Tuesday, March 5, 2013

သနပ်ပင်မြို့နယ်ရှိ နွေးစပါးစိုက်ပျိုးသည့် လယ်သမားများ အောင်ရေမရှိသဖြင့် အခက်ကြုံ



ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ တောင်သူလယ်သမားများ နွေစပါးစိုက်ပျိုးရာတွင် အောင်ရေမရရှိသဖြင့် စပါးအထွက်တိုးနှုန်းလျှော့နည်းမည့်အခြေ
အနေနှင့်သီးနှံပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂/၂၀၁၃ ခုနှစ် သနပ်ပင်မြို့နယ် နွေစပါးစိုက်ပျိုးရေး ရေပေးဝေမည့် အချိန်ဇယားအတိုင်း ရေမပေးဝေခြင်းနှင့် လောင်မီးကျေးရွာအနီးရှိ ရေတား
တာတမန်အား ဖွင့်ထားခြင်းကြောင့်ဖြစ်သည်။ “ ဆည်မြောင်းဦးစီးဌာနက စနစ်တကျရေပေးဝေခြင်းမရှိလို့ ကျွန်တော်တို့ နွေစပါးစိုက်ထားသည့် လယ်ယာမြေတွေ
အောင်ရေမရရှိတာ။ ရေပေးဝေတော့လည်း က၀မြို့နယ်ရှိ လယ်ယာမြေတွေကို ရေပေးဝေတဲ့ရက်နေ့ရောက်မှ မင်းရွာရေလွှဲပေါက်အသေး(၃)ပေါက်ကိုပဲဖွင့်ပေး
တယ်။ အဲဒီလိုဖွင့်ပေးပြီး (၁)ရက်အတွင်း ရေတွေပြန်ကျသွားတယ်။ လယ်ယာမြေထဲကို ရေသွင်းဖို့အချိန်မရလိုက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လောင်မီးကျေး
ရွာအနီးရှိ ရေတားတာတမန်ကို ဖွင့်ထားခြင်းကြောင့် ဖြစ်သည် ”ဟု ဒေသခံလယ်သမားတစ်ဦးမှ ပြောသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ ကျူချောင်း၊ အောက်တကဲ၊ ကမာဘာ၊ လောင်မီးအစရှိသည့် ကျေးရွာများမှ နွေစပါးစိုက်တောင်သူလယ်သမား
များသည် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စာဖြင့် လက်မှတ်ထိုး တင်ပြထားကြောင်း သိရသည်။


                                                                                                                                                    ဆု







No comments:

Post a Comment