နိုင်ငံရေးသမားတွေ မြှောက်ပေးလို့လုံးဝမဟုတ်
အချို့သော ပုဂ္ဂိုလ်ကြီးပုဂ္ဂိုလ်လေးမျာ
ုးမိုင်လောက်
ကို မနက် နာရီပြန် နှစ်ချက် သုံးနာရီခန့်ကတည်းက ထလမ်းလျှောက်ပြီး
ဈေးကိုသွား ဈေးရောင်းကြရတဲ့ ရိုးသား - အေးဆေး - အပင်ပန်းခံနိုင်ကြတဲ့
တောသူစစ်စစ်ရေမရောကြသူတွေပါ - ( မှတ်ချက် ကျနော်တို့ရောက်စဉ်ပင် - ဈေးထရောင်းတာသိခဲ့ရ - ကျနော်တို့မနိုးခဲ့သဖြင့်သာ
ဓါတ်ပုံမရခဲ့ပါ ။ ) ထူးခြားသည်မှာ မြန်မာပြည်၏ နိုင်ငံရေးသမားများကို
လုံးလုံး မသိခဲ့ ပါ ။ လုံးလုံးစိတ်မ၀င်စားခဲ့ပါ ။ နဂိုကတည်းက
ခံတောင်းခေါင်းရွက် ဈေးရောင်းစားသူ တွေဖြစ်လို့
စီးပွါးရေးနဲ့ပစ္စည်းဥစ္စာကို မမက်မောလှပါဘူး
သူတို့တွေရဲ့ မြေယာတွေ စီးပွါးတွေ ပျက်စီးဆုံးရှုံးတာ ထက် ဘုရားစေတီတွေ
၊ ကျောင်းကန်ဇရပ်တွေကို စော်ကားခံရတယ်လို့ ထင်မြင်ယူဆချက် - လူဝါးဝပြီး ဖိနှိပ်အနိုင်ကျင့်တယ်လို့ ခံစားရချက်တွေဟာ ဂမ္ဘီရဆန်ဆန် နတ်ဝင်ပူးသလို ခံစားရပြီး ရဲအင်အား တစ်ရာကျော် နဲ့ဘုန်းကြီးကျောင်းကိုလာဖျ က်တဲ့အချိန်မှာ
တက်မတက်ချက်မတတ် ဖြစ် မိန်းမအ ယောက် (၂၀) ဟာ ၀ါးရင်းတုတ် တွေကို ဆွဲပြီး
အသက်စွန့်ခုခံကာကွယ်တာကနေ စခဲ့တာပါဘဲ ။ ( အဲဒီအချိန်မှာ
ယောက်ျားတွေလုံးဝမရှိခဲ့ပါဘူး ) . - - - - - - - - - - - ( ကျနော်ဟာနောက်ဆုံးမှသိခဲ့ရသူပါ
- ကျနော့်ကို မဆိုထားနဲ့ ) ဒီအချိန်မှာ ကျနော်တို့ စောက်နိုင်ငံရေးသမားတွေ
တစ်ယောက်မျ မရှိခဲ့ပါဘူး ။ မြှောက်ပေးဖို့နေနေသာသာ တောကြိုအုံကြားမှာ
ဒီလိုဖြစ်နေတာကိုမသိခဲ့ကြဘဲ မြို့လယ်ခေါင်မှာ လက်သီး လက်မောင်း တမ်းရင်း ဖေ့စ်ဘုတ်မှာ လူတွင်ကျယ်လုပ်နေခဲ့ကြတာပါ ။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံတော်သမ္မတကြီး ဦးသိန်စိန် အစိုးရနဲ့ လွှတ်တော် ဥက္ကဌ တွေဟာလည်း ပြည်ပအားကိုးပုစိန်ရိုးလို့ ပြောချင်အောင်ကို နိုင်ငံခြားတိုင်းပြည်တွေကိုလှည့်လည် နိုင်ငံခြားသားဖြူနီဝါပြာရောင်စုံတွေကို
အစား ကောင်း အသောက် ကောင်းတွေနဲ့လက်ခံနေကြပြီး သူတို့ရဲ့
စွမ်းဆောင်မှုတွေကို ကြေနပ်နေချိန်ပါဘဲ ။ ( မှတ်ချက် - အသက် ၃၄ နှစ်အရွက်
အပျိုကြီး မအေးနက် တို့ ညီအမတွေ ၀ါးရင်းတုတ်တွေဆွဲပြီး ရဲတပ်ရင်းကြီးကို
ခုခဲခဲ့ပုံတွေအသေးစိတ် ချယ်မှုန်း ပါဦးမယ် )
နိုင်ငံရေးသမားတွေဘယ်လိုရော က်လာသလဲ
ရွာသားတွေအခုလိုအကြီးဖြစ်နေ တဲ့အချိန်မှာ အားကိုးရှာကြပါတယ် - အဲဒီအချိန်မှာ ဆရာဝန်တစ်ဦးက မျိုးရန်နောင်သိမ်းရဲ့ဖုန်း နံပါတ်ကိုပေးခဲ့ပါတယ် မျိုးရန်နောင်သိမ်းကို ဆက်သွယ်တဲ့အခါ ကိုယ်ထိလက်ရောက်မကူညီနိုင်ခဲ့ပါဘူး ။ မျိုးရန်နောင်သိမ်း က မန္တလေးက ဦးမြင့်လွင်ဆိုသူရဲ့ဖုန်းနံပါတ်ကို
ထပ်ပေးပါတယ် ။ မအေးနက် ၊ မသွဲ့သွဲ့ဝင်း အထက်တန်းရှေ့နေ
ကိုကျော်စိုးလင်းတို့ဟာ မန္တလေးဗေဒါသင်တန်း ကျောင်း က
ဦးကိုကြီးနဲ့ချိတ်ဆက်ပြီး ကိုရာဇာတို့ မတင်မာဆွေတို့နဲ့ ချိတ်ဆက်
ပြန်ပါတယ် - ဒါဟာ တောသူတွေ ရဲ့ နိုင်ငံရေးသမားရှာပုံ တော်အစဘဲဖြစ်ပါတယ် -
