Monday, November 12, 2012

ပုသိမ်အမှတ်(၄)အထက်သားစက်ရုံဝန်ထမ်းများ အပေါ်ငွေကောက်ခံနေဟူသော သတင်း နှင့် ပတ်သက်၍ နှစ်ဘက်ပြောဆိုမှုအသံများ

 
ပုသိမ်မြို့၊ ရွှေမြင်တင်ကျေး ရွာရှိ အမှတ် (၄) အထပ်သား စက်ရုံ၌၀န်ထမ်းများအားလစဉ်  စက်ရုံတွင်းရှိဓမ္မာရုံတည်ဆောက် ရန်အတွက်ဟုဆိုကာ အလှူငွေ ကောက်ခံနေသည်ဟူသော သတင်း နှင့် ပတ်သက်၍စက်ရုံတာဝန်ရှိသူ  များမှ နိုဝင်ဘာ (၁၁) ရက်နေ့၌ Hot News  သတင်းဂျာနယ်နှင့် တွေ့ဆုံရှင်းလင်းခဲ့ပြီး မိမိတို့စက်ရုံ  တာဝန်ရှိသူများအနေဖြင့် မိမိတို့ ၏ သဒ္ဓါကြေးဖြင့်သာ ဓမ္မာရုံကြီး အား မွန်းမံလျက်ရှိပြီးမည်သည့် ၀န်ထမ်းတစ်ဦးတစ်ယောက်ဆီက မျှအဓမ္မငွေကောက်ခံခြင်းမရှိ ကြောင်း ပြောကြားခဲ့သည်။

