Thursday, January 3, 2013

ပဲခူးမြို့အတွင်း တောင်းရမ်းစားသောက်သူများကို ဖမ်းဆီးအရေးယူမည်

ပဲခူးမြို့အတွင်းရှိ လူစည်ကားရာနေရာနှင့် နိုင်ငံခြားသားများ ၀င်ထွက်သွားလာလေ့ရှိသော နေရာများ၌ တောင်း ရမ်းစားသောက်သူများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရှိ ရသည်။

“ဖမ်းဆီးအရေးယူခြင်းခံရသော တောင်းရမ်းစားသောက်သူများကို အသက်အရွယ်အလိုက်၊ ကျား/မအလိုက် ခွဲခြားပြီး အသက်မွေးမှုသင်တန်းကျောင်းနှင့် ပရဟိတသင်တန်းကျောင်းများသို့ လည်းကောင်း၊ အနာကြီး  ရောဂါစွဲကပ် သူများဖြစ်ပါက အနာကြီးရောဂါသည်များထားရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မှော် အင်းကျေးရွာသို့လည်းကောင်း၊ စိတ်ရောဂါဝေသနာရှင်များဖြစ်ပါက စိတ်ကျန်းမာရေးဆေးရုံသို့လည်းကောင်း ပို့ဆောင် မှာဖြစ်ပါတယ်။ ကလေးသူငယ်များကို နောက်ကွယ်မှနေ ကြိုးကိုင်း၍ တောင်းရမ်းခိုင်းသူများကိုလည်း နိုင်ငံတော်မှ ပြဌာန်းထားသော တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေယူသွားမည်ဖြစ်ကြောင်း” မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ပြောကြားပါသည်။

ပဲခူးမြို့အတွင်း တောင်းရမ်းစားသောက်သူအရေအတွက်မှာ စာရင်းအရ(၈၆)ဦးခန့်ရှိသည့်အတွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိကို ပညာပေးကာလအဖြစ်သက်မှတ်ပြီး ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်း တော်ကြီးကျောင်းအချို့တို့တွင် အသိပညာပေးဟောပြောပွဲများပြုလုပ်ကျင်းပပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န ၀ါရီလ(၁)ရက်နေ့မှ စတင်၍ အရေးယူမှုကာလအဖြစ် သတ်မှတ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အဖွဲ့ခေါင်းဆောင်အဖြစ်ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီး ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး  တောင်းရမ်းစားသောက် သူများပပျောက်ရေးစီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သံလက်သီး

No comments:

Post a Comment