အဲဒီအချိန်အထိ ဘယ်နိုင်ငံရေးသမားကမှမြှောက်
မပေးခဲ့ရသေးပါဘူး ။ ရွာသူတွေက စတင်ရှာဖွေနေတာပါ ။ ရှာဖွေရတဲ့အချိန်က
လပေါင်းအတော်ကြာပါတယ် ။၂၀၁၀ ခု နှစ်ကတည်းဖြစ်ပျက်နေတဲ့ ပြဿနာတွေအတွက်
ရွာသူတွေက ခုခံတိုက်ပွဲဝင်နေရင်း ကာလအတန် နိုင်ငံရေးသမားကို
မီးခွက်ထွန်းပြီးလိုက်ရှာတဲ့ အခါ
၂၀၁၂ ခု နှစ်ရောက်ကာမှ ၈၈ မင်းကိုနိုင်အုပ်စုက ( မျတ်ချက် ၈၈
တွေအမည်ကွဲများလွန်းလို့ ) ကိုမျိုးသန့်နဲ့ စတင်ချိတ်ဆက်မိပါတော့တယ် -
၂၀၁၂ ခု နှစ်မှာ မေလဆန်းမှာ ၀က်မှေးရွာကို ကိုမျိုးသန့်စတင်ရောက်ရှိလာ ခဲ့ပါတယ်
- "ရောက် - ပြန် " ဆိုသလိုပါ ဘဲ ။ မကြာပါဘူး ကိုမျိုးသန့် ဒုတိယအကြိမ်
ထပ်ရောက်လာပါတယ် ။ ၃/၄ ရက်နေပြီး ပြန်ပါတယ် ။ မအေးနက် - မသွဲ့သွဲ့ဝင်း
နှင့် ဆည်တည်းဘုန်းကြီးတို့ဟာ ကိုမျိုးသန့်နဲ့အတူ ရန်ကုန်လိုက်လာပြီး
ဂျာနယ်နဲ့ချိတ်ဆက်လို့
'''' အညာသူတွေမြေယာပျောက်လို့ရန် ကုန်ရောက်လာ "" ဆိုတဲ့ သတင်းတစ်ပုဒ်သာ စတုတ္ထမဏ္ဍိုင်က ဖော်ပြနိုင်ခဲ့ပါတယ် ။
များမကြာမီ ကိုမျိုးသန့်က ကိုဟန်ဝင်းအောင် ကို ဆည်တည်းရွာကိစ္စကို လာရောက် ဦးဆောင်ဖို့ ဖိတ်ခေါ်ပါတယ် ။ ကိုဝေဠု နဲ့ ကိုအောင်စိုး ကို ကိုဟန်ဝင်းအောင် က ထပ်ခေါ်ပါတယ် - ရန်ကုန်ကွန်ယက်ကလူငယ်တွေ -ဘထူး - သော်ဇင် စသဖြင့် ရောက်လာကြပါတယ် - ၀က်မှေးဘက်ကိုတော့ NLD ပါတီဘက်က ကိုဇော်ဖုန်းမြင့်တို့ အဖွဲ့တွေ - ဒီလိုနဲ့ အဆိုတော် ဒီဥက္ကာ - ကိုဝင်းကျော့မှူး စသူတို့ဟာ ၀က်မှေးရွာမှာ အခြေချလို့ ကမ်ပိန်းတွေဆက်တိုက်လုပ်တော့ တယ် ။ ကျနော်တို့ရဲ့ ပိဒီပီ အနေနဲ့တော့ စတုတ္ထမဏ္ဍိုင်ရဲ့ကွက်လပ်ကိုသာ ၀င်ဖြည့် နေရတဲ့သဘောပါ - နိုင်ငံရေး လှုပ်ရှား ဟောပြောမှုတွေမလုပ်နိုင်ပါဘူး ။
ကျနော်တို့ကတော့ ၀မ်ပေါင်ကုမ္မဏီက စာရေးတဲ့ဂျာနယ်ကို တရားစွဲမယ် ခြိမ်းခြောက်လို့ မခံမရပ်နိုင်ဖြစ်ပြီး စာဝင်ရေးတဲ့အလုပ်ကို တာဝန်ယူလိုက်တာပါ ။
အခု ၀က်မှေးရွာမှာ - ဧရာဝတီ ကမ်းပိန်းချခဲ့သူ တွေဖြစ်ကြတဲ့ အဆိုတော် ဒီဥက္ကာ နဲ့ ကိုဝင်းကျော့မှူး ဆည်တည်း ရွာမှာ - ဘထူးနဲ့ သော်ဇင် တို့ အခြေချပြီး ကမ်ပိန်းတွေဖော် ဆောင် ပါတော့မယ် -
မိုင်းခွဲလို့ယုံကလေးတွေသေ - ပေါက်စလေးတွေမိဘမဲ့ပြေးလာလို့မိကြ
ရွာတွေရွှေ့ဖို့ဇာတ်လမ်းစကတည်းက - အမှန်တရားဘက်ကရပ်တည်ရဲသော
ရာအိမ်မှူး ကိုအောင်ဇော်ဦး
ပထမအကြိမ် -
၂၀၁၀ ခုနှစ် ၆ လပိုင်း ၁၆ ရက်နေ့ကတည်းက အပိုင်ဆရာတော်ဘုရားတွေနဲ့ ရွာ ၄ ရွာ ပြောင်းရွှေ့ဖို့ စကားစခဲ့ပါတယ် - ဒုတိယအကြိမ် - ကတော့ အတိအလင်းပါဘဲ
ဒုတိယအကြိမ်-
၂၀၁၀ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့ ( မှတ်ချက် ရွေးကောက်ပွဲပြီးသည့်ကာလတစ် လခန့်အကြာ) –
မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း - ဆားလင်းကြီးမြို့နယ်အုပ်ချု ပ်ရေးမှူး
ဦးဇော်မင်းဟန်တို့ ဟာ ၀က်မှေးရွာ ( အ-မ-က )ကျောင်းကို ရောက်လာကြတယ် ။
ကုမ္မဏီဘက်က - နိုင်ငံခြားသား တရုပ်လူမျိုးအမည်မသိ တစ်ဦး -
ဦးပိုင်ကုမ္မဏီမှ ဦးကျော်လှမိုး ဆိုသူတို့ အတူလိုက်ပါလာတယ် -
