Monday, March 25, 2013

“ရက်စက်ဆုံးအကြမ်းကြုပ်ဆုံး လူကုန်ကူးသူများလက်ထဲမှ မြန်မာအလုပ်သမား ၂၉ ဦးအား ကယ်တင်”



၂၀၁၃ ခု မတ်လ ၂၄
ကိုတီ
                   ငါးဖမ်းစက်လှေပေါ်တွင် အလုပ်မလုပ် လိုကြောင်း ငြင်းဆိုသူများ၊ထွက်ပြေး သူများကို နှိပ် စက်ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းတရံငါးဖမ်းလှေဆိပ် ရှိလူကုန် ကူးမှုဂိုဏ်းသားများလက်ထဲမှ၂ကြိမ်အတွင်း  မြန်မာ အလုပ်သမား ၂၉ ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
            ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့တောင်ဖက် ကီလိုမီတာ ၈၆၄ အကွာတွင် ရှိသော ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်အနီး တရံပြည်နယ်၊ ကတန်မြို့နယ်၊  တရံမြို့ ၀ှဲမင်း လှေဆိပ်  လှေအမှတ် (၈၈၈)မှ ၁၁ ဦး၊ နှင့်၂၃ ရက်နေ့တွင် ၃ဦး တို့ကို ပူးပေါင်း အဖွဲ့များက ကယ်တင်နိုင်ခဲ့ကြသည်။

        မတ်လ ၁၀ ရက်နေ့ကလည်း ၎င်းဆိပ်ကမ်း ဖယ်ကိုကာ လှေဆိပ်မှ ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ က လှေအမှတ် (၂၀) မှ အလုပ်သမား ၁၅ ဦး နှင့် လူကုန်ကူးသည့် ဂိုဏ်းအဖွဲ့ဝင် အေးမြင့် တို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။ သို့ရာတွင် ဂိုဏ်းခေါင်းဆောင် ကိုမျိုးမှာမူ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။ ထိုင်းရဲ
များက ကိုမျိုးအား ဖမ်းဝရမ်းထုတ်ထားကြောင်း စာရွက်စာတမ်းများကို MAT အဖွဲ့သို့ ပြသပါသည်။
            ငါးဖမ်းလှေပေါ်တွင် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် လူကုန်ကူးသူများ ဓါးဖြင့် ၀ိုင်းခုတ် သတ်သဖြင့် လက်နှင့် လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့သူ၊ ဒဏ်ရာများကြောင့် ၆လကျော်ကျော်နားနေခဲ့ရသူ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း(၆) ရပ်ကွက် မှ အသက်၃၀ အရွယ်  ကိုစန်းထိုက်ဝင်း က “
 ကျနော် လှေမှာ ၅လနဲ့၂၄ရက် လုပ်ခဲ့ပါတယ်။ ပွဲစားတွေခုတ်တဲ့ဒဏ်ရာကြောင့် လာသမျှလူတွေကို ထမင်း ချက်ကျွေးတဲ့အလုပ်ကို ၇လလုပ်ခဲ့ရတယ်။ ကျနော် ရှိနေတုန်း ကျနော့်မျက်စိအောက်မှာ၇ယောက် လောက် သတ်တာကို မြင့်တွေ့ခဲ့ရတယ်။ ထွက်ပြေးတဲ့ ၃ယောက်ကို အခန်းထဲမှာ တပြိုင်တည်း သေအောင် ၀ိုင်းသတ် တယ်။ နောက်တစ်ယောက်ကို ထုတ်တန်းမှာ ကြိုချည်ပြီး လည်ပင်းကြိုးကွင်းစွတ် သတ်ပစ်တယ်။ နောက် တစ်ယောက်က ကော်စေ့သေနတ်နဲ့ နားထင်ကိုပစ်သတ်တယ်။  နောက်တစ်ယောက်ကို သတ်ပုံ ကတော့ ထူးဆန်းတယ်။ သစ်ပင်မှာကြိုးချည်ပြီး ခါချဉ်အုံးကို ပစ်ချလိုက်တယ်။ခါချဉ်ကိုက်လို့နာလို့အော်တော့ စက္ကူကို ရေနဲ့ လုံးထွေးပြီး ပါးစပ်ထဲထိုး ထည့်လိုက်တယ်။   ပြီးတော့ ဂိုဏ်းခေါင်းဆောင် ကိုမျိုး ကိုယ်တိုင် အဲဒီလူကို ဗိုက်ကိုခွဲတယ်၊ ခွဲထားတဲ့ဗိုက်ထဲကို ဘောပင်ကိုမီးရှို့ပြီး ကော်စက်တွေချပြီး သတ်ပစ် တယ်။သူတို့ ဂိုဏ်းသား အချင်းချင်း တစ်ယောက်ကို အလုပ်သမား ၂ယောက် ထွက်ပြေးနိုင်အောင် ကူညီပေးတယ် ဆိုပြီး ခြေထောက်ကို သံတွေ၊ ခဲတွေတွဲပြီး ရေထဲပစ်ချလိုက်တယ်၊ ကရင်မလေးတစ် ယောက်ကို ၄ ယောက် ၀ိုင်းပြီး အဓမ္မပြုကျင့်ကြတယ်၊ ပြီးရင် သတ်ပစ်လိုက်ကြ တယ်” ဟုပြောသည်။ 

