Thursday, March 6, 2014

ပန်းရဲ့လမ်းတေးဂီတအဖွဲ့မှ ပဲခူးမြို့တွင် တေးဂီတဖြင့် ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်

 
၂၀၁၄ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် ပန်းရဲ့လမ်းတေးဂီတအဖွဲ့မှ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကြိုဆိုဂုဏ်ပြုရေးအတွတ် ပဲခူးမြို့ရှိ
ကဖီးနှင့်အအေးဆိုင်များတွင် အနုပညာတေးဂီတဖြင့် ဖျော်ဖြေပြီး ရန်ပုံငွေအလှူခံပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါသည်။

နံနက်(၉)နာရီ မှ နေ့လည်(၁၂)နာရီထိကို ပဲခူးမြို့ရှိ TANGO လဘက်ရည်ဆိုင်နှင့် ငွေပုံကြီးလဖက်ရည်ဆိုင်များတွင် တေးဂီတဖြင့်ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်ပြီး နေ့လည် (၁)နာရီ
တွင် SAKURA ကဖီးနှင့် ပဲခူးမြို့အတွင်း ကဖီးနှင့်အအေးဆိုင်းများတွင် ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာလမ်းပြကြယ်

No comments:

Post a Comment