Tuesday, February 3, 2015

“အလုပ်သမားဝန်ကြီးထံသို့ အိပ်ဖွင့်ပေးစာ”


သို့ /                                                           

      ရက်စွဲ။     ။ ၂၀၁၅ ခု  ဖေဖေါ်ဝါရီလ ၂ ရက်      
              
     ဦးအေးမြင့်
     (အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး)
     နေပြည်တော်၊  
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                                                             ထိုင်းနိုင်ငံအတွင်းတရားဝင်ရောတရားမ၀င်ပါ မြန်မာရွှေ့ပြောင်း
အလုပ်သမားပေါင်းလေးသန်း ၀န်းကျင်ခန့် အလုပ်လုပ် ကိုင်လျှက် ရှိကြပါသည်။ 
တရားဝင်မှတ်တင်ထားသည့်အလုပ်သမားပေါင်းသုံးသန်းကျော်ခန့်
ရှိပါသည်။ ယခု ပန်းရောင်ဘတ်ကဒ်လုပ်ထားသူပေါင်းခြောက် သိန်း ခန့်ရှိပါသည်။ ထိုမျှပမာဏများပြားသော အလုပ်သမားများ အား မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကူညီစောင့်ရှောက်ရန် တာဝန်ရှိပါသည်။ သို့ရာတွင်ထို့သို့ မဟုတ်ပဲ မြန်မာ အလုပ်သမား များအပေါ် MOU အလုပ်သမားတင်သွင်း သည့် အေဂျင်စီများနှင့် အလုပ်သမားဝန်ကြီးဌာနတို့ မတရားချယ်လှယ်နေ မှုတို့အား ၀မ်းနည်းစွာကြုံတွေ့နေကြရပါသည်။

(၁) ထိုင်းနိုင်ငံသို့ထွက်ခွာအလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများ
အား ပွဲစားအုပ်စုတစ်ခုနှင့် အလုပ်သမားအရာရှိအချို့တို့က အာမ ခံကြေး ဘတ်ငွေ ၅၀၀ ကောက်ခံနေခြင်းနှင့် ထိုင်းနိုင်ငံသုံးဖုန်း ကဒ် တစ်ကဒ်အား ဘတ် ၁၀၀ နုန်းဖြင့် မ၀ယ်မနေရ ရောင်းချနေ   ခြင်းတို့အား ထိရောက်စွာ အရေးယူပေးရန်။