 
ငါးဖမ်းလှေတွင် ၅လနှင့် ၂၅ ရက် အလုပ်လုပ်ကိုင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊၀ဲပျံကျေးရွာ မှ အသက်  ၄၆ နှစ်အရွယ် ကိုခင်ဇေါ်ဝင်း က ငါးဖမ်းလှေ ကတက်လာပြီးနောက် သူနှင့်အခြား ၂ ဦးတို့ ရဲအရာရှိတစ်ဦးပိုင်ဆိုင်သည့် ရာဘာခြံတွင် အခကြေးငွေ မရရှိပဲ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခဲ့ရကြောင်း ပြောသည်။ သူကဆက်လက်ပြောပြရာတွင် “လှေပိုင် ရှင်ငှါးရမ်းပေး ထားတဲ့အခန်းထဲမှာပါ။ အလုပ်သမား ၇ယောက် နယ်စပ်က ခေါ်လာတယ်။ သူတို့တွေက ငါးဖမ်းလှေ မလိုက်ချင်ဘူးလို့ငြင်းကြ တယ်။ အဲဒီမှာ ရှေ့ကနေ ဦးဆောင်ပြောတဲ့အသက် ၂၀ လောက်ရှိတဲ့ ဗမာ ကလေးတစ်ယောက်ကို သူတို့ ရှေ့မှာပဲ တုတ်နဲ့ ခေါင်းကို သေအောင်ရိုက်သတ်ပြလိုက်တယ်။ ကျနော် တို့ ဒီဘ၀မှာ ဘယ်လိုမှ လွတ်မြောက်စရာ လမ်းမမြင်ပဲ ကိုယ့်ကို ဘ၀ဆုံးပြီးလို့ ထင်ထားခဲ့ပါတယ်။ ဆရာ ဦးကျော်သောင်းတို့ လာကယ်လို့ လွတ်မြောက်လာတာ၊ တစ်သက်လုံး ကျေးဇူးတင် ပါတယ် ဗျာ” ဟုပြော သည်။
           ယခင်ပျားပန်းခတ်မှုစည်ကားနေသည့် တရံငါးဖမ်းလှေဆိပ်သည် MAT အဖွဲ့တို့ ရောက်ရှိသွားချိန်
က လုံးဝငြိမ်သက်နေသည်။ ၂ပတ်အတွင်း ငါးဖမ်းလှေ ၃စီးမှ ရောင်းစားခံထားရသည့် အထူးသဖြင့် မင်းမဲ့
စရိတ်ဆန်ဆန် ကြမ်းတမ်းရက်စက်သည့် လူကုန်ကူးသူများလက်မှ ကယ်ထုတ်နိုင်ခဲ့သဖြင့် ဒေသခံအချို့
မှာမည်သည့်အဖွဲ့အစည်း၏ စွမ်းဆောင်ချက်မှန်းမသိ စိုးရိမ်ထိတ်လန့်နေဟန် များမြင်တွေ့ရသည်။
          ထို့အပြင် ဒေသခံရဲအရာရှိကြီးများမှာ MAT အဖွဲ့ ကရရှိထားသည့် သတင်းအချက်အလက်များ
ဓါတ်ပုံများ၊VDO ကလစ်များကို မြင်တွေ့ရသဖြင့် အထူးအံ့သြနေဟန်လည်း တွေ့ရှိရသည်။
    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံအနှံ့မှာရှိတဲ့
ငါးဖမ်းလှေဆိပ်တွေ အားလုံးနီးပါးမှာ ကျနော်တို့ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ဖူးပါတယ်။ ဒီလောက်
ရက်စက်ကြမ်းကြုပ်တဲ့ဂိုဏ်းအဖွဲ့ တော့ဒီတခါပဲ တွေ့ဖူးသေးတယ်။ဒီလူတွေကို နှစ်နိုင်ငံအစိုးရတို့ထိထိ