ရွာသူရွာသားတွေဘက်က ၁၀၀ ကျော် ၂၀၀ နီးပါး တက်ရောက်တယ် ရွာ (၄) ရွာက ရာအိမ်မှူးတွေပါတယ် ။ ၀က်မှေးကျေးရွာရာအိမ်မှူးကေ တာ့
ကိုအောင်ဇော်ဦးပါ ။ ရွာ (၄) ရွာကတော့ - ၀က်မှေး - ကန်တော ( ရွာခြေအုပ်စု)
- ဆည်တည်း - ဇီးတော (ဖောင်းကတာအုပ်စု) ဆိုတဲ့ရွာတွေပါဘဲ ။
ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေး တွေဘက်ကစပြောတယ် - ရွာ(၄) ရွာရွှေ့ရမယ် - မုံရွာပုသိမ်လမ်းမကြီးဘေး ခြောက်တင်းကျ ဘုန်းတော်ကြီးကျောင်းအနီးမှာ အိမ်ယာ တွေပြောင်းရွှေ့တည်ပေးမယ် လို့ပြောလာတာပါ ။
အခြားအုပ်ချုပ်ရေးမှူးတွေက ထုံးစံအတိုင်းဘာမှပြန်မပြော ပေမဲ့ - ၀က်မှေးကျေးရွာက ကိုအောင်ဇော်ဦးကတော့ - မြေကျင်းတောင်တူးလို့မရအောင်မာကျောနေတဲ့ နေရာမှာ မနေနိုင်ပါဘူး ။ ဒီမှာဆို မန်ကျည်းရွက်ခူးစားတောင်အဆင်ပြေတယ်
။ မုံရွာမြို့ ဈေးရောင်း သွားရင်လည်းအဆင်ပြေတယ် ။ ခင်ဗျားတို့အလုပ်ပေးရင်
(၁၀)တန်းတောင် မှကျနော်တို့ က မအောင်တာ ကျမတို့က ၃ တန်းတောင်မအောင်တာ
သန့်ရှင်းအလုပ် တော့လုပ်မစားဘူး - ဟူသော စကားလုံးများ နဲ့ တွေ့ဆုံပွဲဟာ
ဆူဆူပူပူ လှုပ်လှုပ် ခတ်ခတ် စတင်လာပါတော့တယ် ။ ညှိနှိုင်းမှုက မပြီးပြတ်ပါဘူး -
- - တစ်ယောက်တစ်ပေါက် ဆူဆူညံညံနဲ့ စခန်းသိမ်းသွားခဲ့လို့ - - -
တတိယအကြိမ် -
ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ပြီးခေါ်ပါတယ် - ၂၀၁၀ ခု နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ပါ ။ မိုင်းမြို့ဦးကျောင်း (ဘုန်းကြီးကျောင်း) သံဃာ့နာယက ဆရာတော် ဦးတာဂရ ကျောင်းပါ ။
ရာအိမ်မှူးနဲ့ ရပ်မိရပ်ဖ ၅ ဦး - ၀က်မှေးရွာသားတွေ စုစုပေါင်း လူ ၂၀ လောက် သွားရောက်တွေ့ဆုံကြပါတယ် ။
ဆရာတော် ဦးအာဝုဓ - ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း - ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန် - ဦးပိုင်ကုမ္မဏီဘက်က ဦးအောင်ကျော်ကျော် - ဦးကျော်လှမိုး - ပါ ပါတယ် -
ဦးခင်မောင်ဆန်းကပြောပါတယ် -သဘောတူတူ/ မတူ တူ ပြောင်းကိုပြောင်းပေးရမယ် အလုပ်အကိုင်ပေးမယ် အိမ်ဆောက်ပေးမယ် - ဆေးရုံဆေးခန်းဆောက်ပေးမယ် ။ နေရာတော့ အတိအကျမပြောနိုင်သေးဘူး ။
ရာအိမ်မှူး ဦးအောင်ဇော်ဦးက - စိုက်ပျိုးမြေတွေဆုံးရှုံးရမှာ
မို့ လုံးဝမပြောင်း ပေးနိုင်ပါဘူးလို့ဆိုပါတယ် - ဆရာတော်ဦးအာဝုဓကတော့
ကိုအောင်ဇော်ဦးကို- မင်းဒီလိုတော့ ဘယ်ရမှာတုံးကွပြန်ပြင်ပြောဦးလို့ ဆိုပါတယ် - ကိုအောင်ဇော်ဦးက ""နောက်ထပ်လည်း ဒါဘဲ ဘုရား"""လို့ပြန်ပြောပါတယ် ။
ဒါနဲ့ဘဲ ကိုအောင်ဖော်ဦးက နှုတ်ဆက်ပြီးပြန်ဆင်းလာတယ် - အပေါ်ကအသံတစ်သံ ထွက်လာတယ် -
ညောင်ပင်ကြီးစခန်းက ရဲသန်းနိုင်ကို အဲဒီကောင်ကိုမပြန်ခိုင်းနဲ့ ခေါ်ထား ဆိုလို့ ရဲသန်းနိုင်ကတားထားလို့ စောင့်နေပေးရတယ် ။
အစည်းအဝေးအပြီးမှာ - ဦးခင်မောင်ဆန်းက - """မင်းက ငါတို့ရဲ့အဖွဲ့အစည်းဖြစ်ပြီး ဘာလို့ကန့်လန့်လုပ်တာလည်း """လို့ပြောတယ်ဗျ -
ဝက်မှေးရွာကိုပြန်အရောက်မှာ
