Tuesday, February 26, 2013

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ  သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။

အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အကြောင်းစုံကို ဆက်လက် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments:

Post a Comment