Thursday, February 7, 2013

ဇေကမ္ဘာသိမ်းဆည်းသော လယ်မြေများအရေး စုံစမ်းရန် လာရောက်ခြင်း မူမမှန်သဖြင့် ပျက်ပြယ်

          ၇.၂.၂၀၁၃ ရက်နေ့မှာ ဇေကမ္ဘာ ဦးခင်ရွှေက လယ်သမားများကို ရိုက်နှက်မောင်းနှင်တော့မယ့် သတင်း၊ ဦးနေမျိုးဝေကို ကြိုးတုတ်ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကို ပြည်တွင်းမီဒီယာတွေကနေပဲ ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒီနေ့လယ်သမားတွေဟာ အခြေအနေကို မျက်ကလဲ ဆန်ပြာ စောင့်စိုင်းနေခဲ့ကြပေမယ့် ထောက်လှမ်းရေးအဖွဲ့တွေက လွဲပြီး မည်သူမျှရောက်ရှိမလာခဲ့ပါဘူး။ အဲဒီနေ့ညနေမှာပဲ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးက တာဝန်ရှိသူတစ်ဦးနဲ့ ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးတို့ဟာ လယ်မသားတွေကို မြေယာစုံစမ်းရေးက လာတွေ့မယ်ဆိုပြီး ၀တ်ကျေတန်းကျေလာပြောပါတယ်။

          နေပြည်တော်ကို ရောက်ရှိနေတဲ့ ဦးနေမျိုးဝေက ခင်ဗျားတို့ သွားတွေ့လို့ ထပ်အလိမ်ခံရရင် ကျွန်တော် ဆက်မတိုက်တော့ဘူး။ ကျွန်တော်တို့ လိုက်လို့ရ/မရ မေးမြန်းခိုင်းပါတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးကို သင်္ဃန်းကျွန်းကြီးကျေးရွာက ဦးမြင့်သိန်း နဲ့ ရွှေနံ့သာကျေးရွာက ဦးကျော်စိန်တို့ သွားမေးတဲ့အခါမှာ ဘယ်သူပဲ ဖြစ်ဖြစ် ၀င်တွေ့လို့ ရပါတယ်လို့ ပြောပါတယ်။
          ဒီကနေ့ (၈.၂.၂၀၁၃) ရက်နေ့မှာ ရွှေနံ့သာ ၊ ဘားလား ၊ ဆင်ဖုံ ၊ သင်္ဃန်းကျွန်းကြီး ၊ ပေါက်တလောက် ၊ ချစ်တီးကုန်း က လယ်သမားတွေဟာ ဇေကမ္ဘာ သိမ်းဆည်းထားတဲ့မြေထဲကပဲ လမ်းလျှောက်ပြီး ထွေအုပ်ရုံးကို သွားခဲ့ကြပါတယ်။ ရောက်ရှိတဲ့အခါမှာ ဦးအောင်သိန်းလင်းကို ဦးနေမျိုးဝေက ရိုရိုသေသေ နှုတ်ဆက်ပေမယ့် လည်း ဦးအောင်သိန်းလင်းက မတူသလို ၊ မတန်သလို ပုံစံမျိုးပြုမူဆက်ဆံပါတယ်။ သူတို့အဖွဲ့ထဲမှာ ဇေကမ္ဘာ ဦးခင်ရွှေပါဝင်ပြီး “ဒီကိုလာဖို့ လွှတ်တော်အရေခွံလည်း ချွတ်လာတယ်။ ပါတီ အရေခွံလည်း ချွတ်လာတယ်”လို့ ရင်ထိုးတပ်မထားတဲ့ အင်္ကျီကိုလှန်ပြပါတယ်။
          အဲဒီအချိန်မှာ မြို့နယ်အဆင့်ရှိတဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တစ်ဦးက ရွှေနံ့သာလယ်သမား ဦးကျော်မြင့်ကို ဦးလေးတို့လည်း အမှန်အတိုင်းပြော ၊ အဘကလည်း ဒါကို နားထောင်ဖို့လာတာ။ ကျွန်တော်တို့ ပါတီဝင်တွေ လည်းအပြင်ကနေပဲ စောင့်နေမယ်ဆိုတဲ့ပုံစံမျိုးပြောပြီး ဦးနေမျိုးက ကျွန်တော်မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌပါလို့ နှုတ်ဆက်တာကို အဲဒီမြို့နယ်အဆင့်ရှိတဲ့ ကြံ့ခိုင်ရေးကပဲ အဲဒါတွေ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ ပါတီဝင်တွေလည်း အပြင်မှာပဲနေမယ်လို့ပြောဆိုပါတယ်။
          ဦးနေမျိုးဝေကတော့ ခင်ဗျားတို့လယ်သမားတွေ ဆန္ဒရှိတဲ့သူ ၀င်လို့ရတယ်။ ထပ်ပြီး မလိမ့်တပတ် အလုပ်ခံရလို့ ထပ်တိုက်ဖို့လိုလာရင် လာမခေါ်နဲ့လို့ တစ်ခါတည်း အပြတ်ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ၀င်တွေ့ ချင်သူ လယ်သမားအချို့လည်း ၀င်မတွေ့ဘဲ ပြန်လိုက်ခဲ့ကြပါတယ်။ ဦးအောင်မျိုးဦးမှလည်း ခင်ဗျာတို့ကို ဘာမှ မတားဘူး။ ခင်ဗျားတို့ ဆန္ဒအတိုင်းလုပ်လို့သာ ပြောဆိုခဲ့ပါတယ်။ ဦးအောင်မျိုးဦးကတော့ လယ်မသားတွေ မူမမှန်တဲ့အတွက်ပါ ပြန်သွားပြီ။
          ဒီနေ့ပွဲအတွက် ကြိုတင်ပြီး ၀င်ရောက်ခွင့် ရှိမရှိ မေးမြန်းထားပါလျှက် ၀င်ခွင့်ရှိတယ်လို့ ပြောပြီး အခုတမျိုး၊ တော်ကြာတစ်မျိုး လုပ်တဲ့သူအားလုံးကိုလည်း ဦးနေမျိုးဝေက ငါ့မှာ ဘာလက်နက်မှ မရှိဘူး။ လက်ပဲ ရှိတယ်။ ကြိုက်တဲ့ကောင် ယှဉ်လို့ရတယ်လို့ မီဒီယာရှေ့မှာပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

copy from ပြည်သူဟစ်တိုင်

No comments:

Post a Comment