Sunday, December 9, 2012

ကိုယ့်နိုင်ငံသားအချင်းချင်း အုပ်ချုပ်ခြင်းကိုသာ ခံယူလိုကြကြောင်း အင်းလေးရှုးဖိနပ်စက်ရုံ အလုပ်သမား များပြောဆို



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အင်းလေးရှုးဖိနပ်စက်ရုံအတွင်း အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကို အလုပ်သမားများဘက်မှရပ်တည်ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုပေးသော မန်နေဂျာတစ်ဦးအား အလုပ်မှထုတ် ပယ်ခဲ့ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရှိရသည်။
မိသားစု စားဝတ်နေရေးအတွက် လာရောက်လုပ်ကိုင်နေကြသော အလုပ်သမားများကို ကိုရီးယာလူမျိုးများမှ ရိုင်းပြစွာဆက်ဆံပြောဆိုခြင်းနှင့် စကားပြန်များ၏ ချယ်လှယ် ဗိုလ်ကျစိုးမိုးမှုများကို နေစဉ်အမျှရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။ ကိုရီးယားစကားပြန်များသည် မြန်မာအလုပ်သမားများဘက်မှ ရပ်တည်ပေးမှုမရှိဘဲ တိုင်း တစ်ပါး သားများ၏ အလိုတော်ကျအတိုင်း ပြုမှုဆောင်ရွက်နေသည့်အတွက် စက်ရုံအတွင်း အလုပ်သမား အခွင့်အရေး နစ်နာဆုံးမှုများဖြစ်ပေါ်လာခဲ့ရပါသည်။ အလုပ်သမားအခွင့်အရေးဆိုသည်မှာ…

(၁) နိုင်ငံတော်က သက်မှတ်ထားသည့် အလုပ်ချိန်ထက် ပိုမိုခိုင်းစေခြင်း။
(၂) OT ခေါ် အချိန်ပိုကြေးနှင့် လုပ်အားခများကို ရုံးမှတွက်ချက်ပေးသည်ကိုသာ ယူရခြင်း၊
(၃) လုပ်အားခနှင့်ပတ်သက်၍ မရှင်းလျှင် ပြန်လည်မေးမြန်ပိုင်ခွင့်မရှိခြင်း။
(၄) အလုပ်သမားများ၏ သာရေး၊ နာရေးနှင့် ကျန်မာရေးတို့အတွက် ရှောင်တခင်ခွင့်မပေးခြင်း။
(၅) စက်ရုံဖယ်ရိးကားကို ဖြစ်သလိုစီစဉ်ပေးသည့်အတွက် အလုပ်သမားများ အသွားအပြန် အခက်အခဲ ကြုံ တွေ့ရခြင်း။
(၆) အလုပ်သမားများ သောက်သုံးရန် သောက်သုံးရေ အပြည့်အ၀မရရှိခြင်း။
(၇) ရေလောင်းအိမ်သာများကိုလည်း ကျန်းမာရေးနှင့်ညီညွတ်အောင် စီမံဆောင်ရွက်ပေးခြင်းမရှိခြင်း။
(၈) ရေးလောင်းအိမ်သာအတွင်း သုံးရေအပြည့်အ၀မပေးခြင်း။
(၉) ကိုရီးယားလူမျိုးများမှ မြန်မာအလုပ်သမားများအပေါ် ရိုင်းပြစွာဆက်ဆံခြင်း။
(၁၀) ကိုရီးယားစကားပြန်များနှင့် ကိုရီးယားစကားတက်ကျွမ်းနားလည်သော ဦးမြင့်ဦးတို့၏ ချယ်လှယ်ဗိုလ်ကျမှု များကြောင့် စက်ရုံအတွင်း နိုင်ငံတော် အသိအမှတ်ပြု အလုပ်သမားသမဂ္ဂအဖွဲ့မှ ဖြေရှင်းလို့မရခြင်းတို့ဖြစ် ပါသည်။
အဆိုပါအလုပ်သမားအခွင့်အရေးများကို အလုပ်သမားများဘက်မှ ရပ်တည်ပြီး တောင်ဆိုပေးခဲ့သော မန်နေ ဂျာတစ်ဦးအား ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်မှ အကြောင်းမဲ့ထုတ်ပယ်ခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ သောပုဂ္ဂိုလ်မျိုးကို အကြောင်းမဲ့ထုတ်ပစ်ခဲ့သည့်အတွက် စက်ရုံးအတွင်း အလုပ်လုပ်နေသော အလုပ်သမား များအနေဖြင့် အကြောင်းအမျိုးမျိုးရှာပြီး ဘယ်နေ့အလုပ်မှ ထုတ်ပယ်ခြင်းခံရမလဲဆိုတာ  စိုးရိမ်ပူပန်နေကြ ကြောင်း အလုပ်သမားတစ်ဦးမှပြောပါသည်။
နိုင်ငံသားပိုင် (ကမ္ဘောဇ)ကုမ္မဏီဖြစ်ပြီး ကိုရီးယားလူမျိုးများမှ လုပ်ငန်းခွင်အတွင်း ချယ်လှယ်အုပ်ချုပ်နေခြင်း ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် စက်ရုံးအတွင်း အလုပ်သမားသမဂ္ဂအဖွဲ့နှင့် မြန်မာအလုပ်သမားများမှ ကိုယ့်နိုင်ငံသားအချင်းချင်း အုပ်ချုပ်ခြင်းကိုသာ ခံယူလိုကြကြောင်း စုံစမ်းသိရှိရသည်။
                                                                                                                    ပဲခူးသား

No comments:

Post a Comment