသဖြင့် အစဉ်လိုက်ပေါ်ပေါက်ခဲ့ပါတော့တယ် ။ များမကြာမီ ၁၉၉၀  မှာတော့ ရွှေဟင်္သာ အရက်ချက်စက်ရုံဆိုတာပေါ်လာပြီး --- ၁၉၉၉ / ၂၀၀၀ မှာတော့ စလူတော ရွာသားတွေရဲ့ လယ်မြေဧက ၉၆.၃ ဧကကို လျော်ကြေး ၊ ဂရုဏာကြေး ၊ ပြောင်းရွှေ့စရိတ် ဆိုတာမျိုးကို လုံးဝပေးခဲ့ခြင်းမရှိဘဲ သိမ်းယူလိုက်ပါတယ် ။ 
 အေးသုခကျေးရွာ ကွပ်ကဲရေးဥက္ကဌ ဗိုလ်ကြီးထွန်းတင် နဲ့ ရွှေဟင်္သာအရက်ချက် စက်ရုံမန်နေဂျာ ဦးဝင်းမောင်တို့က - အေးသုခကျေးရွာ ကွပ်ကဲရေးရုံးကို စလူတော ရွာသား လယ်သမား (၁၀) ဦးကိုခေါ်ပြီး - "" ရွှေဟင်္သာအရက်ချက်စက်ရုံရဲ့ ကုန်ကြမ်း ကြံစိုက်ပျိုးဖို့ မြေလိုတဲ့အတွက် ခင်ဗျားတို့လယ်တွေမှာ ကြံစိုက်ရမယ် ကြံမစိုက်နိုင်ရင် သိမ်းပြီ "" လို့ပြောခဲ့ပါတယ် ။ တောင်သူလယ်သမား မိသားစုတွေက ကြံမစိုက်ပျိုး နိုင်ကြောင်းငြင်းပယ်ကြတဲ့အခါ မှာတော့ နောက်ထပ် နှစ်ရက်အတွင်းမှာဘဲ နောက်ထပ် တစ်ကြိမ် ကွပ်ကဲရေးရုံးကို ခေါ်ယူပြီး လုံးဝသိမ်းဆည်းလိုက်ကြောင်း ပြောဆိုခဲ့ပါတော့ တယ် ။ 
 စစ်အုပ်ချုပ်ရေးရဲ့ အာဏာစက် အလွန်ထက်မြက်နေတဲ့အချိန်ဖြစ်လေတော့ လယ်သမား အနေနဲ့ ဘယ်လိုမှတုံ့ပြန်နိုင်စွမ်းမရှိဘဲ ခေါင်းငိုက်စိုက်ချ ပြင်းပြစွာ ပူလောင်လို့ လေးလံ တဲ့ခြေလှမ်း တို့သယ်ဆောင်ရာကို တရွတ်ဆွဲလိုက်ပါရင်း မိမိတို့ စလူတောရွာကလေးကိုပြန်ခဲ့ကြပါတော့တယ် ။ 

ငို
 မိသားစုတွေခေါင်းချင်းဆိုင်ကြလို့ အနာဂတ်အရေးမျှော်တွေးရင်း စားဝတ်နေရေး အတွက်ကြံဆ တောခုတ်ဖို့ဓါးကို သသူသ နဲ့ တောတောင်ထဲ ထင်းခုတ်ဝါးခုတ်သမား ဘ၀ကို နေ့မကူးဘဲ ရောက်ရှိသွားကြပါတော့တယ် ။
 ဒီအချိန်မှာ အနီးအပါးက စက်ရုံတွေမှာအလုပ်ဝင်နိုင်ကြမယ်လို့ စာဖတ်သူတွေ အနေနဲ့ တွေးတော ခံစားမယ်ဆိုရင် - - -  အချို့ လူ ၁၀ ယောက်လောက်ဟာ အနီးဆုံးအလုပ်ဖြစ်တဲ့ အဆိုပါ ပေါ်ပေါက်ခဲ့ပြီးစက်ရုံတွေမှာအလုပ်ဝင်ကြတော့လည်း တစ်နေ့မှာ ငွေကျပ် ၁၁၀၀ ကျပ် ။ ပီလောပီနံစိုက်ပျိုးရေးမှာ ၁၅၀၀ ကျပ်သာရခဲ့ပါတယ် - ဆန်တစ်ပြီ ကို ငွေကျပ် ၆၀၀ / ၇၀၀ ဈေးပေါက်နေတဲ့ အဲဒီကာလမှာ ဒီငွေတစ်ထောင်နဲ့ မိသားစုစားအိုးကို မထိန်းနိုင်ကြတော့ပါဘူး ။ ဒီလိုနဲ့ ဘဲ မိသားစုတွေမျာ ကလေးကြီးတွေဟာ ကျောင်းထွက်ကြလို့ ကျဖမ်းအလုပ်သမားတွေဖြစ် ကုန်ကြရပါတော့တယ် ။

