Tuesday, January 20, 2015

မတရားခိုင်းစေခံရသောအလုပ်သမားများအား MATအဖွဲ့မှကယ်ထုတ်

ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ၁၂၃ ကီလိုမီတာဝေးသော ဖက်ဘူလီမြို့တွင်မြန်မာ အလုပ်သမ၂ ယောက်
 ကို အလုပ်ပိုင်ရှင်မှ နေ့ညမနက် အလုပ်ကို မတရားခိုင်းနေသည်ကို ညီမဖြစ်သူ မနှင်းပွင့်အေး မှ အစ်မဖြစ် သူကို အလုပ်ရှင်ဆီမှ သွားခေါ်ထုတ်ခဲ့ရာ အလုပ်ရှင်မှပြန်မလွှတ်နိုင်ပာုပြောကာ ညီအစ်မဖြစ်သူအား ပုလိပ်ခေါ်၍ ခြိမ်းခြောက်မှု့များပြုလုပ်နေသည် ကို ညီမဖြစ်သူမှ မခံမရပ်နိုင်ဖြစ်ကာ ထိုင်းနိုင်ငံမြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) သို့ အကူညီတောင်းလာခဲ့သည်၊၊ 
ထို့နောက် MAT မှ ဖြစ်ရပ်မှန်များကို ထိုင်းနိုင်ငံမြန်မာသံရုံးရှိ ဒုအတွင်းဝင် ဦးထွန်းအေးသို့ ဆက်သွယ် ခဲ့ရာတွင် ဦးထွန်းအေးမှ မြန်မာနိုင်ငံသားများ ပတ်စပို့စ်ရှိလျက်နှင့် အနိုင်ကျင့်ခံနေရသည် ကိုလုံးဝ လက်မခံနိုင်ကြောင်း သံရုံးအနေဖြင့် တတ်နိုင်သော ဘက်မှ အကူညီပေးပြီး ဆောင်ရွက်သွားမည် ပာု ဖြေကြားပြီးနောက် ထပ်ဆင့် MAT သို့ ဆက်လက်လုပ်ဆောင်သွားရန် အကြောင်းကြားခဲ့သည် ထို့နောက် အကူညီတောင်းခံလာသော ညီအစ်မများနှင့် အစ်မဖြစ်သူ ရှိသောနေရာသို့ သွားရောက် ခဲ့ပြီးနောက် ဌာနဆိုင်ရာများ နှင့် အလုပ်ရှင် စကားပြောကြသည်၊


ထို့နောက် အလုပ်ရှင်ဘက်မှ ပြောလာသော စကားအရ မနှင်းပွင့်ဖြူမှ မပြန်ချင်ပါပာုပြောသော
ကြောင့်  ပြန်မလွှတ်ရခြင်းဖြစ်သည်ပာုဆိုသည် ၊ညီမဖြစ်သူမှလည်းအလုပ်ရှင်ပြောသောစကားသည် သူမ၏အမဖြစ်သူ မှာ ထိုင်းစကားမတတ်သောကြောင့် အလုပ်ရှင်ပြောသောစကားကို သူမ၏အစ်မ နားမလည်နိုင်ပာု ပြောဆိုပါသည်၊

MAT အဖွဲ့ မှ အလုပ်သမားတစ်ယောက်အလုပ်ရှင်ဖြင့် မလုပ်လိုလျင် အတင်း အကြပ် ခိုင်းလို့မရကြောင်း ဘယ်လိုဘဲဖြစ်ဖြစ်အလုပ်သမား ကို ပြန်လည် ၍ ညီမဖြစ်သူ၏ လက်ထဲသို့ပြန်လည်ထည့်ပေးစေ လိုကြောင်းဖြင့်ညှိနိုင်းခဲ့ရာ လုပ်အားခများနှင့် မနှင်းပွင့်ဖြူ အား ဘန်ကောက်သို့ ပြန်လည်ခေါ်ဆောင် ခဲ့ပါသည်၊

ညီမဖြစ်သူ မနှင်းပွင့်အေးပြောပြချက်အရ သမီးသွားခေါ်တာ ၃ ခါမြောက်ပါပြီ တစ်ခေါက်မှ အဆင်မချောခဲ့တဲ့အပြင် ခြိမ်းခြောက်ခြင်းကို ခံရပါတယ် အခုလို ကူညီတဲ့အတွက် ထိုင်းမြန်မာသံရုံး နှင့် MAT အဖွဲ့ကိုကျေးဇူးတင်ပါ သည်ပာုပြောဆိုခဲ့ပါသည်ဟု သတင်းရရှိပါသည်။
ရွှေလုပ်သား

No comments:

Post a Comment