ကိုအောင်ဇော်ဥိးက ရွာသားတွေကို စုခေါ်ပြီး အစည်း အဝေးလုပ်တယ် ။
ပြောင်းချင်တယ် မပြောင်းချင်ဘူး ဆိုတာကို သေချာ သဘော ဆန္ဒတောင်းတယ်
တိတိကျကျပြောတဲ့အခါ လက်မှတ်ရေးထိုးပေးကြလို့ နောက်ပိုင်း မှာလည်း
ပြတ်ပြတ်သားသားဆက်ကန့်ကွက်သွားခဲ့တာဖြစ်တယ် -
(မှတ်ချက် - ကျနော်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမှာ ကိုအောင်ဇော်ဦးလို လူထုသ ဘောကို အကောင်အထည်ဖော်ရဲကြဖို့လိုပါပြီ )
ဤစာပိုဒ်ဖြင့် ရာအိမ်မှူး ကိုအောင်ဇော်ဦးအား ဂုဏ်ပြုပါတယ် ။
သြဇာမခံရင်ဖြုတ်တဲ့စနစ်
၂၀၁၀ ဒီဇင်ဘာ ၃ ရက် - ဆားလင်းကြီး
ဝက်မှေး၊ဆည်တည်း၊ကံတော ၊ ဇီးတော ဆိုတဲ့ ရွာလေးရွာကို စာထုတ်ပြီး ဆားလင်းကြီး ကိုခေါ်တယ် - ရွာ ၄ ရွာ ပေါင်းအတွက် သိန်း ၅၀ ပေးတယ် - ၀က်မှေးက လုံးဝမယူဘူး ။ ဒီတော့အခြားရွာတွေကလည်းမယြူ ကတော့ဘူး - ၂၀၁၀ ဒီဇင်ဘာနောက်ပိုင်းမှာတစ်ကြိမ်ထပ်ခေါ်တယ် - ၀က်မှေး ရာအိမ်မှူး ကိုအောင်ဇော်ဦး က ကျနော်တစ်ဦးတည်းမပြီးကြောင်း ရွာသူရွာသားတွေ သဘော ဆန္ဒကို မေးမြန်းပြီး မှသာ လုပ်နိုင်ကြောင်းပြောတော့ -
၁၈-၁၂-၂၀၁၀ မှာ ဖြုတ်စာရောက်လာတယ် -
( ဒါကတော့ အုပ်ချုပ်ရေးပိုင်းရဲ့ လုပ်ထုံးလုပ်နည်းပါဘဲ )
ဝက်မှေးရွာသားဦးသိန်းဝင်းဆိုသူက
ဒီလိုစဉ်းစားတယ် - ငါ့သမိးကအခု ၁၀ တန်း ဒီလိုတွေ ဆန့်ကျင်နေရင်
ငါ့သမီးလေး တက္ကသိုလ်တက်လို့ရပါ့မလား - ဒါနဲ့ဘဲ ဆားလင်းကြီးမြို့နယ်ကိုတက်ြ ပီးဆက်သွယ်တယ်
- ကျနော်ရာအိမ်မှူးလုပ်မယ် ရွာကိုရွှေ့မယ် - ဒါနဲ့ဘဲ ရွာလေးရွာ အတွက် သိန်း
၅၀ ကို စုပြီးလက်ခံလိုက်ကြတယ် - ရွှေ့ဖို့ပြောင်း ဖို့ပေါ့ - မရွှေ့ချင်တဲ့
၁၀ အိမ်ခေါင်းတွေကို ဖြုတ်ပြိး ရွှေ့ချင်တဲ့သူတွေနဲ့ လူစားထိုးတယ် ။
ပြောင်းသူတွေ သံသယ
၂၀၁၁ ခုနှစ် ၄ လပိုင်းမှာ ရွာထိပ်ကနေ ဦးသိန်းဝင်းဦးစီးပြီး မိုက်နဲ့အော်တယ် -
""" သီးနှံလျော်ကြေး သုံးနှစ်စာ ယူလှည့်ကြပါ ။ ယူပြီးတဲ့သူလည်းရှိပါတယ် ။ မယူရသေးတဲ့သူတွေလာယူကြပါ ။ ဖြတ်သွားဖြတ်လာဘဲလုပ်မှာဖြစ်တယ် ။ """ အဲဒီမှာတင် တတိတိ နဲ့ ယူလိုက်ကြတာ အခု ၂၀၁၂ ထဲမှာတော့ တစ်ရွာလုံး ယူပြီးသူတွေချည်းဖြစ်ကုန်ပြီ ။ ပြောင်းတဲ့သူတွေလည်းပြောင်း ကုန်ကြတယ် - ယာတွေလယ်မြေတွေ မရှိတဲ့ လက်လုပ်လက်စားတွေကစပြောင်းတာပေါ့ မိသားစုတွေ တတိတိပြောင်းတာ အခုဆို ၆၂ အိမ်တော့ရှိပြီ ကျန်တဲ့ ၁၅၀ ကျော်ကတော့ ကိုယ်လယ်တွေခြံတွေပြစ်ပြိးမ ပြောင်းနိုင်လို့ ဒီမှာဘဲ စုပြီး ခံနေကြတယ် -
ဝက်မှေးရွာသစ်မှာတော့ အဆောက်အဦးတွေဆောက်လုပ်ပြီး ပြီ ။ ပေ ၈၀ ပတ်လည် ကွက်နဲ့ ပျဉ်ထောင်သွပ်မိုးပေါ့ ရေ နဲ့ လျှပ်စစ်မီးလည်းရတယ် ။
(မှတ်ချက် - ကျနော် နေမျိုးဝေ ကိုယ်တိုင်ရောက်ရှိတဲ့အခါ အိမ်ဂရန်ကို ယာယီလို့ ရေးထားတဲ့အတွက် ရွာသားတွေစိတ်မချမ်းမသာမယုံ မရဲဖြစ်နေကြပါသေးတယ်
- ဗိဒီယိုဖိုင်ရှိပါတယ် - အိမ်ဂရန်လာပေးတာ ယာယီဂရန်ဖြစ်နေတဲ့အတွက် ရွာသား
တွေက လက်မခံဘဲပြန်ပေးလိုက်ပါတယ် - အလုပ်သမားတန်းလျား သဘောမျိုးထားပြီး
မောင်းထုတ်ခံရနိုင်တယ်လို့လ ည်းသံသယပွါးနေကြပါသေးတယ် )
