Tuesday, March 19, 2013

ပဲခူးမြို့ စီမံကိန်းဧရိယာ(၃)ခုအတွင်း ဖယ်ရှားခြင်းခံရမည့် လယ်သမားမိသားစုများမှ ဆန္ဒထုတ်ဖော်ခွင့်လျှောက်မည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ စီမံကိန်းဧရီယာ(၃)ခုအတွင်း ကျူးကျော်ဝင်ရောက် စိုက်ပျိုးလုပ်ကိုင် အခြေချနေထိုင်သူများဟု အမည်တပ်၍ ဖယ်ရှားခြင်းခံရသည့် အိမ်ထောင်စုအရေအတွက်(၁၅၀၀)ကျော်
အနက်မှ ကျန်ရှိသော (၇၈)ဦးအား (၁၉၊ ၃၊ ၂၀၁၃)ရက်နေ့  ညနေ(၅း၀၀)နာရီအချိန်ခန့်တွင် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းမှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျူးကျော်ဝင်ရောက်နေထိုင်သူများ စီမံကိန်းဧရိယာအတွင်းမှ အမြန်ဖယ်ရှားပေးရန်နှင့် မြို့သစ်နေရာချထားပေးရေးနေရာတွင် ဖယ်ရှားခြင်းခံရသည့် အိမ်ထောင်စုတစ်စုလျှင်  ၂၅ x ၄၀ ပေ ခြံတစ်ကွက်မဲနိုက်ယူရန် နောက်ဆုံးအကြီမ်ခေါ်ယူသတိပေးခြင်းဖြစ်တယ်လို့ အစည်းအဝေတတ်ရောက်သူ လယ်သမား
တစ်ဦးမှ ပြောသည်။


လေယာဉ်ကွင်း၊ စက်မှုဇုန်၊ ပဲခူးတက္ကသိုလ် စီမံကိန်းဧရိယာအတွင်း နေထိုင်ကြသူ အများစုမှာ ကျူးကျော်ဝင်ရောက် နေထိုင်သူများမဟုတ်ပဲ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင် စားသောက်လာခဲ့သာ လယ်သမားမိသားစုများနှင့် ဥယျာဉ်ခြံပိုင်ရှင်မိသားစုများသာဖြစ်ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား)ပဲခူးခရိုင်ချုပ်အုပ်ရေးမှူးမှ ပြန်လည်အစားပေးသော ၂၅x၄၀ ပေခြံကွက်သည် ဖယ်ရှားပြောင်းရွေ့ခြင်းခံရမည့် မိသားစုများအတွက် လုံလောက်သော ဧရိယာမဟုတ်သည့်အတွက် မဖယ်ရှားပေးနိုင်ကြောင်း၊ နိုင်ငံတော်စီမံကိန်းဖြစ်ပါက မူလဆင့်ထက်မနိပ့်ကျသော အခွင့်အရေးတစ်ရပ်ပြန်လည်းရရှိမှသာ ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း၊ တရားမထောင်(၁)လချလည်း ဒီနေရာမှ ဖယ်ရှာပေးမည်မဟုတ်ကြောင်း အဆိုပါ လယ်သမားမှပြောသည်။

ယင်းစီမံကန်းဧရိယာ(၃)ခုအတွင်း ဖယ်ရှားခြင်းခံရမည့် မိသားစုများမှ စိုက်ပျိုးလုပ်ကိုင်စားသောက်နိုင်သော မြေများအစားထိုးပြန်လည်ရရှိရေးအတွက် တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် (၂၀၊ ၃၊ ၂၀၁၃) ရက်နေ့တွင် ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ သွားရောက်လျှောက်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ဆက်သွယ်စုံစမ်းနိုင်ရန် ဖုန်း ၀၉၄၂၈၀၄၆၂၇၂ ဦးလေးနိုင်ဦးထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်)

                                                                                                                             ဆု

No comments:

Post a Comment