Saturday, September 22, 2012

မြန်မာအလုပ်သမားတစ်ဦးသတ်ဖြတ်ခံရ

စက်တင်ဘာ ၂၁
မြတ်ညို(အလွတ်သတင်းထောက်)
     ထိုင်းနိုင်ငံ အရှေ့ မြောက်ပိုင်း ခေါင်ကဲင်ခရိုင် နန့် ဖောင်မြို့နယ် အပိုင် တောစပ် တနေရာတွင် လူသေ အလောင်း တလောင်းတွေ့ ရှိရာ ထိုင်းရဲများ လာရောက် စစ်ဆေးရာ လူပျောက်တိုင်ကြားထားေ သာ မြန်မာအလုပ်သမားဖြစ်နေကြောင်း သိရှိခဲ့ရ သည်။
       ထိုင်းအာဏာပိုင်များက လူပျောက်အမှုဖွင့် တိုင်ကြား ထားသည့် ခေါင်ကဲင်မြို့ရှိ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံသို့၂၀၁၂ ခု သြဂုတ်လ ၂၁ ရက်နေ့ ကအကြောင်းကြား လာခဲ့သည်။ သားငယ် ကိုကျော်မင်းနောင် ပျောက်ဆုံးသဖြင့် တိုင်တန်း ထားသော ဖခင် ဦးကျော်သန်း မိခင် ဒေါ်ဝင်း သားကြီး ကိုစိုးမင်းနောင် နှင့် စက်ရုံ မှ တာဝန်ရှိသူများ နှင့်   မြန်မာစကါးပြန်များပါ သွားရောက် ကြည့်ရှုခဲ့ ကြသည်။ မိခင်ဒေါ်ဝင်းက“ဖိနပ် ဂျင်းဘောင်းဘီ ခါးပါတ် ဒီပစ္စည်းတွေက အကြီးကောင်ရော အငယ်ကောင်ရော အတူတူ ဝယ်ပြီး ဆင်ထားပေးတာပါ ဒါကြောင့် ဒီပစ္စည်းတွေ မြင်တာ နဲ့ကျမှ သားဆိုတာပြောနိုင်ပါတယ်”ဟုပြောသည်။ အလောင်းကို ဆေးရုံသို့ ယူဆောင်သွားပြီးနောက် တာဝန်ရှိသူများက ဖခင် နှင့်မိခင်တို့၏သွေးမှားကို ယူပြီး DNA(မျိုးရိုးဗီဇ) စစ်ဆေးမှုအား ၃လခန့်အကြာတွင် အဖြေသိရမည်ဖြစ်ကြောင်း ပြောသည်။
               သေဆုံးသူ အသက် ၁၈ နှစ်အရွယ် ကိုကျော်မင်းနောင်သည် လွန်ခဲ့သော ဇူလိုင်လ ၁ ရက် တနင်္ဂနွေနေ့က စက်ရုံတွင် အတူ တူ အလုပ် လုပ်နေသော ထိုင်းနိုင်ငံသား တစ်ဦးနှင့် အလုပ်ပိတ်ရက် ကုန်တိုက်တွင် ဆောင်းဘောက် ကြည့်ရန်အတူတူသွားခဲ့ကြသည်။ သူ့တွင် တစ်ကျပ်သား ကြုံတစ်ကုံး နှင့်၅မူးသား လက်စွတ် တစ်ကွင်းနှင့် ပိုက်ဆံ ဘတ် ၂၀၀ ပါသွားခဲ့သည်။
       ကုန်တိုက်မှ ပြန်လာပြီး ထိုင်းမိတ်ဆွေက သူ့ ရွာ အလည်ခေါ်သဖြင့် လိုက်သွားကြောင်း၊ အလုပ်ရုံမှ မြန်မာမိတ်ဆွေများနှင့် ကန်စွန်းရွက် ခူးသွားရန် မမှီတော့ကြောင်း သူငယ်ချင်းများထံ ဖုန်းဖြင့်နောက်ဆုံး အသိပေး အကြောင်းပြန်ခဲ့သည်။ နောက်တနေ့တွင် ခေါ်ဆောင်သွားခဲ့သည့် ထိုင်းပြန်လာသည့်အခါ ကိုကျော်မင်းနောင် ပါလာ သဖြင့် သွားရောက်မေးမြန်းရာ သူမသိ သူမခေါ်သွားကြောင်း ထိုင်းလူငယ်က   ငြင်းဆန်ပါသည်။ နယ်မြေရဲစခန်းအား အကြောင်းကြားခဲ့ရာ ထိုင်းလူငယ်ကိုခေါ်ယူသွားခဲ့ပြီး ညနေတွင်   ပြန်လည်လွတ်ပေးလိုက်သည်။ ထို့နောက်ပိုင်း မှ ထိုင်းလူငယ်မှာ အလုပ်ရုံမှ ထွက်ခွာသွားခဲ့သည်။ ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်းမှ ကူညီရေး ဆရာတော် ဦးဇောတိက က မြန်မာသံမှူး ဦးနိုင်ထွန်း ထံသို့ အကြောင်းကြားထားပြီး ယခုအမှုအား ပေါ်ပေါက်နိုင်ရေးအတွက် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။ ဦးကျော်သန်း မိခင် ဒေါ်ဝင်း တို့သည် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် တမံကြီးကျေးရွာမှဖြစ်ကြသည်။

No comments:

Post a Comment