ဝက်မှေးဘုန်းကြီးကျောင်းကို အလုံးအရင်းနဲ့ဖျက်ပြိ
၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတော့ ၀က်မှေးရွာဘုန်းကြီးကျောင်း ကို ဖျက်ပြီးပြောင်းဖို့ စတင်ပါတော့တယ် - မုံရွာခရိုင်အုပ်ချုပ်ရေးမှူး
ဦးခင်မောင်ဆန်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး
ရဲမင်းကြီးဦးတင်အောင်တို့ ဟာ ရွာကို ရောက်လာပြိး - ဘုန်းကြီးကျောင်းကို
ဖျက်ပြီး ရွာသစ်ကို ရွှေ့ဖို့လုပ်ကြတယ် ။
သက်တော်စောင့် တပ်ရင်းအဖြစ် ဒုတ်တွေ ဒိုင်းတွေ ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ရဲအင်အားက ကားသုံးစီးအပြည့် ၁၀၀ ကျော်တယ် ။
ကျောင်းစောင့်ဘုန်းကြီးကိုလ ည်း
သိန်း (၅၀) ကျပ် ၊ ဆိုယ်ကယ်တစ်စီး ၊ ဖုန်းတစ်လုံး ပေးလှူထားတယ် - - - - - -
( ရွာသားတွေက ကျောင်းထိုင်လို့မခေါ်ပါ ) ဘုန်းကြီးကလည်းသိန်း(၅၀)ပို က်၊ဆိုင်ကယ်ခွ၊ဖုန်းကိုသင်း ပိုင်မှာချိတ်လို့ကျောင်ြးေ ပာင်း ဖို့သဘောတူတယ် ။
ဒီအချိန်မှာ ရွာထဲမှာ ယောက်ျားသားတွေမရှိကြဘူး ၊ ယောက်ျားတွေက ယာခင်းတွေမှာ စိုက်ကြပျိုးကြ ခူးကြဆွတ်ကြနဲ့မို့ ရွာထဲမှာမရှိကြဘူး ။ မိန်းမတွေ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေသာရှိနေကြတယ် ။
ခံတောင်းခေါင်းရွက်ပြီး တောထွက်ကုန်ကလေးတွေရောင်းစားတဲ့
မအေးနက် တို့ သွဲ့သွဲ့ဝင်းတို့ ဖြူဖြူဝင်းတို့ ညီအမတစ်သိုက်သာ
လည်လည်ဝယ်ဝယ်ရှိတယ် - သူတို့ကလည်း ပညာအရည်အချင်းကတော့ မူလတန်းအထိပါဘဲ အသက်
ကလေးတွေ က အကြီးဆုံး မအေးနက် မှ ၃၄ ဘဲရှိတယ် ကျန် ၂၀ ကျော် အရွယ်
အပျိုကြီးဖားဖား တောဈေးသယ်တွေပေါ့ ။ လည်လည်ဝယ်ဝယ်ရှိတယ်ဆိုတာက ဈေးကို
နေ့တိုင်းသွားရောင်းကြလို့ လူရည်လည်ပြီး လူမကြောက်တတ် စကားပြော တတ်တဲ့
သဘောပါဘဲ ဒီထက်မပိုပါဘူး ။ ဘာနိုင်ငံရေးမှစိတ်မ၀င်စာြး ကဘဲ ခပ်ကင်းကင်း နေသူတွေပါ ။ ( ဒါကို အလေးအနက် သတိထားကြစေချင်တယ် )
အဲဒီလိုရဲတွေအင်နဲ့အားနဲ့ လာတာမျိုးကို မြင်တောင်မမြင်ဘူးကြတဲ့ တောသူ တွေဟာ မကြောက်ဘူးဆိုတာမဖြစ်နိုင်ပါဘူး ။
ဘုန်းကြီးကျောင်းကိုဖျက်မယ် လို့
- စတင်ဝင်လာတာနဲ့ မိန်းမတစ်သိုက်ဟာ ပွက်လော ရိုက်ပြီး ဘုန်းကြီးကျောင်းကို
စုလာတော့တယ် ။ ရွာသူတွေက ပြောတယ် ဘုန်းကြီး ဘုရား
အရှင်ဘုရားရွှေ့ချင်ရွှေ့ပါမတားဘူး ဒိကျောင်းကိုဖျက်ခွင့်မပေးဘူး လို့ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ကြောင့် လုပ်ငန်းအပျက်အဆိးမခံနိုင်ဘူး
- - ဒိကောင်မကို ဆွဲချုပ်ထားစမ်း - လို့ သူ့လူတွေကို လှည့်ပြောတယ် ။
ဟိုဘက်ရွာက ရာအိမ်မျူး ဥိးအောင်မြင့်က မအေးနက်ကို ဖြောင့်ဖျပြောဆိုတယ် ။
မအေးနက်က တာဝန်ယူမှာလားလို့ မေးတဲ့အခါ - - ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက တာဝန်မယူတော့ ညည်းကဘာလုပ်မှာတုံးလို့ ပြန်ပြောတယ် - -
မအေးနက်တစ်ယောက်ဟာ နတ်ပူးသလို ဖြစ် - အသားတွေတဆတ်ဆတ်တုန်ပြီး - ၀ါးရင်းတုတ်ကိုဆွဲကိုင်ပြိး ဖျက်ရင် ရိုက်မယ် ရဲရင်ဖျက်ကြလို့ အကျိင်္တွေလည်း ဆွဲဖြဲလို့ အလွန်အမင်းထိခိုက်ခံစားနေတော့တယ် ။