တိုင်
 အသိမ်းဆည်းခံလယ်မြေတွေမှာ စပါးပြန်လည်စိုက်ပျိုးခွင့်ရဖို့ မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းအဆင့် - အဆင့်ဆင့်ကို အကြိမ်ကြိမ် နှစ်စဉ်တိုင်ကြားလာခဲ့ပေမဲ့ ယနေ့တိုင် အရေးယူစုံစမ်း စစ်ဆေးဖြေရှင်းတာမျိုးလုံးဝမရှိခဲ့ပါဘူး ။ 
 များမကြာမီ - အချိုမှုန့်စက်ရုံ ၊ ကော်မှုန့်စက်ရုံ ၊ စည်သွပ်စက်ရုံတို့ဟာ အစဉ်လိုက်ပိတ်သိမ်းလို့ ယခုအခါမှာတော့ ခြုံနွယ်ပိတ်ပေါင်းတွေဖုံးအုပ်နေခဲ့ပါပြီ ။ 

ရွှေဟင်္သာအရက်ချက်စက်ရုံဟာလည်း ကြံစိုက်ပျိုးခြင်း ကို ၃ နှစ်သာ လုပ်ဆောင်ခဲ့ပြီး ယခုအချိန်ထိ မြေကွက်လပ်ကြီးအဖြစ် ယနေ့တိုင်တည်ရှိခဲ့ပါတယ် - ဒါပေမဲ့ အဲဒီမြေကွက်လပ်ကြီး ပေါ်မှာတောင်သူ တွေကိုတော့ စပါးစိုက်ပျိုးခွင့်မပေးခဲ့ပါဘူး ။ 


ဥပဒေနဲ့မညီ
အဲဒီကာလမှာ တည်ဆဲဥပဒေအရ - ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြု လုပ်ရေးဥပဒေ ပုဒ်မ ။ ၅ - သိမ်းယူခြင်းဆိုတဲ့အပိုဒ်မှာ ပြဆိုထားတာက """ သိမ်းယူပြီး သောလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေးမှတပါး အခြားမည်သည့် ပုဂ္ဂလိကအခွင့်အရေးမျှ ပေါ်ပေါက်သက်ရောက်ခြင်း မရှိစေရ လို့ပါဝင်ပါတယ်။ အဲဒီဥပဒေ ကိုချိုးဖောက်လို့ ပုဂ္ဂလိက ရွှေဟင်္သာ စက်ရုံကိုပေးခဲ့တာ တွေ့ရပါမယ် ။ 
ပုဒ်မ ၅ မှာ ထပ်မံပြဆိုထားတာက ပုဒ်မ ၁၀ တွင်ပြဌာန်းထားသည့်အတိုင်း ဆိုတဲ့ ချွင်းချက်အနေနဲ့ ပေးလို့ရတာတော့ရှိပါတယ် ။ ပုဒ်မ ၁၀ ။ တောင်သူသားစု အကြီးအကဲတွေပါဝင်တဲ့ လုပ်ငန်းစက်ရုံကိုတော့ ပေးအပ်ခွင့်ရှိပါတယ် ။ ဆိုလိုတာက မူလလယ်သမား မိသားစုဝင်တွေ ပါဝင်တဲ့ လုပ်ငန်း စက်ရုံတွေကိုပေးနိုင်ပါတယ် ။  ဒါပေမဲ့ အခုအခါ စက်ရုံ အစုစပ်ပိုင်ရှင်မဆိုထားနဲ့ အလုပ်သမားအဖြစ် တစ်ယောက် တောင်ခန့်ထားခြင်းမရှိခဲ့ပါဘူး ။ 

မြေတွေ အဟောသိကံဖြစ်
အနီးအပါးက မအောင်မြင်တဲ့စက်ရုံခြုံနွယ်တွေ - စိုက်ပျိုးလို့ ရပါလျှက် အခွင့်မရလို့ စိုက်ပျိုးခြင်းမပြုနိုင်တဲ့မြေလွတ်တွေ ရွာကလေးသေးသေးမှာ ဧရိယာတစ်ဝက်လောက် အလဟသ အဟောသိကံ ဖြစ်ခံရတဲ့ အခြေအနေမှာ ရွာသားတွေကို အနုနည်းနဲ့ ညှင်းဆဲသတ်ဖြတ်နေတာ လို့တောင် ခံစားနိုင်ပါတယ် ။ 
ရွာသားတွေအနေနဲ့ ငွေစုပြီး လမ်းစရိတ်လုပ် တိုင်ကြားလို့ရမဲ့နေရာမှန်သမျှ အမဲလိုက် သလို လိုက်ရှာပြီး တိုင်ကြားခဲ့ရတာ အခုဆိုရင် - အကြိမ်ပေါင်း ၂၀ ခန့်ရှိနေပါပြီ ။ ပြည်သူလူထုရဲ့ အခွန်အတုတ်တွေကို လစာအဖြစ်စားသောက်နေရတဲ့ အုပ်ချုပ်ရေး ၀န်ထမ်းတွေဟာ ပြည်သူတွေရဲ့အခက်အခဲကို မသိကျိုးကျွန်ပြုနေမယ်ဆိုရင် ကိုယ့်လယ် ကိုယ် ဓါးထမ်းစောင့်ရတဲ့အဖြစ်မျိုးကို ရောက်လာပါတော့မယ် ။ 
ရွာသားကြီးဦးခင်မောင်ပြောတာက """ သားသမီး ၆ ယောက်ရှိတယ် ကျနော်တို့ အရမ်းဒုက္ခရောက်ခဲ့တယ် ။ ကျနော့်သားသမီးတွေကျောင်းဆက်မထားနိုင်တော့ဘူး အကြီးနှစ်ယောက်က ကြုံရာကျဘမ်းအလုပ် လောက်လုပ်ကြရတော့တာပေါ့ အငယ်ဆုံး က လေးက ၁၁ နှစ်သား သူကတော့  ၇ တန်း နို့ညှာလေးက ၉တန်း သူ့အထက်က ၁၀ တန်းအောင်ပြီ ကျနော် ရင်တွေပူတယ် အလုပ်မရှိဘူး တက္ကသိုလ် ဘယ်လို ဆက်ထားရမလဲ   """
လယ်သမားကြီး ဦးသန်းဝင်း ပြောတာက """ ကျနော့်မှာ သားသမီး ၃ ယောက်ရှိတယ် အတူနေ နှစ်ယောက်ရှိတယ် ၀က်မွေးမြူရေးခြံမှာဝင်လုပ်တယ် လစာက ၃၃၀၀၀ ရတယ် ။ အခုတော့ ၆၀၀၀၀ ရ တယ် လယ်လုပ်ရသလောက် မချောင်လည်ဘူး လယ်ဘဲလုပ်ချင်တယ် အခုဟာက ဆန် ဆို အိပ်လိုက်ထောင်မစားနိုင်ဘူး အရင်ကဆို ၀မ်းစာကအတောင့်ပေါ့ဗျာ """