“ခုဟာက ကျွန်မရန်ကုန် ရောက်တဲ့အချိန်ဒီလိုဂျာနယ်ထဲမှာ  ပါလာတာ တစ်နိုင်ငံလုံးကိုဖြန့်တဲ့ ဂျာနယ်တစ်စောင်အနေနဲ့ ခုလို ပေါက်ကရထည့်တာမျိုးမဖြစ်သင့် ဘူး။ ကျွန်မတို့ဘက်ကိုဘာမှ အတည်ပြုချက်မယူဘဲထည့်တယ်။  ဒါဆိုလမ်းဘေးက သူတောင်းစား   ပြောလည်းထည့်မှာပဲလား။ ကျွန်မတို့လည်း မီဒီယာအသိုင်း အ၀ိုင်းရှိပါတယ်။ ဒီလိုဂျာနယ် ကော်လံပြည့်အောင်ပေါက်ကရ ထည့်တာမျိုးလုံးဝမဖြစ်သင့်ဘူး။ ကျွန်မတို့အနေနဲ့ စက်ရုံဝန်ထမ်း  တွေအပေါ်ဒီလိုအလှူငွေကောက်  တာလုံးဝမရှိပါဘူး။ ကျွန်မတို့ စက်ရုံတာဝန်ရှိသူတွေကို ထည့်ပေး  လိုက်မယ်။ သူတို့နဲ့လိုက်သွားပြီး ၀န်ထမ်းတွေကိုမေးကြည့်ပါ”ဟု စက်ရုံမှူး၏ ဇနီးဒေါ်သီတာအောင် မှ Hot News သတင်းထောက်သို့  ပြောကြားခဲ့ပြီး စက်ရုံအရာရှိပိုင်း မှ လူ (၅) ယောက်ဖြင့် စက်ရုံ အောက်ခြေ၀န်ထမ်းများအား ကွင်းဆင်းမေးမြန်းနိုင်ရန် စီစဉ်ပေး  ခဲ့သည်။
Hot News သတင်းဂျာနယ် မှ အောက်ခြေ၀န်ထမ်းအား ကွင်းဆင်း၍ စက်ရုံတွင်းအလှူငွေ  ကောက်ခံနေခြင်းရှိမရှိ မေးမြန်း ခဲ့ရာတွင် အချို့မှ အလှူငွေမဖြတ်  ပါကြောင်း၊ အချို့ဝန်ထမ်းများမှ မိမိတို့အနေဖြင့် အလှူငွေဟုဆို  ကာစက်ရုံတာဝန်ရှိသူများမှ တောင်းနေသဖြင့်လစဉ် ၅၀၀ ကျပ် ၁၀၀၀ ကျပ်ထိ ပေးနေရ ကြောင်းနှင့် အချို့သောအမျိုးသမီး   အောက်ခြေပိုင်းဝန်ထမ်းများဆိုလျှင်   စက်ရုံဓမ္မာရုံအတွက် အလှူငွေ ထည့်ရသလားဟု မေးမြန်းရာတွင်    “ကျွန်မတို့ပိုက်ဆံထဲကနေ လုံးဝ မဖြတ်ပါဘူး။ စက်ရုံက လူကြီးတွေ  အရမ်းသဘောကောင်းပါတယ်။ ဒီလိုမဖြစ်ပါဘူး”ဟု မေးခွန်းနှင့် သွေဖီသောအဖြေများကိုသာ ပြန်ပေးကြောင်း လေ့လာတွေ့ရှိရ သည်။အမှတ် (၄) အထက်သား စက်ရုံအထပ်သားဖြတ်စက်၌ တာဝန်ကျဝန်ထမ်းတစ်ဦးဖြစ်သူ  ဦး ——မှလည်း “စက်ရုံလူကြီး တွေက အလှူငွေဆိုလို့ ပေးနေရ တာပဲ။ အနည်းဆုံးတော့ ၅၀၀ နောက် ၁၀၀၀ ထိဖြတ်တယ်။ ဒါကလစဉ် ပေးနေရတာ ခုထိ ပေးနေရတုန်ပဲ။ လစာထုတ်တာနဲ့ ဖြတ်ပြီးသား“ဟု ပြန်လည်ပြော ကြားသွားခဲ့သည်။
ထို့အတူစက်ရုံ၏ အင်ဂျင်နီ ယာဌာနတာဝန်ရှိအရာရှိတစ်ဦးမှ လည်း “အဲသလိုအလှူငွေဆိုပြီး   ကောက်နေတာကတော့ အသေ အချာပါပဲ။ နောက်စက်ရုံလုပ် သားတွေကို ဘုန်းကြီးကျောင်းတွေ  ကို ဆွမ်းချိုင့်ပို့ခိုင်းတယ်။ ပြီးတော့   ငွေကောက်တဲ့ကိစ္စသူတို့ကိုပြော တော့လည်း မန်နေဂျာကတော် ကောက်ခိုင်းတယ်လို့ပြောတယ်။ ဒီလိုပုံစံဟာ မလျော်အာဏာသုံး တဲ့ ပုံစံမျိုးဖြစ်နေတယ်”ဟု ပြော ကြားသွားခဲ့သည်။
စက်ရုံတာဝန်ရှိသူများအနေ ဖြင့် မိမိတို့ဝန်ထမ်းများထံမှ အလှူငွေကောက်ခံခြင်းလုံးဝမရှိ ကြောင်း ပြောကြားပါသော်လည်း  စက်ရုံအောက်ခြေပိုင်းဝန်ထမ်းများ   အား မေးမြန်းရာတွင် အချို့မှ လည်း သတင်းဂျာနယ်နှင့် အတူ ပါလာသော စက်ရုံအရာရှိများအား    တွေ့မြင်၍ မည်သည့်အဖြေမှ မပေးကြသော်လည်း သီးသန့်တွေ့  ဆုံခဲ့သော အောက်ခြေ၀န်ထမ်း အချို့မှာမူ အလှူငွေအကြောင်းပြ ဖြတ်တောက်နေကြောင်း ရင်ဖွင့် ပြောကြားကြသည်။
အမှတ် (၄) အထပ်သား စက်ရုံစက်ရုံမှူးဦးသန်းနိုင်ဦးမှ လည်း Hot News သတင်းထောက် နှင့် လက်ခံတွေ့ဆုံပါမည်ဟု တယ်လီဖုန်းဖြင့် ပြောကြားခဲ့သော်  လည်း စက်ရုံအရောက်တွင် လက်ခံတွေ့ဆုံခြင်းလုံးဝမရှိဘဲ။ ယင်း၏ဇနီးဒေါ်သီတာအောင်နှင့်  စက်ရုံအရာရှိအချို့သာလက်ခံတွေ့ ဆုံခဲ့ပြီး အဆိုပါ အမှတ် (၄) အထပ်သားစက်ရုံမှာ အစိုးရစက် ရုံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)

copy from http://www.hotnewsweekly.com

No comments:

Post a Comment