Saturday, September 22, 2012

ဆိပ်ကမ်းမြို့နယ်ရှိ နီလာစက္ကူစက်ရုံဆန္ဒပြမှု အလုပ်သမားဘက်မှ အနိုင်ရ


ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၅၉ ဦးရွှေဘင်လမ်းနီလာစတားစက္ကူစက်ရုံရှိ လုပ်သားလေးဦးမှာ စက်တင်ဘာ ၁၉ ရက် နေ့မှ စ၍ အချက် ခုနှစ်ချက်ပါတောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ရာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် အလုပ်ရှင်ဖက်မှ တောင်းဆိုချက်အားလုံးကို လိုက်လျှောပေးခဲ့ကြောင်းသိရသည်။တောင်းဆိုချက်များမှ ၇ ချက်ရရှိသော်လည်း အဓိကကျသည့် အချက် နှစ်ချက်ဖြစ်သည့် ၃။ လုပ်သက်ခွင့် ၊ ရှောင်တခွင်ခွင့် နှင့် ဆေးခွင့်များ ကို ဥပဒေပါ အတိုင်းခံစားခွင့်ပြုရန်။ ၄။ အဆောင်ကြေး နှင့် ထမင်းစရိတ်အတွက် လျှော့ချပေးသည့်ငွေ(၁၇၀၀၀) အားလစာငွေထဲတွင် ထည့်သွင်းပေးရန်။ ဖြစ်သည့် အချက် နှစ်ချက်ကို အလုပ်ရှင်ဘက်မှ လိုက်လျှောမှုမရှိခဲ့သည့်အတွက် ဆန္ဒပြရက် ၂ ရက်ကြာမြင့်သွားခြင်းဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၂၀ မွန်းလွဲပိုင်းတစ်နာရီ ကျော်အချိန်အထိ နီလာစက္ကူစက်ရုံလုပ်သားများ နှင့် အလုပ်ရှင်မှ အခြေအတင် ဆွေးနွေးခဲ့ကြပြီး ၊ အလုပ်ရှင်ဘက်မှ လုံးဝသဘောမတူသည့် အခြေအနေကို ရောက်ရှိနေသော်လည်း နောက်ပိုင်းတွင် ဌာနဆိုင်ရာ နှင့် ပြင်ပ အလုပ်သမားအဖွဲ့အစည်း မီဒီယာများရောက်ရှိလာသောကြောင့် အလုပ်ရှင်ဘက်မှ လိုက်လျှောခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါ နီလာစက္ကူစက်ရုံ ပိုင်ရှင်မှာဒေါ်စန်းစန်းမြင့်ဟု သိရပြီး အဆိုပါ နီလာစက္ကူစက်ရုံမှာ မြန်မာနိုင်ငံရှိ နာမည်ကြီး နီလာဒံပေါက် မှ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

မျိုးမြင့်

No comments:

Post a Comment