မထူးရင် ထွန်မယ်
အခု အချိန်မှာတော့ - တောင်သူလယ်သမားတွေဟာ "" လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်""" ကို ဒိုက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေကတဆင့် တိုင်ကြားထားပြီး လာရောက် စစ်ဆေးမှုမပြု လုပ်တဲ့အတွက် မိမိတို့လယ်ယာမြေတွေပေါ်မှာ ပြန်လည်ထွန်ယက်စိုက်ပျိုးကြဖို့ စတင် ပြင် ဆင်ထွန်ယက်နေကြပါပြီ ။(၇-၁၁-၂၀၁၂ရက်နေ့စတင်ထွန်)


အင်တာဗျူးနိုင်သော စလူတောသားများဖုန်း -
ဦးခင်မောင် - 09421127900



တင်ပြသူ - နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ။
ဖုန်း - 098610719 









သို့
 ဥက္ကဌ
 လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခရမှုစုံစမ်းရေးကော်မရှင် 
ရက်စွဲ ။ 20 . 10. 2012 

အကြောင်းအရာ။    လယ်ယာမြေများ သိမ်းဆည်းခံ၇ျွှုကို စုံစမ်းပေးရေးကိစ္စ

(၁)  အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စလူတောကျေးရွာရှိ လယ်ယာ မြေဧက 96.3 ဧကကို ရွှေဟင်္သာ အရက်ချက်စက်ရုံမှ သိမ်းယူထားပြီး မည်သည့် လုပ်ငန်း မှလုပ်ကိုင်ခြင်းမရှိဘဲ ပလပ်ထားသည့် အဆိုပါမြေများတွင် ပြန်လည်စိုက်ပျိုး လုပ်ကိုင်နိုင်ပါရန်အတွက် လိုအပ်သလို စုံစမ်းပေးပါရန် တင်ပြအပ် ပါသည် ။ 

(၂)  ဇာတ်လမ်းဖြစ်စဉ်ကို  ပူးတွဲပေးပို့အပ်ပါသည် ။ 

တင်ပြတိုင်ကြားသူ
လက်မှတ် ---------------------------------------------------
အမည်-------------------------------------------------------
မှတ်ပုံတင် ---------------------------------------------------


တော်ဝင် သစ်အချောထည် နှင့် ပရိဘောဂ စက်ရုံ အလုပ်သမား ၏ တောင်းဆိုချက် ၅ ချက်မှ ၄ ချက်ကို ခုံသမာဓိဆုံးဖြတ်ချက်ဖြင့် အလုပ်ရှင်မှသဘောတူ ၁၈ ရက်မြောက် နေ့မှာ အောင်မြင်စွာ ရပ်လိုက်ပြီ - အလုပ်သမား တွေက သူတို့ကို ကူညီခဲ့တဲ့ လှိုင်သာယာ ပဒံ က လယ်သမားတွေကို သွားရောက် ကူညီမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အခုဘဲ  ၀ါဝါ၀င်း ကုမ္မဏီရုံးချုပ်ရှေ့ကို ချီတက်နေကြပါပြီ ။ 
သတင်း နောင်တော်လေးပေးပို့သည် 

ဇုန် (၂) လယ်သမားတွေရောက်လာတယ် - အမျိုးသမီး (၂) ယောက် ငိုနေတယ် - အမေစု ကယ်ပါ ။ အဘ ဦးသိန်းစိန်ကယ်ပါ ဆိုပြီး ငိုနေတယ် ။


