Tuesday, March 4, 2014

အမြန်လမ်းစီမံကိန်းပြီးစီးသော်လည်း ယနေ့အချိန်ထိ သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသည့် အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နားစခန်းအနီးရှိ လယ်မြေ(၂.၇၅)ဧက

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နားစခန်းအနီးရှိ လယ်မြေ(၂.၇၅)ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွန်းပင်အနည်းငယ်စိုက်ပျိုး၍ သိမ်း
ယူထားခြင်းအပေါ် ပြည်သူလွှတ်တော်တွင် မေးခွန်းတရပ်မေးပေးရန် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်အား ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်နေ့တွင် မူလပိုင်ရှင်
လယ်သမား(၃)ဦးမှ စာရေးသားတင်ပြအကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ဆက်လျှင်၍ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်မှ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၁၉)ရက်နေ့တွင် ပြည်သူလွှတ်တော်
ညွန်ကြားရေးမှူးချုပ်အား ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းခြင်း ပြုလုပ်ခဲ့တယ်လို့ စာရွက်စာတမ်း အထောက်အထားများအရ သိရပါတယ်။ ၄င်း၏ ကြွယ်ပွင့်မပြ မေးခွန်းမေးမြန်းချက်တွင်
'' ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးအတွက် ဖြူးမြို့(၁၁၅)မိုင်ယာဉ်ရပ်နားစခန်း တည်းဆောက်ရာတွင်
ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု လယ်မြေများကို သိမ်းယူပြီး အဆောက်အဦးများ၊ လမ်းများ၊ ကားရပ်နားရာနေရာများ ဆောက်လုပ်ခဲ့ပါသည်။ ယင်း(၁၁၅)မိုင်ယာဉ်ရပ်နား
စခန်းနှင့် ကပ်လျှက် မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာရွာမှ လယ်သမားများဖြစ်သော (၁)ဦးတင်ရွှေ(ဘ)ဦးထွန်းရင်၊ (၂) ဦးဆန်းဝင်း(ဘ)ဦးစံမောင်၊(၃) ဦးဥုံပရာကပ်(ဘ) ဦး
ကာစီပရာဆပ်တို့၏ လယ်မြေ(၂.၇၅)ဧကမှာ ယင်းယာဉ်ရပ်နားစခန်းအနီးတွင် ကျရောက်နေသောကြောင့် ဆောက်လုပ်ရေးဝန်ထမ်းများက ပိုင်ရှင်၊ ဌာန အမည်မပါသော
ကျွန်းစိုက်ခင်းဆိုင်ဘုတ်တပ်ကာ ကျွန်းပင်အနည်းငယ် အရောင်ပြစိုက်ပျိုးပြီး သိမ်းဆည်းထားသည့်ပုံစံ ပြုလုပ်ထားပါသည်။ ယင်းကျွန်းပင်များကိုလည်း ပြုစုထိန်းသိမ်းခြင်း
လုံးဝမရှိဘဲ ကျတ်တောမြေပမာဖြစ်နေပါသည်။ ပိုင်ရှင်များက ၀င်ရောက်ထွန်ယက်စိုက်ပျိုးရန်ပြုလုပ်ခြင်း ပြုလုပ်သောအခါ (၁၁၅)မိုင် ယာဉ်ရပ်နားစခန်းအုပ်ချုပ်ရေးမှူး ဦး
စန်းဝင်းက ကျွန်းစိုက်ခင်း ဆိုင်းဘုတ်ပြုတ်ကြောင်း တရားလိုပြုလုပ်တိုင်ကြား၍ ပိုင်ရှင်များဖြစ်သော (၁)ဦးတင်ရွှေ၊ (၂)ဦးဆန်းဝင်း၊ (၃) ဦးဥုံပရာကပ် တို့(၃)ဦးမှာ ထောင်