ရွာထဲက မိန်းမတွေလည်း တုတ်တွေစွဲလာပြိး သတ္တိရှိတဲ့သူ ဖျက်လို့ပြောဆိုပြိး သူတို့ရဲ့ တစ်ခုတည်းသော စုပေါင်းဆောက်လှူထားတဲ့ ဘုန်းကြီးကျောင်း ကလေးကို ကာကွယ်ကြပါတယ် -
မအေးနက်ဟာ ကျောင်းစောင့်ဘုန်းကြီးက ကျောင်းမှာမနေဘဲလိုက်သွားလို့ စောင်းမြောင်းပြိးသီချင်းတွေဆိုတယ်
ကွေးနေအောင်ကတယ် - အားလုံးက မအေးနက်ကို ၀ိုင်းဆွဲ ကြရတယ် - ရဲအင်အား ၁၀၀
ကျော် ရှိပေမဲ့ တောသူတွေကို ကိုယ်ထိလက်ရောက် ဘာမှမပြုလုပ်တဲ့အတွက်
အပြောင်းအလဲတစ်ခုကို တိုးတက်လာ ကြောင်းတော့ အသိ အမှတ်ပြုရပါမယ် ။
ဒီဘုန်းကြိး မနေလည်း နောက်ဘုန်းကြီးကိုပင့်ကြမယ် လို့
- မအေးနက်ကို ဆွဲသွားပြီး - ဖျောင့်ဖြကြတယ် - မအေးနက်ကို ဆွဲသွားတုံး
ကျောင်းကိုဝင်ဖျက်ကြလို့ ရွာသူတွေ အားလုံးကို မအေးနက်တို့
မသွဲ့သွဲ့ဝင်းတို့က ဦးဆောင်အော်ဟစ်ခေါ်ငင်ပြိး ၀ါးရင်းတုတ်ကိုယ်စီနဲ့
အပြေးအလွှား ဘုန်းကြီးကျောင်းကို ပြန်လာပြိးကာကွယ်ကြ တယ် ။
နောက်ဆုံးတဲ့ပြင်းထန်တဲ့ပဋိ ပက္ခကိုရှောင်ဖို့ ဘုန်းကြီးရဲ့ ပစ္စည်းတွေသာ သယ်ပြီး အုပ်ချုပ်ရေးအဖွဲ့တွေပြန်လည်ထွက်ခွါသွားတော့တယ် -
အဲဒိအချိန်အထိ ဘယ်နိုင်ငံရေးသမားတွေနဲ့မှမ သိခဲ့ကြသေးပါဘူး - - -
ဘုန်းကြီးကျောင်းဖျက်မရတော့ ချိပ်ပိတ်သွားကြ
အဲသလိုနဲ့ ဘုန်းကြီးကျောင်းကို ဖျက်လို့မရတဲ့အခါ ဘုန်းကြီးကို ကားပေါ်ပင့်သွာံး ကြတယ် ။ အချိန်ကတော့ ညနေ ၃ နာရီ ၄ နာရီလောက်ရှိနေပြီဖြစ်ပါတယ်
။ ခရိုင်မှူး ဦးခင်မောင်ဆန်း ၊ မြို့နယ်မှူး ဦးဇော်မင်းဟန်တို့ နှင့်အတူ
ထန်းတောမြင်သာကျောင်း ၊ မိုင်းမြို့သီးကျောင်း ဆရာတော်တို့ဟာ
ဝက်မှေးကျေး၇ွာ ဘုန်းတော်ကြီးကျောင်းထဲက ပစ္စည်းတွေ ထုတ်ယူသယ်ဆောင်ကြပြီး
ရဲတပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးက ဘုန်းကြီး ကျောင်း ကို
သော့ခတ်ပိတ်သိမ်းလိုက်ပါတော့ တယ် ။ ကျောင်းထိုင်ဘုန်းကြီး အသစ်ရှာ တွေ့ရင် ဘုန်းကြီးကျောင်းကို ပြန်ဖွင့်နိုင်ပါတယ်လို့ ကတိပေးသွားကြပါတယ် ။
အဲဒီနေ့ကတော့ ၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပြီး အခုထိ ကျောင်းထိုင် တစ်ပါးမှမရှိဘဲ ပိတ်လျှက်ဖြစ်ပါတယ် ။
ဦးနေမျိုးဝေ
၊ ကျောင်းကန်ဇရပ်တွေကို စော်ကားခံရတယ်လို့ ထင်မြင်ယူဆချက် - လူဝါးဝပြီး ဖိနှိပ်အနိုင်ကျင့်တယ်လို့ ခံစားရချက်တွေဟာ ဂမ္ဘီရဆန်ဆန် နတ်ဝင်ပူးသလို ခံစားရပြီး ရဲအင်အား တစ်ရာကျော် နဲ့ဘုန်းကြီးကျောင်းကိုလာဖျ
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံတော်သမ္မတကြီး ဦးသိန်စိန် အစိုးရနဲ့ လွှတ်တော် ဥက္ကဌ တွေဟာလည်း ပြည်ပအားကိုးပုစိန်ရိုးလို့
နိုင်ငံရေးသမားတွေဘယ်လိုရော
ရွာသားတွေအခုလိုအကြီးဖြစ်နေ
'''' အညာသူတွေမြေယာပျောက်လို့ရန်
