Tuesday, September 16, 2014

Google က ထုတ်တဲ့ တန်ဖိုးနည်း ဒီဇိုင်းလှ စမတ်ဖုန်း Android One


တန်ဖိုးနည်း Android One စမတ်ဖုန်းကို India မှာစတင်ရောင်းချနေပါပြီ။ ၄င်းစမတ်ဖုန်းကို Google I/O 2014 မှာစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ စမတ်ဖုန်းမကိုင်နိုင်သေးသူ five billion ကျော်အတွက် တန်ဖိုးနည်းနည်းနဲ့ ၀ယ်ယူနိုင်အောင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိစမတ်ဖုန်းတွေခေတ်စားနေတဲ့အချိန်မှာ သာမန်ဖုန်းခေါ်ဆိုမှူအတွက် feature phone (ခေါ်) keypad phone ကိုပဲသုံးစွဲနေတဲ့သူတွေ အများအပြားရှိနေသေးပါတယ်။
ဒါကို Google က သာမန်ဖုန်းခေါ်ဆိုမှူထက် မိသားစုဝင်တွေနဲ့ video chat ပြုလုပ်နိုင်ဖို့၊ နီးစပ်ရာ ဆေးရုံရှာဖွေရာတွင် maps application ကိုအသုံးပြုနိုင်ဖို့နဲ့ အင်တာနက်အသုံးပြုနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို လူသားတွေထိတွေ့အသုံးပြုနိုင်ဖို့ Android One Program ကိုစတင်ခဲ့ တာဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ Indonesia, Philippines နဲ့ South Asia (Bangladesh, Nepal, Pakistan, and Sri Lanka) ရောင်းချပေး မှာဖြစ်ပြီး အခြားနိုင်ငံတွေကတော့ 2015 ခုနှစ်အစောပိုင်းမှသာ ၀ယ်ယူရရှိနိုင်ပါလိမ့်မယ်။ Android OS ရဲ့မူရင်းအရသာကို မြင်တွေ့ ခံစားရမှာဖြစ်ပြီး Google Nexus ဖုန်းတွေလိုပဲ Android updates တွေကို ဦးစွာရရှိမှာပဲဖြစ်ပါတယ်။

Android updates ကို ၂နှစ်အထိထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Hardware ပိုင်းအနေနဲ့ သီးသန့် Smart Phone ထုတ်လုပ်တဲ့ Company တစ်ခုတည်းကပဲ ထုတ်လုပ်ရောင်းချမှာမဟုတ်ဘဲ HTC, ASUS, Acer, Lenovo စတဲ့နာမည်ကြီး company တွေက အသီးသီးထုတ်လုပ်ရောင်းချသွားမှာပါ။ တန်ဖိုးကတော့ $100 နီးပါးသာကျသင့်မှာဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၈ သောင်း ဝန်းကျင်ပဲ ရှိမယ့် ဒီဇိုင်းလှ စမတ်ဖုန်းလေး ဖြစ်ပါတယ်။

Android One Specification -
4.5-inch screens,
1GB of RAM, 5-megapixel main ၊
2-megapixel front cameras,
1.3GHz quad-core MediaTek processors,
dual-SIM slots,
4GB storage space with microSD card slot
1700mAh battery

မိုးလုံးပြည့်လျှံ

No comments:

Post a Comment