Tuesday, February 3, 2015

“လုပ်အားခနှင့်ပတ်စပို့ဖိုးဖြတ်တောက်ထားငွေဘတ်ငါးသောင်းကျော်ပြန်ရ”




၂၀၁၅ ခု ဖေဖေါ်ဝါရီလ၂ ရက်  ၊စောမောင်
.
       စမုတ်စာခွန်ခရိုင်၊ ဖက်ကဆင် ၇၇/၄ လမ်းတွင်ရှိသောKENTA TEXTILE CO,LTD အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမား ၆ဦးတို့ထံမှ ပတ်စပို့ဖိုးနှင့် လုပ်အားခဖိုးဖြတ်တောက်ထားသည့် 
ဘတ်ငွေ ငါးသောင်းကျော် တို့အား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATက ကူညီပေး လိုက်သဖြင့် ရရှိသွားပြီဖြစ်သည်။
 .
        အလုပ်သမားများကို အုပ်ချုပ်သည့် မြန်မာဝဏ္ဏ(အခြောက်) က ကြိုက်သည့်နေရာတွင် 
သွားတိုင် ဟူ၍ သခင်အားရကျွန်းပါးဝ ပြောဆိုသည်ကို မခံမရပ်နိုင်ဖြစ်ကြသဖြင့် အလုပ်သမား
များက MAT အဖွဲ့သို့ ဇန်န၀ါရီ ၂၀ ရက်နေ့က လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 
.
            ကိုယ်တိုင်လိုက်ပါကူညီပေးခဲ့သူ MAT အဖွဲ့ ကိုခိုင်ကြီးက “သူဌေးက ဗမာတွေအထာ
တွေ အကုန်သိ ထားပြီဗျ။ ဆ၀ါဒီကန်ရုံးမှာ ပုလိပ်ကိုပါ သူတို့ခေါ်ထားပြီး။ ကျနော့်ကို ဖမ်းမလို့ပြင် ထားကြတာ။ ဦးသိန်းနိုင် သိလား၊ ဦးထွန်းအေး သိလား၊ သံအမတ်ကြီးသိလား။ ဒီလိုလာတာဗျ။ 
ကျနော်ကပြောတယ်။ ကျနော်တို့က သံရုံးက၀န်ထမ်းတွေမဟုတ်ဘူး။ သံရုံးက အရာရှိတွေဒီအလုပ်တွေကို လုပ်ဖို့မအားကြဘူး။ ကျနော်တို့လုပ်လို့ ဖြစ်နိုင်တဲ့ကိစ္စတွေကို ကျနော်တို့ လိုက်ကူ ညီပေးနေ တာဖြစ် တယ်။ ပြစရာရှိတာလည်းပြကြတာပေါ့ဗျာ။ နဲနဲ တော့ စကားပြောကြရတာပေါ့။ ဒီတော့မှ သူတို့က မတရားဖြတ်ထားတဲ့ငွေတွေကိုပြန်ပေးတာ။ အလုပ်သမား တွေက ကျနော်တို့ကို ကွတ်တယိုတစ်ယောက် တစ်ပွဲကျွေးသွားကြလေရဲ့ဗျာ” ဟုပြောသည်။

.
          အဆိုပါ အလုပ်ရုံတွင် အလုပ်သမားတစ်ဦးစီထံတို့မှ ပတ်စပို့လုပ်ရန်ဟုဆိုကာအလုပ်သမားများထံမှ ဘတ်ငွေ ၆,၀၀၀ ထက်မနည်းဖြတ်တောက်ထားကြောင်း၊ အလုပ်သမား အတော်များများတို့ ထွက်သွား ကြပြီ ဖြစ်သော်လည်း ဖြတ်ထားသည့်ငွေများ အား ပြန်မရသွားကြကြောင်း အလုပ်သမား များ၏ ပြောပြချက်အရ သိရှိရသည်။ 
.
        ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများအား ထိုင်းအလုပ်သမားဥပဒေအရ
 လည်းကောင်း ရှုပ်ထွေးပြီး ငွေကုန်ကျေးကျများသည့် ပတ်စပို့နှင့်ဝတ်ပါမစ် ကိစ္စရပ်တို့အတွက် လည်းကောင်း၊ အလုပ်သမားများအား မြန်မာအစိုးရ အကာအကွယ် မပေးနိုင်မှုတို့ကိုလည်းကောင်း၊  ထိုင်းအာဏာပိုင်နှင့် ထိုင်းလုပ်ငန်းရှင်းများက နောကြေအောင် သိရှိထားကြပြီးဖြစ်ပါသည်
။ သို့ဖြစ်၍ မြန်မာနှင့်ထိုင်းပွဲစားတို့က သန်းချီရှိသော မြန်မာအလုပ်သမားများအား အမြတ်ကြီးစား၍ လွယ်ကူသော လူတန်းစားဖြစ်ကြောင်း မှတ်ချက်ချကာ ဂုတ်သွေးစုတ်နေကြပါတော့သည်။ 

ရွှေလုပ်သား

No comments:

Post a Comment