Tuesday, January 20, 2015

MATမှ ကူညီဆောင်ရွက်ပေးမှုကြောင့် ထိုင်းနိုင်ငံ၌ ပျောက်ဆုံးနေသည့် မိသားစုအားပြန်လည်တွေ့ရှိ

ပဲခူးတိုင်း ဖြူးမြို့နယ် ခင်နန်းကြီးကျေးရွာ တွင် နေထိုင်လျက်ရှိသော မခိုင်ခိုင်သင်း(အသက်၃၆ နှစ်) ၏  အမျိုးသားဖြစ်သူနှင့် ၎င်း၏သူငယ်ချင်းဖြစ် သူ ကိုစိုးစံ တို့သည် ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိ လာပြီးနောက် ထိုင်းနိုင်ငံသို့  အလုပ်လုပ်ရန်အတွက် ပွဲစားများဖြင့် အချိတ်ဆက်လုပ်ကာ ဘန်ကောက်သို့ သွားခဲ့ကြရာ ဘန်ကောက်သို့ မရောက်ဘဲ မည်သည့်နေရာ ကိုရောက်နေသည်ကို ဇနီးဖြစ်သူ မခိုင်ခိုင်သင်း စိတ်အပူတပြင်းဖြစ်ခဲ့သည်၊
ပွဲစားများကိုဆက်သွယ်ခဲ့သော်လည်း အတိကျပြန်လည်ပြောပြနိုင်ခြင်းမရှိ၍ မဲဆောက်ထောင်များတွင် လိုက်၍ စုံစမ်းသောအခါလည်း မတွေ့ခဲ့ပါ။ တချို့မှ ကန်ချနဘူလီခရိုင်ရှိထောင်တွင် ရှိသည်ပာုပြောရာ ဆက်လက် စုံးစမ်းခဲ့ရာ လည်းမတွေ့ရှိခဲ့ပါ ။

တချို့မှလည်း လှေပေါ်တွင်ရောင်းစားခံလိုက်ရသည် ပာုသတင်းများထွက်နေ၍ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံ သားများအဖွဲ့သို့ အကူညီတောင်းခံလာခဲ့သည် ၊ MAT မှလည်းအတတ်နိုင်ဆုံး ကြိုးစားရှာဖွေခဲ့ရာ နောက်ဆုံး တာခ့်ခရိုင် အကျဉ်းထောင်တွင် တွေ့ရှိခဲ့သည် ။

တာခ့်ခရိုင်အကျဉ်းဦးစိးဌာနမှလည်း ပျောက်ဆုံးနေသော ကိုနန်းနှင့် ကိုစိုးစံတို့ ဇနီးဖြစ်သူအား
 ထောင်ဝင်တွေ့စာကို ထုတ်ပေးခဲ့သည်၊

အမျိုးသားဖြစ်သူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်သွားရာမှ တစ်လကျော် အဆက်သွယ်မရ၍ အမျိုးသားဖြစ် သူအတွက် စိုးရိမ်းသောကများကြောင့် မခိုင်ခိုင်သင်းမှ စိတ်ဆင်းရဲနေရခြင်းမှ လွတ်ကင်းအောင် အကူညီပေးသောကြောင့်  ကျေးဇူးတင်ကြောင်းနှင့် အများကြီးဝမ်းသာမိပါသည်ပာု MAT သို့ပြော ပါ သည်၊။
ရွှေလုပ်သား

No comments:

Post a Comment