များမကြာမီ ကိုမျိုးသန့်က ကိုဟန်ဝင်းအောင် ကို ဆည်တည်းရွာကိစ္စကို လာရောက် ဦးဆောင်ဖို့ ဖိတ်ခေါ်ပါတယ် ။ ကိုဝေဠု နဲ့ ကိုအောင်စိုး ကို ကိုဟန်ဝင်းအောင် က ထပ်ခေါ်ပါတယ် - ရန်ကုန်ကွန်ယက်ကလူငယ်တွေ -ဘထူး - သော်ဇင် စသဖြင့် ရောက်လာကြပါတယ် - ၀က်မှေးဘက်ကိုတော့ NLD ပါတီဘက်က ကိုဇော်ဖုန်းမြင့်တို့ အဖွဲ့တွေ - ဒီလိုနဲ့ အဆိုတော် ဒီဥက္ကာ - ကိုဝင်းကျော့မှူး စသူတို့ဟာ ၀က်မှေးရွာမှာ အခြေချလို့ ကမ်ပိန်းတွေဆက်တိုက်လုပ်တော
ကျနော်တို့ကတော့ ၀မ်ပေါင်ကုမ္မဏီက စာရေးတဲ့ဂျာနယ်ကို တရားစွဲမယ် ခြိမ်းခြောက်လို့ မခံမရပ်နိုင်ဖြစ်ပြီး စာဝင်ရေးတဲ့အလုပ်ကို တာဝန်ယူလိုက်တာပါ ။
အခု ၀က်မှေးရွာမှာ - ဧရာဝတီ ကမ်းပိန်းချခဲ့သူ တွေဖြစ်ကြတဲ့ အဆိုတော် ဒီဥက္ကာ နဲ့ ကိုဝင်းကျော့မှူး ဆည်တည်း ရွာမှာ - ဘထူးနဲ့ သော်ဇင် တို့ အခြေချပြီး ကမ်ပိန်းတွေဖော် ဆောင် ပါတော့မယ် -
မိုင်းခွဲလို့ယုံကလေးတွေသေ - ပေါက်စလေးတွေမိဘမဲ့ပြေးလာလိ
ရွာတွေရွှေ့ဖို့ဇာတ်လမ်းစကတည
ရာအိမ်မှူး ကိုအောင်ဇော်ဦး
ပထမအကြိမ် -
၂၀၁၀ ခုနှစ် ၆ လပိုင်း ၁၆ ရက်နေ့ကတည်းက အပိုင်ဆရာတော်ဘုရားတွေနဲ့ ရွာ ၄ ရွာ ပြောင်းရွှေ့ဖို့ စကားစခဲ့ပါတယ် - ဒုတိယအကြိမ် - ကတော့ အတိအလင်းပါဘဲ
ဒုတိယအကြိမ်-
၂၀၁၀ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့ ( မှတ်ချက် ရွေးကောက်ပွဲပြီးသည့်ကာလတစ်
မုံရွာခရိုင်အုပ်ချုပ်ရေးမှ
ရွာသူရွာသားတွေဘက်က ၁၀၀ ကျော် ၂၀၀ နီးပါး တက်ရောက်တယ် ရွာ (၄) ရွာက ရာအိမ်မှူးတွေပါတယ် ။ ၀က်မှေးကျေးရွာရာအိမ်မှူးကေ
ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေး တွေဘက်ကစပြောတယ် - ရွာ(၄) ရွာရွှေ့ရမယ် - မုံရွာပုသိမ်လမ်းမကြီးဘေး ခြောက်တင်းကျ ဘုန်းတော်ကြီးကျောင်းအနီးမှ
အခြားအုပ်ချုပ်ရေးမှူးတွေက ထုံးစံအတိုင်းဘာမှပြန်မပြော
တတိယအကြိမ် -
ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ပြီးခေါ်ပါတယ် - ၂၀၁၀ ခု နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ပါ ။ မိုင်းမြို့ဦးကျောင်း (ဘုန်းကြီးကျောင်း) သံဃာ့နာယက ဆရာတော် ဦးတာဂရ ကျောင်းပါ ။
ရာအိမ်မှူးနဲ့ ရပ်မိရပ်ဖ ၅ ဦး - ၀က်မှေးရွာသားတွေ စုစုပေါင်း လူ ၂၀ လောက် သွားရောက်တွေ့ဆုံကြပါတယ် ။
ဆရာတော် ဦးအာဝုဓ - ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း - ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန် - ဦးပိုင်ကုမ္မဏီဘက်က ဦးအောင်ကျော်ကျော် - ဦးကျော်လှမိုး - ပါ ပါတယ် -
ဦးခင်မောင်ဆန်းကပြောပါတယ် -သဘောတူတူ/ မတူ တူ ပြောင်းကိုပြောင်းပေးရမယ် အလုပ်အကိုင်ပေးမယ် အိမ်ဆောက်ပေးမယ် - ဆေးရုံဆေးခန်းဆောက်ပေးမယ် ။ နေရာတော့ အတိအကျမပြောနိုင်သေးဘူး ။
ရာအိမ်မှူး ဦးအောင်ဇော်ဦးက - စိုက်ပျိုးမြေတွေဆုံးရှုံးရမ
ဒါနဲ့ဘဲ ကိုအောင်ဖော်ဦးက နှုတ်ဆက်ပြီးပြန်ဆင်းလာတယ် - အပေါ်ကအသံတစ်သံ ထွက်လာတယ် -
ညောင်ပင်ကြီးစခန်းက ရဲသန်းနိုင်ကို အဲဒီကောင်ကိုမပြန်ခိုင်းနဲ့
အစည်းအဝေးအပြီးမှာ - ဦးခင်မောင်ဆန်းက - """မင်းက ငါတို့ရဲ့အဖွဲ့အစည်းဖြစ်ပြီ
ဝက်မှေးရွာကိုပြန်အရောက်မှာ
(မှတ်ချက် - ကျနော်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမှာ ကိုအောင်ဇော်ဦးလို လူထုသ ဘောကို အကောင်အထည်ဖော်ရဲကြဖို့လိုပ