ရွာသားတွေလယ်ထွန်ပြီ
၂၀ - ၁၀ - ၂၀၁၂ ရက်စွဲ့နဲ့ ''လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်" သို့ တင်ပြတိုင်ကြားခဲ့ပါတယ် - လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေး အဖွဲ့ ပဲခူးတိုင်း ဒေသကြီး အဖွဲ့ခေါင်းဆောင် ဦးမင်းဆွေ လက်ထဲ ကို ကျေးရွာသားဦးခင်မောင်က ကိုယ်ထိလက်ရောက်ပေး အပ်ခဲ့ပြီးပါပြီ ။ ပဲခူးတိုင်းဝန်ကြီး ချုပ်ရုံးကို တစ်စောင် ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တစ်စောင် စာတိုက်က နေလည်း ပေးပို့ခဲ့ပြီးပါပြီ ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူကိုယ် တိုင် မိတ္တူတွေပေးပို့ခဲ့ပြီးပါပြီ ။


ဒါပေမဲ့ ယနေ့အချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကမှလာရောက်စုံစမ်း စစ်ဆေးခြင်း မပြု လုပ်သေး တဲ့အပြင် လယ်ယာမြေနည်းဥပဒေကလည်းထွက်ပေါ်လာခဲ့ပြီး များမကြာမီမှတ်ပုံတင်ရတော့ မှာဖြစ်ပါ တယ် ။ ဥပဒေမှာဖော်ပြထားတာကလည်း -
ပုဒ်မ ။ ၁၂ အပိုဒ်ခွဲ (ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲလယ်ယာမြေကိုလှပ် ထားခြင်းမပြုရ ။
ထူးခြားချက်ကတော့ - မူလလက်ငုတ်တောင်သူ မိသားစုများကိုသာ လုပ်ကိုင်ခွင့် မပေး သော်လည်း ရွှေဟင်္သာအရက်ချက်စက်ရုံအနေနဲ့ မည်သည့်သီးနှံမှ စိုက်ပျိုးခြင်းမရှိဘဲ ပလပ်ထားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါးရှိခဲ့ပြီဖြစ်ပါတယ် ။
အသစ်ထွက်ပေါ်လာသော လယ်ယာမြေဥပဒေ ပုဒ်မ ။ ၄/၅/၆/၇/၈ နှင့်အညီ မှတ်ပုံ တင်ရမည့် ကာလလည်းဖြစ်သဖြင့် - ရွှေဟင်္သာအရက်ချက်ရုံ နှင့် စလူတောရွာသားများ ၏ လက်ရှိအငြင်းပွါး ကိစ္စ ဟာ စတင်စီစဉ်ကိုင်တွယ်ဖို့လိုအပ်လာပါပြီ ။

