
အဆိုပါဆန္ဒထုတ်ဖော်မှုတွင် လူဦးရေ ၂၀၀ ပါဝင်မည်ဖြစ်ပြီး တရားဝင်ဆန္ဒထုတ်ဖော်ခြင်းဖြစ် သည်ဟု သိရသည်။
“ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ကျွန်တော် ဦးနေမျိုးဝေနဲ့ ဦးဖိုးဖြူ တို့က နိုင်ငံတော်စီမံကိန်းများ အောင်မြင်စွာဖော်ဆောင်နိုင်ရေး တင်ပြအကြံပြုချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောသွားမှာဖြစ် ပါတယ်။ ဆန္ဒထုတ်ဖော်ဖို့ လူဦး ရေ ၃၀၀ လို့စာတင်ပေမဲ့ ၂၀၀ ဦး ပဲ ခွင့်ပြုတာကြောင့် ဒီအတိုင်းပဲ လုပ်ပါမယ်”ဟု ကူညီဆောင်ရွက် နေသူဦးဝင်းချိုကပြောသည်။
ဝါ၀ါဝင်းကုမ္ပဏီသည် အနော်ရထာစက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လှိုင်သာယာမြို့နယ်အတွင်းရှိ အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး ကျွန်းလေးကျေးရွာများရှိလယ် သမားများကို လယ်ဧက ၇၀၀ ကျော် ကို ၁၉၉၅-၉၆ အတွင်းက သိမ်း ယူထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မေဇင်ကို
copy from http://www.hotnewsweekly.com
No comments:
Post a Comment