ဤစာပိုဒ်ဖြင့် ရာအိမ်မှူး ကိုအောင်ဇော်ဦးအား ဂုဏ်ပြုပါတယ် ။
သြဇာမခံရင်ဖြုတ်တဲ့စနစ်
၂၀၁၀ ဒီဇင်ဘာ ၃ ရက် - ဆားလင်းကြီး
ဝက်မှေး၊ဆည်တည်း၊ကံတော ၊ ဇီးတော ဆိုတဲ့ ရွာလေးရွာကို စာထုတ်ပြီး ဆားလင်းကြီး ကိုခေါ်တယ် - ရွာ ၄ ရွာ ပေါင်းအတွက် သိန်း ၅၀ ပေးတယ် - ၀က်မှေးက လုံးဝမယူဘူး ။ ဒီတော့အခြားရွာတွေကလည်းမယြူ
၁၈-၁၂-၂၀၁၀ မှာ ဖြုတ်စာရောက်လာတယ် -
( ဒါကတော့ အုပ်ချုပ်ရေးပိုင်းရဲ့ လုပ်ထုံးလုပ်နည်းပါဘဲ )
ဝက်မှေးရွာသားဦးသိန်းဝင်းဆ
ပြောင်းသူတွေ သံသယ
၂၀၁၁ ခုနှစ် ၄ လပိုင်းမှာ ရွာထိပ်ကနေ ဦးသိန်းဝင်းဦးစီးပြီး မိုက်နဲ့အော်တယ် -
""" သီးနှံလျော်ကြေး သုံးနှစ်စာ ယူလှည့်ကြပါ ။ ယူပြီးတဲ့သူလည်းရှိပါတယ် ။ မယူရသေးတဲ့သူတွေလာယူကြပါ ။ ဖြတ်သွားဖြတ်လာဘဲလုပ်မှာဖြစ
ဝက်မှေးရွာသစ်မှာတော့ အဆောက်အဦးတွေဆောက်လုပ်ပြီး
(မှတ်ချက် - ကျနော် နေမျိုးဝေ ကိုယ်တိုင်ရောက်ရှိတဲ့အခါ အိမ်ဂရန်ကို ယာယီလို့ ရေးထားတဲ့အတွက် ရွာသားတွေစိတ်မချမ်းမသာမယုံ
ဝက်မှေးဘုန်းကြီးကျောင်းကို
၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတော့ ၀က်မှေးရွာဘုန်းကြီးကျောင်း
သက်တော်စောင့် တပ်ရင်းအဖြစ် ဒုတ်တွေ ဒိုင်းတွေ ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ရဲအင်အားက ကားသုံးစီးအပြည့် ၁၀၀ ကျော်တယ် ။
ကျောင်းစောင့်ဘုန်းကြီးကိုလ
ဒီအချိန်မှာ ရွာထဲမှာ ယောက်ျားသားတွေမရှိကြဘူး ၊ ယောက်ျားတွေက ယာခင်းတွေမှာ စိုက်ကြပျိုးကြ ခူးကြဆွတ်ကြနဲ့မို့ ရွာထဲမှာမရှိကြဘူး ။ မိန်းမတွေ သက်ကြီးရွယ်အိုတွေနဲ့ကလေးတေ
ခံတောင်းခေါင်းရွက်ပြီး တောထွက်ကုန်ကလေးတွေရောင်းစာ
အဲဒီလိုရဲတွေအင်နဲ့အားနဲ့ လာတာမျိုးကို မြင်တောင်မမြင်ဘူးကြတဲ့ တောသူ တွေဟာ မကြောက်ဘူးဆိုတာမဖြစ်နိုင်ပ
ဘုန်းကြီးကျောင်းကိုဖျက်မယ်
မအေးနက်က တာဝန်ယူမှာလားလို့ မေးတဲ့အခါ - - ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက တာဝန်မယူတော့ ညည်းကဘာလုပ်မှာတုံးလို့ ပြန်ပြောတယ် - -
မအေးနက်တစ်ယောက်ဟာ နတ်ပူးသလို ဖြစ် - အသားတွေတဆတ်ဆတ်တုန်ပြီး - ၀ါးရင်းတုတ်ကိုဆွဲကိုင်ပြိး
ရွာထဲက မိန်းမတွေလည်း တုတ်တွေစွဲလာပြိး သတ္တိရှိတဲ့သူ ဖျက်လို့ပြောဆိုပြိး သူတို့ရဲ့ တစ်ခုတည်းသော စုပေါင်းဆောက်လှူထားတဲ့ ဘုန်းကြီးကျောင်း ကလေးကို ကာကွယ်ကြပါတယ် -
မအေးနက်ဟာ ကျောင်းစောင့်ဘုန်းကြီးက ကျောင်းမှာမနေဘဲလိုက်သွားလိ
ဒီဘုန်းကြိး မနေလည်း နောက်ဘုန်းကြီးကိုပင့်ကြမယ်
အဲဒိအချိန်အထိ ဘယ်နိုင်ငံရေးသမားတွေနဲ့မှမ
ဘုန်းကြီးကျောင်းဖျက်မရတော့
အဲသလိုနဲ့ ဘုန်းကြီးကျောင်းကို ဖျက်လို့မရတဲ့အခါ ဘုန်းကြီးကို ကားပေါ်ပင့်သွာံး ကြတယ် ။ အချိန်ကတော့ ညနေ ၃ နာရီ ၄ နာရီလောက်ရှိနေပြီဖြစ်ပါတယ်
အဲဒီနေ့ကတော့ ၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပြီး အခုထိ ကျောင်းထိုင် တစ်ပါးမှမရှိဘဲ ပိတ်လျှက်ဖြစ်ပါတယ် ။
ဦးနေမျိုးဝေ
No comments:
Post a Comment