(၂) ယခင်နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြသော အလုပ်သမား များအား MOU အလုပ်သမား ဖြစ်သွားအောင် ပွဲစားများ၏ အကြံပြု ချက်များအား အကောင်အထည်ဖေါ်ရန်ပြင်ဆင်နေမှုအား အလုပ် သမားဝန်ကြီး အထူးဆင်ခြင်စဉ်းစားရန်။ 
(၃) အလုပ်အကိုင်မယ်မယ်ရရမရှိပဲ MOU အလုပ်သမားများတင် သွင်းနေခြင်းအားရပ်တန့်ပေးရန်။
(၄) လုပ်သားကောင်းဖြစ်ပါလျှက်၂နှစ်ပြည့်လျှင် ပြန်ပို့ပြီး လူသစ် သွင်းစားမည့် MOU စည်းကမ်းချက်အား ပြန်လည်သုံးသပ်ရန်။
(၅) MOU အလုပ်သမားတင်ပို့ထားသည့် ထိုင်းနိုင်ငံလုပ်ငန်းခွင် များသို့ မြန်မာအစိုးရနှင့် မြန်မာအလုပ်သမားဝန်ကြီးဌာနတို့သည် 
 အေဂျင်စီများသက်သက်နှင့်မဟုတ်ပဲ ကြားခံအဖွဲ့အစည်းများ၊ မီဒီယာများနှင့် အခြေအနေမှန်များအား သိရှိနိုင်ရန် ၀င်ရောက် စစ်ဆေးခြင်းဖြင့် ပကတိအနေအထား များအားမြန်မာတနိုင်ငံလုံး အားထုတ်ပြန်ပေးရန်။
                 “Passport လုပ်ငန်းစဉ်”
(၆) ပတ်စပို့ လုပ်ပေးခြင်းသည် အလုပ်သမားများအတွက် အကျိုး ရှိသလား အပြစ်ဖြစ်သလား အမြန်ဆုံးသုံးသပ်ရန်။ အလုပ်သမား များအား စနစ်တကျ စစ်တမ်းကောက်ခံရန်။
(၇) အိမ်ထောင်စုစါရင်းနှင့်မှတ်ပုံတင်ရှိမှ ပတ်စပို့ထုတ်ပေးမည် ဆိုသည့်မူသည် လက်တွေ့နှင့်ကိုက်ညီ မှုမရှိကြောင်းလက်ခံရန်။
(၈) နယ်စပ်ပတ်စပို့ထုတ်ပေးရေးစခန်းတွင် ထိုင်းတွင်အသုံးမ၀င် သည့် လေဘာကဒ်တစ်ခု ထုတ်ပေးရုံဖြင့် မြန်မာအစိုးရဘက်က ဘတ်ငွေ ၁,၀၀၀ ကောက်ခံနေခြင်းအား ပြန်လည် စဉ်းစားရန်။
(၉) အလုပ်သမားဝန်ကြီးနှင့်ညွှန်ချုပ်တို့သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် လာရောက်တွေ့ဆုံသည့်အခါ ထိုင်းနှင့်မြန်မာပွဲစား ကုမ္ပဏတို့၏အကြံပြုချက်(ဂွင်) အတိုင်း ဆွေးနွေးခြင်းပြုလုပ်သလို   (ပွဲစားမဟုတ်ပဲအမှန်အကန်အလုပ်သမားအရေးဆောင်ရွက်နေ သူများ) နှင့် တွေ့ဆုံ၍ အကြံပြုချက်များအားရယူရန်။
(၁၀) ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် Work Permit လုပ်ထား ပါလျှက် လုပ်ငန်းရှင်ပြောင်းသဖြင့် Work Permit အသစ်ထပ်မံ လုပ်ရခြင်းအား လုံးဝမလုပ်သင့်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနအား တောင်းဆိုရန်။
(၁၁) ၂၀၁၃ ခုနှစ်က နေရပ်ပြန်စရိတ်ဟု အကြောင်းပြ၍ သန်းချီရှိ သည့် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀ စီကောက်ခံထားခြင်းအား မြန်မာအစိုးရနှင့် အလုပ်သမားဝန်ကြီး ဌာနတို့ အလျှင်အမြန်ပြန်လည်တောင်းခံပေးရန်။ ထိုငွေများဖြင့် ထိုင်းရောက်အလုပ်သမားများအား ထိရောက်သည့်ကူညီစောင့်ေ ရှာက်ရေးလုပ်ငန်းဆောင်ရွက်ပေးရန်။
(၁၁) နေရပ်ပြန်နှင့် ၄နှစ်သက်တမ်းတိုးရန် နယ်စပ်သို့သွားကြ သည့် အလုပ်သမားများထံမှ ထိုင်းရဲများ ဂိတ်ချ၍ ကောက်စားနေ သည်များကို အမြန်ဆုံး ရပ်တန့်ပေးရန်၊ ထိုင်းအစိုးရသို့ ပြောဆို   ခြင်း၊ အလုပ်သမားသံအရာရှိက ထိရောက်စွာကိုင်တွယ်ခြင်း တို့ပြုလုပ်ကြရန်။
       အလုပ်သမားဝန်ကြီးခင်ဗျား။   ။ ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများအတွက် အစီအမံတစ်ခုခု အကောင်အထည်   ဖေါ်မည်ဟု ပြင်ဆင်ပါက သူတပါးတိုင်းပြည်တွင် ပင်ပန်းကြီးစွာ အလုပ်လုပ်နေကြရသော အလုပ်သမားများ၏ ပကတိအခြေအနေ များကိုလေ့လာခြင်း၊ အလုပ်သမားများ၏ သဘောထားများကို
 မေးမြန်းခြင်း၊ စစ်တမ်းများကောက်ခံခြင်း အလုပ်သမားအရေးကို  စိုက်လိုက်မတ်တတ် ဆောင်ရွက်နေသူများထံမှ အတွေ့အကြုံတို့
နှင့်ပေါင်းစပ်၍သာ အကောင်အထည်ဖေါ်ဆောင်သင့်ပါသည်။
            မြန်မာအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများနှင့်ပွဲစား
များ၏ ကိုယ်ကျိုးရှာ အကြံပြု ချက်များနှင့်မူဝါများအား အကောင် အထည်ဖေါ်နေသမျှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ အမြတ်ထုတ်ခံနေရမည်ဖြစ်ပါသည်။
        နှစ်နိုင်ငံ လူကြီး ချင်းစကား ပြောဆိုကြသည့်အခါ သံရေး တမန်ရေးအရဆိုသည်ကို ကျနော်တို့အနေဖြင့်နားလည်ပါသည်။ သို့ရာတွင် MOU မူဝါဒ, Passport နှင့် Work Permit လုပ်ငန်း အားလုံးတို့သည် မြန်မာ/ထိုင်း ပွဲစားကုမ္ပဏီများနှင့် ထိုင်းလုပ်ငန်း ရှင်များအား မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်၊ ဖိနှိပ် ချုပ်ခြယ်ရန် လက်နက်သဖွယ်ဖြစ်နေပါသည်။
     သန်းချီရှိသည့် မြန်မာအလုပ်သမားများမှာမလိုအပ်ပဲ ငွေကြေး အမြောက်အမြားကုန်ကျနေ သဖြင့် နေရပ်ရင်းအမိမြန်မာနိုင်ငံ သို့   ပြန်ပို့ငွေများစွာ ထိုင်းနိုင်ငံအတွင်းယိုဖိတ်နေပါသည်။ သို့ဖြစ်ပါ၍  မြန်မာအလုပ်သမားများ အကုန်အကျသက်သာပြီး တရားဝင်နေ ထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေနိုင်သည့် နည်းလမ်းများဖြင့်သာ အကောင်အထည်ဖေါ်ဆောင်သင့်ကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။
    အားလုံးကိုကျေးဇူးတင်ပါသည်
         ကျော်သောင်း
    အမှုဆောင် ဒါရိုက်တာ
 ထိုင်းနိုင်ငံရောက်မြန် မာနိုင်ငံသားများအဖွဲ့
         ဘန်ကောက်    

No comments:

Post a Comment