ဒဏ်(၃)လနှင့် ငွေဒဏ်(၅၀၀)ကျပ် ပြစ်ဒဏ်ကျခံခဲ့ရပါသည်။ ဖြူးမြို့တရားရုံးတော်တွင် ယင်းမြေကွက်နှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ကြောင်း အထောက်
အထားလည်းမပြနိုင်ခဲ့ပါ။ ကျွန်းစိုက်ခင်း ဆိုင်းဘုတ်ဖျက်တဲ့ကိစ္စဟူ၍ တရားဆွဲဆိုခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယင်းလယ်မြေကွက် (၂.၇၅)ဧကကိစ္စကို ပိုင်ရှင်(၃)ဦးထံ ပြန်လည်
ပေးအပ်နှံရေးကိစ္စ သိလိုပါ၍ မေးမြန်းအပ်ပါသည် " ဟု တွေ့ရှိရသည်။ ယနေ့အချိန်ထိ ပြည်သူလွှတ်တော်မှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း၊ ဖြေရှင်းခြင်းများ မရှိသေး
ကြောင်း မူလပိုင်ရှင် လယ်သမား(၃)ဦး၏ ပြောပြချက်အရသိရှိရသည်။
၂၀၁၄ခုနှစ်၊ မတ်လ(၃)ရက်နေ့ နံနက်(  ၉း၀၀ )နာရီခန့်တွင် ဖြူးမြို့(၁၁၅)မိုင် အမြန်လမ်း ဆောက်လုပ်ရေးတာဝန်ခံ AE ဦးတင်ဝင်း(ပါ)၁၅ဦးအဖွဲ့မှ အချင်းဖြစ်ပွားရာ လယ်မြေ
(၂.၇၅)ဧကပေါ်တွင် ဈေးဆိုင်ခန်းများဆောက်လုပ်ရန် ပန္နက်လာရိုက်သဖြင့် မူလပိုင်ရှင် လယ်သမား(၃)ဦးနှင့်ဒေသခံလယ်သမားများမှ သွားရောက် ကန့်ကွက်ခဲ့ကြသဖြင့် ဆက်လက်
လုပ်ကိုင်ခြင်းမရှိတော့ပဲ ရပ်ဆိုင်းခဲ့ပါတယ်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ လယ်သမားအရေးကူညီဆောင်ရွက်သူ ဦးခင်ဇော်၏ ပြောကြားချက်အရ " အဲဒီ
လယ်ယာမြေတွေကို သိမ်းဆည်းစဉ်အချိန်ကလည်း ၁၈၉၄ခုနှစ် မြေသိမ်းအက်ဥပဒေနဲ့လည်းမညီးဘူး၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်လည်းမညီဘူး၊ လျော်ကြေး(သို့)နစ်နာကြေးဆိုတာ
လည်း လယ်သမားတွေ တပြားတချပ်မှ မရရှိခဲ့ဘူး။ နိုင်ငံတော်စီမံကိန်းထဲလည်းမပါပဲနဲ့ အောက်ခြေဆောက်လုပ်ရေးဝန်ထမ်းတွေက လယ်သမာတွေရဲ့လယ်ကို မသမာတဲ့နည်းနဲ့ ယူဖို့ကြိုးစားနေတဲ့ဖြစ်ရပ်ပေါ့။
ကျွန်တော်အနေနဲ့ အချင်းဖြစ် လယ်ယာမြေ(၂.၇၅)ဧက မူလပိုင်ရှင်လယ်သမား(၃)ဦးရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဥပဒေအရ တရားဝင်ပြန်လည်ရရှိအောင် ကြိုးစားသွားမှာပါ " ဟု ပြောကြားသည်။

အမြန်လမ်းစီမံကိန်းပြီးစီးသော်လည်း ယနေ့အချိန်ထိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လယ်သမားများ သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသည့် အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နားစခန်းအနီးရှိ လယ်မြေ(၂.၇၅)ဧကအား
ပြည်ထောင်စုအစိုးရအဖွဲ့မှ မည်သူပိုင်ဆိုင်ကြောင်း အဖြေမထွက်ရှိသေးသည့်အထွက် ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာလမ်းပြကြယ်

No comments:

Post a Comment