Wednesday, January 2, 2013

နင်းပြားကို ပျင်းသနားတယ်ဆိုပြီး နင်းစားနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး

 
ဘိုကလေးမြို့နယ် မင်းဂံ ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ အကယ်ကြီးကျေးရွာ ၊ဦးစိန်စုကျေးရွာ၊(၃)ရွာမှ ၂၀၁၁-၁၂ခုနှစ်   မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ   ဘဏ်ချေးငွေမထုတ်ယူဖူးသေး သော လယ်သမား(၇၀)ကျော်အား၊   မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးမှ ဘဏ်က ငွေထုတ်ယူလို လျှင် လယ်သမားတစ်ဦးလျှင် ငွေ (၁၆၀၀၀)ကျပ် ကောက်ယူ၍သဖြင့် လယ်သမား(၇၀)ကျော်က မကျေ နပ်ကြောင်း ၎င်းလယ်သမားထဲမှ   အာမခံ(၂၄)ဦးနှင့်လယ်သမားခေါင်း ဆောင်များ၏ပြောကြားချက်အရ သိရှိရပါသည်။

အကယ်ကြီးကျေးရွာမှ လယ်သမားကြီးဦးသန်းဇော်က  လယ်သမားတစ်ဦးလျှင်(၁၆၀၀၀)  နှုန်းဖြင့် (၁၀)ဦးအတွက် (၁၆၀၀၀၀)ကျပ်ကို ကျေးရွာအုပ် ချုပ်ရေးမှူးဦးသန့်ဇော်လက်ထဲသို့ ပေးလိုက်ကြောင်းနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လယ်သမားတစ် ဦးလျှင် (၁၆၀၀၀)မပေးနိုင်ပါက မိုးဘဏ်ချေးငွေထုတ်မပေးနိုင်ဟု ပြောကြားကြောင်း ပြောကြားပါ သည်။
ကျောင်းစုကျေးရွာမှလယ် သမားခေါင်းဆောင်ကြီး ဦးကံဆင့်  က ၂၀၁၁ခုနှစ်တွင် ချေးငွေထုတ်  ယူထားသော လယ်သမားဟောင်း  များ ဆောင်းဘဏ်ချေးငွေမဆပ် နိုင်၍ ၂၀၁၂ခုနှစ် မိုးဘဏ်ငွေ ထုတ်ချေးချိန်တွင် ဆောင်းဘဏ်ချေးငွေ၏ အတိုးနှုန်းများဖြစ်သော ဘဏ်တိုး၊ဒဏ်တိုးများအပြင် သီး သန့်အတိုးနှုန်း ၁၀၀လျှင် အတိုးနှုန်း(၈)ကျပ်ဖြင့် ကျေးရွာဘဏ် အတွင်းရေးမှူးဦးသိန်းစိုးက ၂၀၁၂  ခုနှစ် မိုးဘဏ်ထုတ်ချေးရက်တွင်   နုတ်ယူထားကြောင်းပြောကြား   ပါသည်။
ဆက်လက်၍ ၎င်းကျေး ရွာများတွင် ရေနံမြေရှာဖွေရေး အဖွဲ့က လယ်များအတွင်း ဒိုင်းနမိုက်ခွဲ၍ရေနံရှာဖွေရာ ပျက်စီးဆုံးရှုံး သွားသော လယ်များအတွက် နစ် နာကြေးငွေပေးလျော်ပါသော် လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်အလွဲသုံးစားပြုလုပ် ထားကြောင်း  ဂျာနယ်သို့ပြောကြားပါသည်။