 ရောက်ရောက်၊ လက်တွေ့ကျကျ ဒီထက် အရေး ယူဆောင်ရွက်ဖို့လိုပါသေးတယ်။ ဒီလှေဆိပ် မှာ နှစ်  ပေါင်းများ စွာ ရောင်းစားခံနေရ သူတွေ နဲ့ ပွဲစားတွေ အခကြေးငွေမပေးပဲ အိမ်အလုပ်ခိုင်း တယ်၊ သားမယားပြုကျင့် တယ်၊ ပွဲစားတိုင်းအိမ်မှာ   မြန်မာမိန်းကလေးတွေရှိနေတယ် လို့ကျနော်တို့ သိခဲ့ရတယ်။     နယ်စပ်နယ်ဖျား ဖြစ်နေပြီး ရောင်းစားခံနေရ တဲ့  မြန်မာတွေထောင်ချီပြီး ရှိနေတယ်လို့ သိခဲ့ရ ပါတယ်။ အစိုးရ မဟုတ်တဲ့ ကျနော်တို့လို သာမန် အဖွဲ့ ကလေးအနေနဲ့ စိတ်မကောင်းရုံးကလွဲပြီး ဘာမှ မတတ်နိုင်ဘူး”ဟုပြောသည်။
              MAT နှင့် ပူးပေါင်းအဖွဲ့တို့သည် ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့ AHTD တို့နှင့် ပူးပေါင်းလျှက် ကမ္ဘောဒီယားနယ်စပ် လှေဆိပ်၊ နာမည်ကြီး ခြုံဘူရီ ချောင်းစမေစံလှေဆိပ်၊ ဘန်ကောက် ခေါင်တိန်လှေဆိပ်၊ မဟာချိုင်လှေဆိပ်၊ မဟာချိုင် အင်ဒိုလှေဆိပ်၊ မေခေါင်တံတားလှေဆိပ်၊ ပါနန်းလှေဆိပ်၊နှင့် ငါးပုဇွန် အအေးခန်းများတွင် ပိတ်လှောင်
ခိုင်းစေခံနေရသည့် မြန်မာအလုပ်သမားများအပြင် စိုက်ပျိုးရေးခြံတို့တွင် ရောင်းစားခံနေရသူများတို့ကိုပါ
ကယ်တင်သည့်အဖွဲ့အစည်းဖြစ်သည်။
           ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ၏ အားနည်းချက်များသည်လည်းကောင်း၊ လူကုန်
ကူးသူများနှင့် ဒေသခံရဲများမှာ အတူတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်များကို အထက်အာဏာပိုင်
များက သိရှိကြသော်လည်း လက်ရမိသည့်တိုင်အောင် အပြစ်ပေးအရေးယူခြင်းတစ်စုံတစ်ရာ မရှိသဖြင့်
လူကုန်ကူးမှုမှာ ဆက်လက် ကျယ်ပြန့်နေအုံးမည်ဖြစ်သည်။

Copy from http://goldenworkers.blogspot.com

No comments:

Post a Comment