Sunday, September 9, 2012

နိုင်ငံတော်ကချပေးတဲ့မျိုးစပါး ဘယ်ဆီကိုများ ရောက်နေသလဲ

အဖေ့သား(ပဲခူး)
နေ့စွဲ ၂၀၁၂ခုနှစ် စတင်ဘာလ ၅ရက်

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်နှင့်ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ် ပျက် ဆီးဆုံးရှုံးမှုခံစားနေရသော တောင်သူလယ်သမားများမှာ နိုင်ငံတော်မှ ချပေးသော မျိုးစပါး များကို ယနေ့ အချိန်ထိ မရရှိ ဘဲကြန့်ကြာ နေ ကြောင်းသိရသည်။

သြဂုတ်လ(၂၆)ရက်နေ့တွင် ပဲခူးမြို့ မြိုတော်ခမ်းမ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရေကြီးနစ်မြုပ်ဆုံးရှုံးသွား သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရန် မျိုးစပါး ၇၀၄၃၃ တင်းအတွက် ထောက်ပံ့ငွေကျပ် ၃၅၂၁ ဒသမ ၆၅ သိန်းအား ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။ သို့သော် လယ် ယာစိုက်ပျိုးသော တောင်သူလယ်သမာများအနေဖြင့် ရေကြီးနစ်မြုပ်ပျက်ဆီးဆုံးရှုံးသောလယ်ယာမြေစာရင်း များကို သက်ဆိုင်ရာသို့တင်ပြခဲ့သော်လည်း တင်ပြခွင့်မရရှိခဲ့ပါ။ မည်သူတွေကိုပေးမယ်၊ ဘယ်လိုပေးမယ်၊ ဧကဘယ်လောက်ပေးမယ်ဆိုတာ တောင်သူလယ်သမားများမသိရှိရသေးပါဘူး။ က၀မြို့နယ်အတွင်းရှိ တောင်သူလယ်သမားတစ်ဦးမှ ယခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့လယ်သမားတွေ ခေတ်အဆက်ဆက်တစ်ခါမှမရဘူးတဲ့ အခွင့်အရေးတစ်ခုပေးခဲ့သည့်အတွက် သမ္မတကြီး ဦးသိန်းစိန်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကချပေးတဲ့ မျိုးစပါးကို ယနေ့အချိန်ထိ ကျွန်တော်တို့လယ်သမားတွေ မရရှိသေးပါဘူး၊ အုန်းနှဲစံပြကျေးရွာ လယ်တီကျောင်းဓမ္မာရုံတွင် မြို့နယ် လူကြီးတွေ အစည်းအဝေလာလုပ်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် လယ်သမားတွေက လယ်ပျက် စာရင်းတွေကို တင်ပြခဲ့တယ်။ ကျွန်တော်တို့ အုန်းနှဲ စံပြ ကျေးရွာ တစ်ရွာတည်း တွင်ရေကြီး နစ်မြုပ်လယ်ပျက်ဧရိယာ(၅၄၀၀)ဧက အမှန် တကယ် ရှိပါတယ် ။ မြို့နယ်လူကြီးတွေက များတယ် ဆိုပြီးတင် ပြတာကိုပယ်ချလိုက်ပါတယ်။ ကျွန်တော် တို့လယ် သမားတွေ လယ်ပျက်စာရင်းတင်ပြတာ နိုင်ငံ တော် ကချပေးတဲ့ မျိုးစပါးလိုချင်လို့ တင်ပြတာမဟုတ်ပါဘူး၊ အမှန်တကယ် လယ် ပျက်ဆီး ဆုံးရှုံး လို့တင်ပြတာပါ။ နိုင်ငံတော်ကမျိုးစပါးချပေးလည်း ကျွန်တော်တို့လယ်သမားတွေစိုက်ပျိုးလိုမရပါဘူး၊ နိုင်ငံတော်အနေနဲ့ ကျွန်တော်တို့တောင်သူလယ်သမားတွေကို ကူညီပေးချင်တယ်ဆိုလျှင် အဓီကအနေဖြင့် ချိန်းချောင်းနှင့်ရေနုတ် တူးမြောင်းတွေကို ပိတ်ဆို့ကာဆီးထားတဲ့ လေလံစနစ်ဖြစ်ချထားပေးသော ငါးဖမ်းဆည်ဂရမ်အင်းတွေကို ဖျက်သိမ်းပေးဖို့ အကူအညီတောင်းခံပါတယ်။ အဲဒီလို ဂရမ်အင်းတွေမဖျက်သိမ်းပေးသရွေ့ ကျွန်တော်တို့ လယ် သမားတွေရှေ့ဆက်ပြီးဒုက္ခရောက်ကြရဦးမှာပါ”ဟု ပြောကြားခဲ့ပါသည်။

ထို့အတူ အမှန်တကယ် လယ်ယာမြေပျက်ဆီးဆုံးရှုံးမှုဒဏ်ကိုခံစားနေရသော ညောင်လေးပင်မြို့နယ်ရှိ တောင် သူလယ်သမားများမှာလည်း နိုင်ငံတော်ကချပေးသောမျိုးစပါများမရရှိသေးသည့်အတွက် ဘယ်ဆီကိုများရောက် နေပါသလဲဟု မေးရမလောက်ပင်ဖြစ်နေပါသည်။

1 comment:

  1. သမ္မတကချပေးတာတော့အမှန်အကန်ဘဲ အောက်လက်ငယ်သားဝန်ကြီးတွေကပျောက်ပျက်မှာစိုးလို့သူတို့မိန်းမတွေဆီကိုအပ်ထားတာ နောက်ဆုံးအုပ်ချုပ်ရေးမှူးဆီကိုရောက်တော့လည်းမထူးတော့ပါဘူးဆိုပြီး သူ့မိန်းမဆီကိုဘဲအပ်လိုက်တာလေ ဘယ်လိုလုပ်တောင်သူတွေဆီကိုရောက်တော့မှာလဲ အခုခေတ်ကလာဘ်မစားရတော့ဘူးလေ သိမ်းထားလို့ဘဲရတော့တာမဟုတ်လား

    ReplyDelete