ဦးစိန်စုကျေးရွာမှ လယ်သ မားကြီးဦးမြင့်အောင်က ဦးစိန်စု ကျေးရွာမှ လယ်ဧက(၂)ဧကရှိ သော ဦးအောင်သန်းမှာ ငွေ ၁၆၀၀၀ မပေးနိုင်၍ ဘဏ်ချေး  ငွေမထုတ်ရကြောင်း၊ကျေးရွာဘဏ် အတွင်းရေးမှူး ဦးသိန်းစိုးကလယ် သမားများထံ ၁၀၀လျှင်(၈)ကျပ် အတိုးနှုန်းဖြင့် ၎င်းင်းယူထားငွေများ ကို လယ်သမားများအား ပြန်လည်  ပေးပါမည်ဟု ကတိစကားပြော ကြားထားသော်လည်း ၎င်းတစ်ဦး  ထဲကိုသာပေးရန်ငွေ ၂၄၄၀၀အ နက်မှ ၅၀၀၀သာ ပေးသေးကြောင်း နှင့် ရေနံမြေရှာဖွေရေးအဖွဲ့(ဒိုင်နမိုက်)ခွဲခြင်းကြောင့် နစ်နာပျက် စီးသွားသော လယ်အတွက်လျော်  ကြေးငွေကိစ္စကို ဘိုကလေးမြို့နယ်၊   မြို့နယ်အုပ်ချုပ်ရေးမှူးဦးထင်ကျော်  အားသွားရောက်မေးမြန်းရာ လယ်သမား(၂၂)ဦးလယ်အတွက်   လျော်ကြေးငွေကို ကျေးရွာအုပ် ချုပ်ရေးမှူးအား ပေးလိုက်ပြီဖြစ် ကြောင်းသိရှိရ၍ ကျေးရွာအုပ်ချုပ်  ရေးမှူးဦးသန့်ဇော်သည် ၄င်းငွေ များကိုအလွဲသုံးစားပြုလုပ်ထား ကြောင်း ပြောပါသည်။
ဦးစိန်စုကျေးရွာမှ လယ်သ မား ကိုဇော်မင်းက ၄င်းတွင်လယ်   (၅)ဧကရှိကြောင်း၊ သို့သော် ငွေ ထုတ်ချေးရာတွင်(၂)ဧကအတွက် တစ်ဧကလျှင် ၅၀၀၀၀နှုန်းဖြင့်   ၁၀၀၀၀၀ကျပ်ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှငွေတောင်းရာတွင်  တခြားလယ်သမားများအား ၁၆၀၀၀တောင်းသော်လည်း သူ ကျမှ ၃၀၀၀၀တောင်း၍ ဈေးဆစ်  ရာ ၂၅၀၀၀သာပေးဟုဆို၍ပေး လိုက်ရသည်ကို မကျေနပ်ကြောင်း  ပြောပြပါသည်။
ကျောင်းစုကျေးရွာမှ အသက်  (၈၀)ကျော်ခန့်ရှိ လယ်သမားကြီး ဦးသန်းတင်ကနိုင်ငံတော်အစိုးရမှ   လယ်သမားများအား ကူညီမှုများ  ပေးနေသော်လည်း အောက်ခြေ  ဖြစ်သော ဘိုကလေးမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက    ဘဏ်ငွေထုတ်လျှင် ၁၀၀၀၊၂၀၀၀၊   ၃၀၀၀ အနည်းဆုံးကောက်ခံနေပြီး   မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးက တော့ ၁၆၀၀၀ကောက်တဲ့အတွက်  ကြောင့် မကျေနပ်ကြောင်းပြော ပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍မြို့ နယ်အုပ်ချုပ်ရေးမှူးထံသို့ တိုင် ကြားရာမြို့နယ်ဘဏ်မန်နေဂျာက ခေါ်ယူညှိနှိုင်းပေးသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန့် ဇော်ကပြန်
လည်မပေးနိုင်ကြောင်း မချေမငံခြိမ်းခြောက်ပြောဆိုမှု ကြောင့် သက်ဆိုင်ရာ မြို့နယ်-   ခရိုင်-တိုင်းဒေသကြီးအစိုးရအဖွဲ့ က အရေးယူဆောင်ရွက်သွားနိုင် သည်အထိတိုင်ကြားသွားမည်ဟု   လယ်သမားခေါင်းဆောင်များက  ပြောပြပါသည်။
အရိန္ဒမာ(ဘိုကလေး)
copy from http://www.hotnewsweekly.com

No comments:

Post a Comment