Saturday, September 22, 2012

လှိုင်သာယာ အလက(၆) ကျောင်းသားမိဘများ ကျေနပ်မှုမရှိ

 
လှိုင်သာယာမြို့နယ် အမှတ်   (၆)အခြေခံပညာအလယ်တန်း ကျောင်းတွင် ဇူလိုင်နှင့်သြဂုတ်လ  အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲ   ပြုလုပ်ရာတွင် တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် လုံးဝသင်ကြား    မှုမရှိသေးသည့် သင်ခန်းစာများ ကိုသာ မေးမြန်းခဲ့ခြင်းကြောင့် ကျောင်းသား/သူများလုံးဝ မဖြေ နိုင်ခဲ့ဘဲ ကျောင်းတက်ရန် ငြင်း ဆန်လာခြင်း၊စာမေးပွဲမဖြေလိုခြင်း၊  စိတ်ဓာတ်ကျခြင်းများဖြစ်နေကြ  သဖြင့် ကျောင်းသားမိဘများက   ကျေနပ်မှုမရှိသဖြင့် အဆိုပါ ကျောင်း၏ ကျောင်းအုပ်ဆရာကြီး  ဦးမြသောင်းထံ တိုင်ကြားသော် လည်း ဆောင်ရွက်ပေးခြင်း မရှိ ကြောင်း သိရသည်။

““အခန်းဆုံး စစ်ဆေးရေးဆို တာ သင်ထားတာတွေကိုပဲမေး သင့်တာပေါ့၊အခုက လုံးဝမသင်  တာတွေဖြစ်နေတယ်၊ကျွန်တော်တို့ က ကလေးတွေ နစ်နာတယ်လို့   ပြောတော့ ဆရာကြီးက ကလေး က စာမေးပွဲကျသွားလို့လားဆို တာမျိုးပြောလာတယ်၊အတန်းပိုင်  ကိုမေးတော့လည်း သင်ကြားတဲ့   ဆရာမချင်း မသင့်မြတ်တာကြောင့်    မေးခွန်းတွေကို ကျောင်းအုပ်ဆရာ  ကြီးက ထုတ်လိုက်တာလို့ပဲ ပြော တယ်””ဟု ကျောင်းသားမိဘဖြစ်သူ  ကိုသန်းလင်းဦးက ပြောသည်။
ယင်းသို့အခန်းဆုံးစစ်ဆေးရာ တွင် လုံးဝသင်ကြားထားမှုမရှိ သဖြင့် ကျောင်းသူ(၄) ဦးက သင်ကြားမှုမရှိသဖြင့် မဖြေ နိုင်ပါ။““သင်သူတစ်ယောက် မေး သူ တစ်ယောက်””ဟု မှတ်ချက်  ရေးထားခဲ့ကြောင်းသိရသည်။အဆို ပါ မှတ်ချက်ရေးသားချက်ကို ကျောင်းအုပ်ဆရာကြီးက ယင်း သည် ၎င်းင်းကို စော်ကားခြင်းနှင့် တူသည့်အတွက် ကျောင်းသူ(၄) ဦးနှင့်ကျောင်းသားမိဘများကို ရုံး ခန်းသို့ ခေါ်ယူကာ သတိပေးပြော  ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခန်းဆုံစစ်ဆေး ခြင်းမေးခွန်းများကို မရမ်းကုန်းမြို့ နယ်ရှိ အထက်တန်းကျောင်းတစ် ကျောင်းမှ ပုံတူယူကာ ကျောင်း  နာမည်ပြောင်း၍ မေးခွန်းထုတ်  ထားခြင်းဖြစ်သည်ဟု ကျောင်းအုပ်  ဆရာကြီးက ကျောင်းသားမိဘ များသို့ ပြောကြားခဲ့ကြောင်း သိရ သည်။
““ဖြစ်သမျှကို ကျွန်တော်တို့ ရှင်းမယ်၊အခု ကိစ်္စက စည်းကမ်း ပျက်တာဖြစ်နေတယ်၊တစ်ကြိမ်  မကတော့ဘူး၊အရေးယူမှုလည်း  မရှိဘူး””ဟု အထက်ပါ ပုဂ်္ဂိုလ်က ပြောသည်။
ယင်းဖြစ်ရပ်များအတွက်  ကျောင်းသားကျောင်းသူ(၁၀)ဦး  က အတန်းပြောင်းရန်စီစဉ်လျက်  ရှိကြောင်းသိရသည်။မြို့နယ် ပညာ  ရေးမှူးရုံးသို့ တင်ပြတိုင်ကြားရန်   စိတ်ကူးသော်လည်း ယခင်က တိုင်ကြားခဲ့မှုပြုခဲ့ရာတွင် ထိထိ ရောက်ရောက် အရေးယူမှု မရှိခဲ့ သည့်အတွက် တိုင်ကြားရန် မဖြစ် နိုင်ကြောင်း သိရသည်။

မေဇင်ကို

No comments:

Post a Comment