Saturday, October 13, 2012

လျှပ်စစ်ဓာတ်ကြိုးမြေပေါ်သို့ညွတ်ကျ၍ ပလတ်စတစ်ကောက်သူသေဆုံး

 
စစ်ကိုင်းတိုင်းဒေသကြီး၊ကော လင်းမြို့နယ်၊တဲကြီးကုန်းကျေးရွာ အနီး လယ်ကွင်းအစပ်တွင် ပလတ်  စတစ်ကောက်သူ အမျိုးသမီးတစ် ဦးက မြေပေါ်သို့ညွတ်ကျနေသော   လျှပ်စစ်ဓာတ်ကြိုးဖြင့်ထိ၍ အောက်တိုဘာ(၁)ရက်က နေရာ တွင်သေဆုံးကြောင်း တဲကြီးကုန်း  ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင် သက်ဦးက သတင်းပေးပို့သည်။

ဖြစ်စဉ်မှာ ကောလင်းမြို့နယ်   ရဲစခန်း စခန်းမှူး-ဒုရဲအုပ်စိုးမြင့်  က ရဲစခန်းတွင် တာဝန်ထမ်း ဆောင်နေစဉ် အောက်တိုဘာ(၁)  ရက်နေ့ (၁၁း၃၀)အချိန်က ကော လင်းမြို့၊ကျော်ဇေယျာမြောက်ပိုင်း နေ ဒေါ်ခင်တင့်(၆၅)နှစ် (ဘ)ဦး    မောင်လေး၊ပလတ်စတစ်ကောက် သူက ကောလင်းမြို့နယ်၊တဲကြီး ကုန်းကျေးရွာအနီးလယ်ကွင်းစပ် တွင်ပလတ်စတစ်ဗဘူးခွံများလိုက် လံကောက်ယူရာမှ မြန်မာ့လျှပ်စစ်   ဓာတ်အားလိုင်းမှ သွယ်တန်းထား သော ဓာတ်ကြိုးမှာ မြေပြင်အထက်  တစ်ပေခြောက်လက်မခန့်ထိ လျော့ကျနေသည်ကို ထိမိပြီး ဓာတ်လိုက်ရာ မျက်နှာတွင် ညိုမဲ  ဒဏ်ရာရရှိပြီး သေဆုံးရသည်။
အဆိုပါအမှုအား သေမှုသေခင်းအမှုဖွင့်ပြီး ကောလင်းမြို့နယ်  ရဲစခန်းမှ စခန်းမှူးဒု-ရဲအုပ် စိုးမြင့်  က အမှုကိုစစ်ဆေးနေကြောင်း သိရသည်။

မူးရင်းသတင်း= ဟော့နယူးဂျာနယ်


ရွှေလင်းပြည့်စုံ

No comments:

Post a Comment