Saturday, September 15, 2012

ကလေးဒေသတွင် ခိုးဝင်လာသော ဘင်္ဂါလီ ၊ ရိုဟင်ဂျာများဖမ်းမိ


ချင်းတောင်နယ်စပ်ဖက်မှ တောင်တန်းများကို ဖြတ်ကျော်ဝင်ရောက်လာသော ဘင်္ဂါလီရိုဟင်ဂျာများကို အုပ်စုလိုက်ကလေးမြို့ပေါက်တောရွာလေသာတောင်တောတန်း အနီးတွင်ပေါက်တောရွာသားများက ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန သို့ အပ်နှံခဲ့ကြောင်းသိရသည်။
“ကလေးဒေသမှ လူခိုးသွင်းနေတဲ့ပြဿနာကတော့ မကြာခဏကြားနေရပါတယ်။ မိတာကတော့ အခုအကြိမ်ဟာ အများဆုံးလို့ ပြောရ မှာပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကလေးမြို့ပေါ်ကိုဝင်လာတဲ့ ဘင်္ဂလီရိုဟင်ဂျာတွေ ကျွန်တော်တို့ ကိုယ်တိုင်ပါဝင်ပြီးလိုက်ဖမ်းပေးလိုက်၇သေးတယ်။ ခမ်းပတ် ၊ တမူးဖက်ကလာတဲ့ ကားပေါ်ကနေဆင်းလာတာ သက်ဆိုင်ရာက ဖမ်းစစ် လိုက်တော့ ဘင်္ဂါလီရိုဟင်ဂျာတွေဖြစ်နေတယ်။ (၂)ယောက်ပြန်မိတယ်။ ငါးယောက်လွတ်သွားတယ် ၊ ကလေးဒေသမှာ ဘင်္ဂါလီတွေ ခိုးသွင်းနေတယ်လို့သတင်းတွေကြားနေရတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ကလေးဝနယ်ချောင်ကျဉ်း ကျေးရွာနားမှာ ဘင်္ဂါလီလူမျိုးတွေတွေ့လိုက်တယ်လို့ ပြောသံကြားတယ်။ အခုလည်း ပထမတော့ ကလေးနယ်ဆင်ရွာ ၊ ကျောက်ပြုတ်ရွာ နားမှာ ဘင်္ဂါလီရိုဟင်ဂျာလေးဆယ်လောက် ဖြစ်သွားတယ်။ တွေ့ လိုက်တယ် လို့ ဒေသခံရွာသားတွေကပြောနေကြတာ အခုဖမ်းမိတော့ ပေါက်တောရွာနားမှာ မိတယ် ။ အချို့ဒေသခံရွာသားတွေပြောနေကြတာကတော့ တချို့ ဘင်္ဂါလီရိုဟင်ဂျာတွေပေါ့နော် ၊ ကလေးမြို့ပေါ်ကိုဝင်လာပြီး ဆိုင်ကယ် ကယ်ရီဌားပြီးမဟာမြိုင်လမ်းကနေသွားကြတယ်လို့တောင်ကြားနေရတယ်´´ ကလေးဒေသခံဦးမောင်နိုင်မှ ပြောပါသည်။ ယခုကလေးဒေသပေါက်တောရွာအနီးဖမ်းဆီရမိလိုက်သော ဘင်္ဂါလီရိုဟင်ဂျာဦးရေမှာ (၁၀)ဦးဖြစ်ပြီး မင်းကင်း နယ်မြင်ဦးရွာသားတစ်ဦးမှ လမ်းပြစကားပြန်အဖြစ်လိုက်ပါခဲ့ကြောင်းသိရသည်။ ဒေသခံရွာသားတို့၏ အဆိုအရယခုဘင်္ဂါလီရိုဟင်ဂျာအုပ်စုမှာ (၂၇)ယောက်အုပ်စုဖြစ်ပြီး ယခု(၁၀) သီးသာဖမ်းဆီးရမိသေးကြောင်းပြောပါသည်။ ယခုဖမ်း ဆီးရမိသော ဘင်္ဂါလီရိုဟင်ဂျာတို့ကို ကလေးမြို့မြို့နယ်ပြည်သူရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကောင်းမြတ်သူ(ကလေး)

copy from www.hotnewsweekly.com

No comments:

Post a Comment