Tuesday, April 2, 2013

ကလေးစစ်သားအဖြစ်သွတ်သွင်းခံရသူ(၂)ဦး၏ မိခင်များ (ILO)သို့ တိုင်ကြား



ကလေးစစ်သားအဖြစ် သွတ်သွင်းခံရသူ(၂)ဦး၏ မိခင်များသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ၏ အကူအညီဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ထံသို့ ၂၀၁၃ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် တိုင်ကြားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။


အဆိုပါကလေးငယ်များမှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၁၂)လမ်း၊ အမှတ်(၁၂၁၅)တွင် နေထိုင်သော မောင်အောင်ကိုဟိန်း(ဘ)ဦးဇော်မိုး၊ အသက်
(၁၆)နှစ်နှင့် မောင်ချစ်နိုးသူ(ဘ)ဦးသန့်ဇော်ဦး၊ အသက်(၁၇)နှစ်တို့ ဖြစ်သည်။ “ကျမတို့သားတွေကို (၁)လပိုင်း ၂၀ ရက်နေ့ညက ဦးခင်ဇော်ဆိုသူမှ ကားဆေးမှုန့်လုပ်ငန်းလုပ်
ကိုင်ဖို့ဆိုပြီး ကျမတို့ဆီကနေ လာခေါ်သွားတယ်။ ကျမတို့ကလည်း ကလေးတွေကို အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုတတ်ပါစေတော့ဟုဆိုပြီး ထည့်ပေးလိုက်တာ။ နောက်ပိုင်း ကလေးတွေရဲ့ ကျန်းမာရေးနှင့် နေမှုထိုင်မှုအခြေအနေကို သိချင်လို့ စုံစမ်းတော့ ခေါ်သွားတဲ့လူက အိမ်ပြောင်းသွားတယ်။ ကလေးတွေကိုဆက်သွယ်ဖို့ဆိုပြီး သူပေး
ထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်တော့လည်း အဆက်အသွယ်မရဘူး။ အဲဒီကျမှ ကျမတို့လည်း စိတ်ပူပြီး အပူတပြင်းနဲ့လိုက်ရှာတော့မှ ကလေးတွေကို ဦးခင်ဇော်မှ ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၊ အမှတ်(၅၄၈)ခလရ၊ နဘူးတပ်အတွက် စစ်သားစုဆောင်းခံခဲ့ရကြောင်းသိရတယ်။ ကျမတို့ကလေးတွေကို အလုပ်လုပ်ဖို့၊ သူတို့ရဲ့အသက်
မွေးဝမ်းကြောင်းပညာရပ်လေးတစ်ခုခုတတ်ဖို့ဆိုပြီးထည့်ပေးလိုက်တာ။ စစ်ထဲဝင်ဖို့ ထည့်ပေးလိုက်တာမဟုတ်ဘူး။ စစ်ထဲသွင်းဖို့လည်း ကျမတို့မိဘတွေအနေနဲ့ စိတ်ဆန္ဒမရှိပါဘူး။ အခုတော့ ကလေးတွေက အမှတ်(၁)စစ်လေ့ကျင့်ရေး၊ ဖောင်ကြီးသင်တန်းကျောင်းမှာ စစ်သင်တန်းတက်နေရသည့်အတွက် တရားဝင်နုတ်ထွက်ခွင့်ရရှိရန်
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီကို အကူအညီတောင်ခံခဲ့ခြင်းဖြစ်တယ်”လို့ ကလေးစစ်သားမိခင် ဒေါ်လဲ့လဲ့အေးမှ ပြောသည်။

ကလေးစစ်သားအဖြစ်သွတ်သွင်းခံရသူ မောင်အောင်ကိုဟိန်း၊ ကိုယ်ပိုင်အမှတ်-တ/၄၇၆၄၈၇၊ ကျောင်းသားနံပါတ်-၁၃၆၊ ခွဲ-၆ နှင့် မောင်ချစ်နိုးသူ၊ ကိုယ်ပိုင်အမှတ်-တ/၄၇၆၄၈၆၊ ကျောင်းသားနံပါတ်-၈၊ ခွဲ-၇ တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၁)စစ်လေ့ကျင့်ရေး၊ ဖောင်ကြီးသင်တန်းကျောင်းတွင် စစ်သင်တန်းတက်ရောက်နေရကြောင်း သိရသည်။

ထို့သို့ အသက်(၁၈)နှစ်မပြည့်ပဲ စစ်တပ်အတွင်းသို့ ကလေးစစ်သားအဖြစ် သွတ်သွင်းခံရသူ အရေးအတွက်မှာ ၂၀၁၃ခုနှစ် (၁)လပိုင်းမှ(၃)လပိုင်းအတွင်း (၃)ဦးရှိပြီး၊ စိတ်ဆန္ဒမပါပဲ အဓမ္မသွတ်သွင်းခံရသူ(၂)ဦး စုစုပေါင်း (၅)ဦးရှိသွားဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်အခြေဆိုက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့
ထံသို့ ကလေးမိဘများတိုင်ကြားနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင်မှ ပြောကြားသည်။


DGS

No comments:

Post a Comment