ရွှေဟင်္သာဘက်ကပြောဆိုမှု နဲ့ ပါတီရဲ့သုံးသပ်ချက်
ရွှေဟင်္သာ အရက်ချက်စက်ရုံ ကိုသွားမေးတော့ ရွှေဟင်္သာအရက်ချက်စက်ရုံက ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ရှိတာကြောင့် ရွာသားတွေက လက်မှတ်ထိုးပြီး လှူခဲ့ တာလို့ပြောပါတယ် ။ အခုလည်း မြေစာရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေမှာ စုံစမ်းနိုင်ပါကြောင်း လယ်သမားတွေမှာသာ ပိုင်ဆိုင်မှု အထောက်အထားရှိရင် အားလုံး ပြန်ပေးပါမယ်လို့ပြောပါတယ် ။
ဆက်ပြီးပြောတာက - ဒီကိစ္စကိုရွာသားတွေကအကြိမ်ကြိမ်တိုင်ကြားခဲ့လို့ ငါးကြိမ်အထိလာရောက်စစ် ဆေးခဲ့ပြီး ရွှေဟင်္သာဘက်ကမှန်ကန်နေလို့သာ လယ်သမားတွေပြန်မရခဲ့တာပါလို့ဆိုပါတယ် ။
ဒါပေမဲ့လာရောက်စစ်ဆေးတဲ့သူတွေဟာ အဂတိလိုက်စားတဲ့သူတွေဖြစ်ပါတယ်လို့ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်း ရေးပါတီ ပြတ်ပြတ်သားသုံးသပ်ပါတယ် - အထောက်အထားကတော့ တိုင်ကြားခဲ့တဲ့ လယ်သမားတွေကို တစ်ကြိမ်တစ်ခါမှ ခေါ်ယူမေးမြန်းခဲ့ခြင်းမရှိခဲ့ပါဘူး ။
ရွှေဟင်္သာဘက်ကဆက်ပြောတာက - ကြေးတိုင် နှင့်မြေစာရင်းဌာနမှာ အမည်ပေါက်ပြ လုပ်ကိုင်ခွင့်ရ ထားတယ်လို့ ဆင်ခြေပေးတာပါဘဲ ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ပြတ်ပြတ်သားသား ထောက်ပြတာက ၀န်ထမ်းတွေ အဂတိလိုက်စားပြီး - ဘယ်လိုဘဲ မမှန်မကန်ရေးသွင်းခဲ့ပါစေ ဥပဒေ အရ တိတိကျကျ ဖော်ပြထားပြီးဖြစ်တဲ့ အတွက် ၀န်ထမ်းတွေအဂတိလိုက်စားတာပေါ်လွင်တယ်လို့ ခိုင်ခိုင် မာမာပြောဆိုနေတာဖြစ်ပါတယ် ။
ဘယ်အဖွဲ့အစည်းမဆို တည်ဆဲဥပဒေတွေကို လိုက်နာပြီးမှသာ စီမံခန့်ခွဲအုပ်ချုပ်ရမှာဖြစ်ပါတယ် ။ ထိုစဉ်ကာလ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ။ ၁၉၆၃ ခုနှစ် သီးစားချထား ရေးဥပဒေ ၊ ၁၉၆၃ ခု တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ တွေကို ကျော်လွန်ချိုး ဖောက်ခဲ့ကြ တယ် ။ ၁၉၄၈ ခု နှစ် အဂတိလိုက်စားမှုဥပဒေ အရ "" မှားသောစီမံခန့်ခွဲမှု ၊ မှားသောအုပ်ချုပ်မှု ၊ ပြုသင့်သည့်အရာကိုမပြုမှု ၊ မပြုသင့်သည့်အရာကိုပြုလုပ်မှု - တို့ဟာ အဂတိ လိုက်စားမှုမြောက်တယ်လို့ ၀န်ထမ်းတွေသိထားဖို့လိုတယ် ။
(အချို့ဝန်ထမ်းတွေက ငါတို့ လာဘ်ငွေတာကို ဘယ်သူမှမသိနိုင်ဘူး ဘယ်သူမှမမြင်နိုင်ဘူးလို့ ထင်ပြီးစိတ်ချလက်ချလာဘ်စားခဲ့ကြတာတွေဟာ မှားတယ် ။ အဂတိလိုက်စားတယ်ဆိုတာ ငွေယူ တာတမျိုး ထဲမဟုတ်ဘဲ အထက်ဖော်ပြပါ ဥပဒေနဲ့မညီဘဲလွဲမှားစီမံခန့်ခွဲခြင်းလည်းပါတယ်ဆိုတာ ကြပ်ကြပ် မှတ်ကြစေ ချင်ပါတယ် စကားချပ် )
ရွှေဟင်္သာအရက်ချက်စက်ရုံက ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ရှိတာကြောင့် ရွာသားတွေက လက်မှတ်ထိုးပြီး လှူခဲ့ တာလို့ပြောတဲ့ကိစ္စကတော့ အတော် ရယ်စရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ် ။ ကျန်တဲ့ သက်သေ အထောက်အထားတောင်ပြဖို့မလိုပါဘူး မြေ တွေလက်လွတ်ခွက်ကျွတ် လှူတန်းတယ်လို့ ပြောဆိုတာဟာ မရှက်မကြောက် နိုင်လှတဲ့ လူပြက်စကား ဖြစ်တယ်လို့ ပါတီကသုံးသပ်ပါတယ် ။
ရွှေဟင်္သာစက်ရုံဟာ နှစ်ပေါင်းများစွာ မြေယာတွေကိုပလပ်ထားလို့ နိုင်ငံတော်အတွက်ကုန် ထုတ်လုပ်မှုကို ကျဆင်းစေယုံသာမကဘဲ ဒေသတွင်း အလုပ်လက်မဲ့တွေကိုတိုးလာစေပါတယ်
လယ်ယာမြေယာဥပဒေအသစ် မှာပါတဲ့ - ပုဒ်မ ၁၂ (ဈ) ဟာ အခုလို မြေယာအဟောသိကံ မှုတွေကိုတားဆီးဖို့ ပြဌာန်းတာဖြစ်တယ်ဆိုတာမျိုးကို နိုင်ငံရေးသမားတွေက အလွယ်သိကြပေမဲ့ စီးပွါးရေး သမားတွေ - ၀န်ထမ်းတွေအနေနဲ့ ခံစားမိကြမှာ မဟုတ်သေးပါဘူး ။ ဒါတွေဟာ နိုင်ငံရေးဘောဂဗေဒအမြင် ကကြည့်ရင် နိုင်ငံမွဲစေကြောင်းတစ်ချက်ပါဘဲ
ပါတီအနေနဲ့ အနှစ်ချုပ်သုံးသပ်ပေးရရင် - လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် အမြန်ဆုံးလာရောက်စစ်ဆေးသင့်ပြီလို့အကြံပြုချင်ပါတယ် ။
ယခင်အတိတ်ဇာတ်လမ်း
ဇာတ်လမ်းအစ
စလူတောရွာကလေးဟာ - လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် လောက်ကတည်း က တည်ရှိခဲ့တာဖြစ်ပါတယ် ။ ပဲခူးတိုင်းဒေသကြီး - ဒိုက်ဦးမြို့နယ် - ကျိုက်စကော အနောက်ကျေး ရွာအုပ်စု အတွင်းမှာ တည်ရှိပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာ ကတည်းက တောတွေတောင် တွေကို ခုတ် ထွင် ရှင်းလင်းပြီးလယ်တည်လာခဲ့ကြတာဖြစ် ပါတယ် ။ လွတ်လပ်ရေးခေတ်၊ လယ်ယာမြေပြန်လည်ဝေခြမ်းရေးခေတ် နဲ့မြန်မာ့ဆိုရှယ် လစ်ခေတ် တွေမှာလည်း - တရားဝင် မြေနေရာ တွေဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် မြေယာလုပ်ကိုင်ခွင့်တွေကို ဒေသခံရွာသားတွေ သာအပူ အပင်အကြောင့်အကျ မရှိဘဲ လုပ်ကိုင်ခွင့်ရခဲ့ကြပါတယ်။ တရားဝင်ပြေစာ ဖြတ်ပိုင်းတွေနဲ့ သက်သေခံ အထောက် အထား လည်း အပြည့်အ၀ ခိုင်ခိုင်မာမာ ရှိကြပါတယ် ။

