Wednesday, October 10, 2012

ဇေကမ္ဘာနှင့်ပြိုင် ဘယ်သူနိုင်မှာလဲ

 
ဇေကမ္ဘာကုမ္မဏီ မန်နေဂျာ ဦးမြင့်ဇော်မှ တရားလိုလုပ်ပြီး ဦးနေမျိုးဝေအား သရေပြတ်မှုဖြင့်ဆွဲဆိုထားသော အမှုကိစ္စနှင့်ပတ်သက်ပြီး တရားလို
ရှေ့နေမှ နမိတ်ပြမေးခွန်းများ မေးခွင့်ရှိ/မရှိကို မနက်ဖြန် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဥပဒေသုံးသပ်ချက်နှင့်အညီ နှစ်ဖက်ရှေ့နေများ လျှောက်
လွဲချက်တင်ရမှာ ဖြစ်ပါတယ်။ ရုံးတော်သို့ ဥပဒေသုံးသပ်ချက်များနှင့်အညီ တင်ပြလာသည့် လျှောက်လွဲချက်များကို အောက်တိုဘာလ(၁၈)ရက်နေ့တွင်
တရားလိုအကျိုးတော်ဆောင် ရှေ့နေမှ တရားလို ဦးမြင့်ဇော်အား နိမိတ်ပြမေးခွန်း မေးခွင့်ရှိ/မရှိကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အဆိုပါလျှောက်လွှဲချက်နှင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများ အပြိုင်အဆိုင် ဘယ်လိုတွေတင်ကြဦးမလဲဆိုတာ မနက်ဖြန် အောက်တိုဘာလ(၁၁)ရက်နေ့တွင်
မင်္ဂလာဒုံမြို့နယ်တရားသို့ နံနက်(၁၀)နာရီတွင် လာရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

ကိုရှင်

No comments:

Post a Comment