Saturday, March 8, 2014

စစ်မှုထမ်းဟောင်းတစ်ဦး၏ ဒုက္ခ နိုင်ငံတော်သမ္မတကြီးသိစေရန် (ရုပ်/သံ)



ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တံတားဦးကျေးရွာ၊ အိမ်အမှတ်(၂၅)တွင် နေထိုင်သော အဘ ဦးမောင်စိန်(သ)၈၃နှစ်၏ အငြိမ်းစားလစာထုတ် စာအုပ်အား ရေတာ ရှည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြည် ထံသို့ အပ်နှံထားခဲ့ရာမှ ပြန်လည်တောင်ခံ၍မရသဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မြန်မာနိုင် ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်သို့ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
စစ်မှုထမ်းထမ်းဟောင်း အဘ ဦးမောင်စိန်(ငြိမ်း)သည် ၀န်ကြီးချုပ်သခင်နုလက်ထက် ရဲဘော်ဖြူဘ၀ကတည်းကပင် စစ်မှုထမ်းလာခဲ့တာဖြစ်ပြီး အမှတ်(၃၁)ခြေလျှင်တပ်ရင်း၊ သံဖြူဇရပ်တွင် ကိုယ်ပိုင်အမှတ်-၇၂၄၉၊ တပ်သား အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၄င်းတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သော တိုက်ပွဲတစ်ခုတွင် ဒူးခေါင်း သေနပ်ဒဏ်ရာရရှိ၍ ဆေးပင်စင်ဖြင့် အငြိမ်းစားရရှိခဲ့သူဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင်အမှတ် ပခ(ရှေ့)၀၄၄၂၂ တပ်သား မောင်စိန်(ငြိမ်း)ဖြစ်ကြောင်း စာရွက်စာတမ်းအထောက်အထားများတွင် တွေ့ ရှိရသည်။ စစ်မှုထမ်းဟောင်း အငြိမ်းစားလစာအား တစ်လလျှင် ၅၀၀ မှ ၂၀၀၀ ကျပ်အား ၂၀၀၀ခုနှစ်အထိ ထုတ်ယူရရှိခဲ့ပြီး နောက်ပိုင်း ပင်စင်လစာများတိုးပေးချိန်တွင် ရေတာရှည်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူး ဦးကြည်အောင်မှ အပ်နှံထားသည့် အငြိမ်းစားလစာထုတ်အုပ်အား ပြန်မပေးသဖြင့် ယနေ့အချိန်ထိ ပင်စင်လစာထုတ်ယူခွင့်မရရှိခဲ့ကြောင်း တပ်သား ဦးမောင်စိန်(ငြိမ်း)မှ ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၊ တောင်ငူမြို့သို့ တပ်သား မောင်စိန်(ငြိမ်း)၏ အငြိမ်းစားလစာထုတ်စာအုပ်ကိစ္စ စိစစ်တင်ပြသွားရန် အကြောင်းကြား စာပေးပို့ခဲ့ပါသည်။ သို့သော် စစ်မှုထမ်းဟောင်း တပ်သား ဦးမောင်စိန်(ငြိမ်း)အနေဖြင့် သမီးတစ်ယောက်၊မြေး(၃)ယောက်တို့နှင့်အတူ မှီခိုနေထိုင်နေရပြီး ယနေ့အချိန်ထိ အငြိမ်းစားလစာထုတ်စာအုပ်ပြန်လည်မရရှိသေးသလို ပင်စင်လစာထုတ်ယူခွင့်ပြန်မရရှိသေးကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲကြီးများသိ
ရှိစေရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ 

ဒါက်တာလမ်းပြကြယ်

No comments:

Post a Comment