တစ်ရွာလုံးဟာ လူဦးရေ ၇၀၀ ခန့်သာနေထိုင်ကြပြီး ၊ ရွာအတွင်း လယ်မြေ စုစုပေါင်း ဧက ၂၅၀ လောက်ပေါ်မှာသာ မှီတင်းနေထိုင်လုပ်ကိုင် စားသောက် လာခဲ့ကြတာ ဖြစ်ပါတယ် ။ ရွာသေးသေးလေးဖြစ်ပြီး ဒိုက်ဦးမြို့ကနေဆိုရင် ၇မိုင်လောက်အကွာအဝေးမှာရှိပြီး အတော် ချောင်ကျပြီး ခေါင်လှတဲ့ဒေသ သေးသေးလို့ ပြောနိုင်ပါတယ် ။
အဲဒီဒေသသေးသေးလေး ဆိုတာကို အထူးမှတ်သားထားဖို့လိုပါတယ် ။

စက်ရုံတွေပေါ်
အကြောင်းကတော့ - ၁၉၉၀ လောက်မှာ အေးသုခဆိုတဲ့ရွာကိုလာရောက်တည် ထောင်ပြီး အချိုမှုန့်စက်ရုံနဲ့ စီမံကိန်းလုပ်ငန်းစတင်တည်ထောင်လာတဲ့အခါ - - ဒိုက်ဦးအချိုမှုန့်စက်ရုံတွေဟာ စလူတောရွာကလေးနဲ့ မလှမ်းမကမ်းမှာတည်ရှိခဲ့ပြီး အချိုမှုန့်စက်ရုံအတွက်ကုန်ကြမ်းဖြစ်တဲ့ ပီလောပီနံကို အေးသုခရွာအနီးမှာ စက်မှု(၁)က အဓိကစိုက်ပျိုး ထုတ်လုပ်ရတာဖြစ်ပါတယ် ။ အေးသုခရွာသား တွေနဲ့လည်းဖက်စပ် စိုက်ပျိုးထုတ်လုပ်ကြပါသေးတယ် ။
ပြောချင်တာကတော့ ဒေသတစ်ခုကို စက်မှုလုပ်ငန်း တွေဝင်လာတာဟာ ဒေသခံတွေအတွက် မျှော်လင့်ချက်ရောင်နီ သမ်းလာခဲ့တယ် ဆိုတာပါဘဲ ။ အလုပ်အကိုင်အခွင့်အလမ်း တွေအတွက် အိပ်မက် မက်နိုင်ခဲ့တယ်ဆိုတာပါဘဲ ။

စလူတောမြေသိမ်း
အချိုမှုန့်စက်ရုံ - ကော်မှုန့်စက်ရုံ ၊ စည်သွပ်စက်ရုံ ၊ ၀က်မွေးမြူရေးစခန်း ၊ မြေသြဇာစက်ရုံ စသဖြင့် အစဉ်လိုက်ပေါ်ပေါက်ခဲ့ပါတော့တယ် ။ များမကြာမီ ၁၉၉၀ မှာတော့ ရွှေဟင်္သာ အရက်ချက်စက်ရုံဆိုတာပေါ်လာပြီး --- ၁၉၉၉ / ၂၀၀၀ မှာတော့ စလူတော ရွာသားတွေရဲ့ လယ်မြေဧက ၉၆.၃ ဧကကို လျော်ကြေး ၊ ဂရုဏာကြေး ၊ ပြောင်းရွှေ့စရိတ် ဆိုတာမျိုးကို လုံးဝပေးခဲ့ခြင်းမရှိဘဲ သိမ်းယူလိုက်ပါတယ် ။
အေးသုခကျေးရွာ ကွပ်ကဲရေးဥက္ကဌ ဗိုလ်ကြီးထွန်းတင် နဲ့ ရွှေဟင်္သာအရက်ချက် စက်ရုံမန်နေဂျာ ဦးဝင်းမောင်တို့က - အေးသုခကျေးရွာ ကွပ်ကဲရေးရုံးကို စလူတော ရွာသား လယ်သမား (၁၀) ဦးကိုခေါ်ပြီး - "" ရွှေဟင်္သာအရက်ချက်စက်ရုံရဲ့ ကုန်ကြမ်း ကြံစိုက်ပျိုးဖို့ မြေလိုတဲ့အတွက် ခင်ဗျားတို့လယ်တွေမှာ ကြံစိုက်ရမယ် ကြံမစိုက်နိုင်ရင် သိမ်းပြီ "" လို့ပြောခဲ့ပါတယ် ။ တောင်သူလယ်သမား မိသားစုတွေက ကြံမစိုက်ပျိုး နိုင်ကြောင်းငြင်းပယ်ကြတဲ့အခါ မှာတော့ နောက်ထပ် နှစ်ရက်အတွင်းမှာဘဲ နောက်ထပ် တစ်ကြိမ် ကွပ်ကဲရေးရုံးကို ခေါ်ယူပြီး လုံးဝသိမ်းဆည်းလိုက်ကြောင်း ပြောဆိုခဲ့ပါတော့ တယ် ။
စစ်အုပ်ချုပ်ရေးရဲ့ အာဏာစက် အလွန်ထက်မြက်နေတဲ့အချိန်ဖြစ်လေတော့ လယ်သမား အနေနဲ့ ဘယ်လိုမှတုံ့ပြန်နိုင်စွမ်းမရှိဘဲ ခေါင်းငိုက်စိုက်ချ ပြင်းပြစွာ ပူလောင်လို့ လေးလံ တဲ့ခြေလှမ်း တို့သယ်ဆောင်ရာကို တရွတ်ဆွဲလိုက်ပါရင်း မိမိတို့ စလူတောရွာကလေးကိုပြန်ခဲ့ကြပါတော့တယ် ။

