Tuesday, December 4, 2012

လူနာက အရေးကြီးတယ် ၊ မီဒီယာက အရေးမကြီးဘူးဟု မန္တလေးဆေးရုံအုပ်ကြီးပြောပြီ

 
လက်ပံတောင်း အရေးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောသူများ အနက်မှ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော သူများမှာ ဆေးရုံ တက်ရောက်ခြင်း မရှိဘဲ နေခဲ့ရာ မှ ဒဏ်ရာအခြေအနေမှာ ကြီး လာသဖြင့် ဆေးရုံသို့ တက် ရောက်ပြသရခြင်းများ ရှိလာ သဖြင့် မန္တလေးဆေးရုံအုပ်ကြီးထံ သို့ ဒီဇင်ဘာ ၃ ရက်က မီဒီယာ များ ၀င်ရောက်မေးမြန်းရန် ကြိုး စားခဲ့သည်။

ဆေးရုံအုပ်ကြီးအခန်းဝတွင် နာရီဝက်ခန့် စောင့်ဆိုင်းနေရပြီး မှ ၀န်ထမ်းတစ်ဦး ထွက်လာကာ ဆေးရုံအုပ်ကြီးနှင့် တွေ့ခွင့်မရနိုင် ကြောင်း၊ ဆေးရုံအုပ်ကြီးက လူနာ က အရေးကြီးတယ်၊ မီဒီယာက အရေးမကြီးဘူးဟု ပြောကြောင်း ၎င်းက ပြောသည်။
မီဒီယာအနေဖြင့် ဆေးရုံ အုပ်ကြီး ဒေါက်တာဦးမောင်ဝင်း ကို သွားရောက်တွေ့ဆုံသည်မှာ သေးငယ်သည့်ဒဏ်ရာက ကြီးလာရသည့် အကြောင်းရင်း ကို အများပြည်သူသို့ အသိပေး ရန် တာဝန်ဖြင့် သွားရောက်မေး မြန်းခဲ့ခြင်းသာ ဖြစ်သည်။ ဒဏ်ရာ ရရှိသူ၏ ပေါ့ဆမှု ကြောင့်လော၊ ဒဏ်ရာဖြစ်စေခဲ့ သည့် မီးလောင်မှုတွင် ဒဏ်ရာကို ကြီးမားလာစေနိုင်သော ဂုဏ် သတ်္တိများပါ ၀င်ခြင်းကြောင့် လော စသဖြင့် အများပြည်သူ အမှန်တရားကို သိရှိစေရန် အများပြည်သူအတွက် တာဝန် ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
မန္တလေးဆေးရုံကြီးတွင် လက်ပံတောင်းအရေး၌ ထိခိုက် ဒဏ်ရာရရှိသော လူပုဂ်္ဂိုလ်နှင့် သံဃာတော် ၉၀ ကျော် တက် ရောက် ဆေးကုသလျက် ရှိ ကြောင်း စုံစမ်းသိရှိရသည်။

မျိုးမြင့်
http://www.hotnewsweekly.com

No comments:

Post a Comment