ငို
မိသားစုတွေခေါင်းချင်းဆိုင်ကြလို့ အနာဂတ်အရေးမျှော်တွေးရင်း စားဝတ်နေရေး အတွက်ကြံဆ တောခုတ်ဖို့ဓါးကို သသူသ နဲ့ တောတောင်ထဲ ထင်းခုတ်ဝါးခုတ်သမား ဘ၀ကို နေ့မကူးဘဲ ရောက်ရှိသွားကြပါတော့တယ် ။
ဒီအချိန်မှာ အနီးအပါးက စက်ရုံတွေမှာအလုပ်ဝင်နိုင်ကြမယ်လို့ စာဖတ်သူတွေ အနေနဲ့ တွေးတော ခံစားမယ်ဆိုရင် - - - အချို့ လူ ၁၀ ယောက်လောက်ဟာ အနီးဆုံးအလုပ်ဖြစ်တဲ့ အဆိုပါ ပေါ်ပေါက်ခဲ့ပြီးစက်ရုံတွေမှာအလုပ်ဝင်ကြတော့လည်း တစ်နေ့မှာ ငွေကျပ် ၁၁၀၀ ကျပ် ။ ပီလောပီနံစိုက်ပျိုးရေးမှာ ၁၅၀၀ ကျပ်သာရခဲ့ပါတယ် - ဆန်တစ်ပြီ ကို ငွေကျပ် ၆၀၀ / ၇၀၀ ဈေးပေါက်နေတဲ့ အဲဒီကာလမှာ ဒီငွေတစ်ထောင်နဲ့ မိသားစုစားအိုးကို မထိန်းနိုင်ကြတော့ပါဘူး ။ ဒီလိုနဲ့ ဘဲ မိသားစုတွေမျာ ကလေးကြီးတွေဟာ ကျောင်းထွက်ကြလို့ ကျဖမ်းအလုပ်သမားတွေဖြစ် ကုန်ကြရပါတော့တယ် ။

တိုင်
အသိမ်းဆည်းခံလယ်မြေတွေမှာ စပါးပြန်လည်စိုက်ပျိုးခွင့်ရဖို့ မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းအဆင့် - အဆင့်ဆင့်ကို အကြိမ်ကြိမ် နှစ်စဉ်တိုင်ကြားလာခဲ့ပေမဲ့ ယနေ့တိုင် အရေးယူစုံစမ်း စစ်ဆေးဖြေရှင်းတာမျိုးလုံးဝမရှိခဲ့ပါဘူး ။
များမကြာမီ - အချိုမှုန့်စက်ရုံ ၊ ကော်မှုန့်စက်ရုံ ၊ စည်သွပ်စက်ရုံတို့ဟာ အစဉ်လိုက်ပိတ်သိမ်းလို့ ယခုအခါမှာတော့ ခြုံနွယ်ပိတ်ပေါင်းတွေဖုံးအုပ်နေခဲ့ပါပြီ ။

ရွှေဟင်္သာအရက်ချက်စက်ရုံဟာလည်း ကြံစိုက်ပျိုးခြင်း ကို ၃ နှစ်သာ လုပ်ဆောင်ခဲ့ပြီး ယခုအချိန်ထိ မြေကွက်လပ်ကြီးအဖြစ် ယနေ့တိုင်တည်ရှိခဲ့ပါတယ် - ဒါပေမဲ့ အဲဒီမြေကွက်လပ်ကြီး ပေါ်မှာတောင်သူ တွေကိုတော့ စပါးစိုက်ပျိုးခွင့်မပေးခဲ့ပါဘူး ။

ဥပဒေနဲ့မညီ
အဲဒီကာလမှာ တည်ဆဲဥပဒေအရ - ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြု လုပ်ရေးဥပဒေ ပုဒ်မ ။ ၅ - သိမ်းယူခြင်းဆိုတဲ့အပိုဒ်မှာ ပြဆိုထားတာက """ သိမ်းယူပြီး သောလယ်ယာမြေပေါ်တွင် နိုင်ငံတော်၏ အခွင့်အရေးမှတပါး အခြားမည်သည့် ပုဂ္ဂလိကအခွင့်အရေးမျှ ပေါ်ပေါက်သက်ရောက်ခြင်း မရှိစေရ လို့ပါဝင်ပါတယ်။ အဲဒီဥပဒေ ကိုချိုးဖောက်လို့ ပုဂ္ဂလိက ရွှေဟင်္သာ စက်ရုံကိုပေးခဲ့တာ တွေ့ရပါမယ် ။
ပုဒ်မ ၅ မှာ ထပ်မံပြဆိုထားတာက ပုဒ်မ ၁၀ တွင်ပြဌာန်းထားသည့်အတိုင်း ဆိုတဲ့ ချွင်းချက်အနေနဲ့ ပေးလို့ရတာတော့ရှိပါတယ် ။ ပုဒ်မ ၁၀ ။ တောင်သူသားစု အကြီးအကဲတွေပါဝင်တဲ့ လုပ်ငန်းစက်ရုံကိုတော့ ပေးအပ်ခွင့်ရှိပါတယ် ။ ဆိုလိုတာက မူလလယ်သမား မိသားစုဝင်တွေ ပါဝင်တဲ့ လုပ်ငန်း စက်ရုံတွေကိုပေးနိုင်ပါတယ် ။ ဒါပေမဲ့ အခုအခါ စက်ရုံ အစုစပ်ပိုင်ရှင်မဆိုထားနဲ့ အလုပ်သမားအဖြစ် တစ်ယောက် တောင်ခန့်ထားခြင်းမရှိခဲ့ပါဘူး ။

မြေတွေ အဟောသိကံဖြစ်
အနီးအပါးက မအောင်မြင်တဲ့စက်ရုံခြုံနွယ်တွေ - စိုက်ပျိုးလို့ ရပါလျှက် အခွင့်မရလို့ စိုက်ပျိုးခြင်းမပြုနိုင်တဲ့မြေလွတ်တွေ ရွာကလေးသေးသေးမှာ ဧရိယာတစ်ဝက်လောက် အလဟသ အဟောသိကံ ဖြစ်ခံရတဲ့ အခြေအနေမှာ ရွာသားတွေကို အနုနည်းနဲ့ ညှင်းဆဲသတ်ဖြတ်နေတာ လို့တောင် ခံစားနိုင်ပါတယ် ။
ရွာသားတွေအနေနဲ့ ငွေစုပြီး လမ်းစရိတ်လုပ် တိုင်ကြားလို့ရမဲ့နေရာမှန်သမျှ အမဲလိုက် သလို လိုက်ရှာပြီး တိုင်ကြားခဲ့ရတာ အခုဆိုရင် - အကြိမ်ပေါင်း ၂၀ ခန့်ရှိနေပါပြီ ။ ပြည်သူလူထုရဲ့ အခွန်အတုတ်တွေကို လစာအဖြစ်စားသောက်နေရတဲ့ အုပ်ချုပ်ရေး ၀န်ထမ်းတွေဟာ ပြည်သူတွေရဲ့အခက်အခဲကို မသိကျိုးကျွန်ပြုနေမယ်ဆိုရင် ကိုယ့်လယ် ကိုယ် ဓါးထမ်းစောင့်ရတဲ့အဖြစ်မျိုးကို ရောက်လာပါတော့မယ် ။
ရွာသားကြီးဦးခင်မောင်ပြောတာက """ သားသမီး ၆ ယောက်ရှိတယ် ကျနော်တို့ အရမ်းဒုက္ခရောက်ခဲ့တယ် ။ ကျနော့်သားသမီးတွေကျောင်းဆက်မထားနိုင်တော့ဘူး အကြီးနှစ်ယောက်က ကြုံရာကျဘမ်းအလုပ် လောက်လုပ်ကြရတော့တာပေါ့ အငယ်ဆုံး က လေးက ၁၁ နှစ်သား သူကတော့ ၇ တန်း နို့ညှာလေးက ၉တန်း သူ့အထက်က ၁၀ တန်းအောင်ပြီ ကျနော် ရင်တွေပူတယ် အလုပ်မရှိဘူး တက္ကသိုလ် ဘယ်လို ဆက်ထားရမလဲ """
လယ်သမားကြီး ဦးသန်းဝင်း ပြောတာက """ ကျနော့်မှာ သားသမီး ၃ ယောက်ရှိတယ် အတူနေ နှစ်ယောက်ရှိတယ် ၀က်မွေးမြူရေးခြံမှာဝင်လုပ်တယ် လစာက ၃၃၀၀၀ ရတယ် ။ အခုတော့ ၆၀၀၀၀ ရ တယ် လယ်လုပ်ရသလောက် မချောင်လည်ဘူး လယ်ဘဲလုပ်ချင်တယ် အခုဟာက ဆန် ဆို အိပ်လိုက်ထောင်မစားနိုင်ဘူး အရင်ကဆို ၀မ်းစာကအတောင့်ပေါ့ဗျာ """


မထူးရင် ထွန်မယ်
အခု အချိန်မှာတော့ - တောင်သူလယ်သမားတွေဟာ "" လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်""" ကို ဒိုက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေကတဆင့် တိုင်ကြားထားပြီး လာရောက် စစ်ဆေးမှုမပြု လုပ်တဲ့အတွက် မိမိတို့လယ်ယာမြေတွေပေါ်မှာ ပြန်လည်ထွန်ယက်စိုက်ပျိုးကြဖို့ စတင် ပြင် ဆင်ထွန်ယက်နေကြပါပြီ ။(၇-၁၁-၂၀၁၂ရက်နေ့စတင်ထွန်)

အင်တာဗျူးနိုင်သော စလူတောသားများဖုန်း -
ဦးခင်မောင် - 09421127900


တင်ပြသူ - နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ။
ဖုန်း - 098610719

No comments:

Post a Comment