Tuesday, January 6, 2015

ကားတိုက်မိဟန်ဆောင်သူ များလာသည့်အတွက် ကားပိုင်ရှင်များ ကင်မရာ တပ်ဆင်လာကြ


မန္တလေး ဇန်နဝါရီ ၅

မန္တလေးမြို့တွင် ညနေခင်းနှင့် ညဦးပိုင်း အချိန်များ၌ ကားဖြင့် တိုက်မိသည်ဆိုကာ လျော်ကြေးငွေ ဟန်ဆောင် တောင်းသူ များပြားလာ သည့်အတွက် ကားပိုင်ရှင်များအနေ ဖြင့် ကင်မရာ တပ်ဆင်အသုံးပြုလာ ကြကြောင်းသိရသည်။မန္တလေးစက်မှုဇုန်၊ မြို့သစ်အစ ရှိသည့်လူအသွားအလာနည်းသည့် ကားလမ်းမကြီးများတွင် ကားဖြင့် ပွတ်တိုက်မိသည်ဆိုကာဟန်ဆောင် ငွေတောင်းခံမှုများ မကြာခဏများ ပြားလာသည့်အတွက် ပြဿနာဖြစ် ပါက သက်သေရစေရန်ကားရှေ့၊ နောက်တို့တွင် တပ်ဆင်ရန် ဗီဒီယို ကင်မရာအသေးများလာရောက်ဝယ် ယူမှုများပြားလာကြောင်း ကင်မရာ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြော သည်။

ဇန်နဝါရီ ၂ရက် ည ၈နာရီခန့် တွင် ၆၂လမ်းမကြီးအတိုင်း ကား မောင်းလာစဉ်ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိသော ဆိုင် ကယ်တစ်စီးကို သုံးယောက်မောင်း နှင်လာသည့်လူငယ်သုံးဦးက ကား ဖြင့်ဝင်တိုက်မိသောကြောင့်ခြေချင်း ဝတ်လည်သွားသည်ဆိုကာ လျော် ကြေးငွေကျပ် ၈ဝဝဝဝ တောင်းခံ ခဲ့ပြီး မပေးပါက ရန်ပြုမည့်အခြေ အနေကြုံလာသောကြောင့် ပေးခဲ့ရ သည်ဟု ကားသမားတစ်ဦးကပြော သည်။

မိမိကိုယ်တိုင်သာမက မိမိမိတ်ဆွေကားသမားများထဲတွင် လည်း ထိုကဲ့သို့ဟန်ဆောင်လိမ် လည်သူများနှင့် မကြာခဏကြုံရ လေ့ရှိသည့်အတွက်ကားကင်မရာ တပ်ဆင်အသုံးပြုထားရကြောင်း မူဆယ်-မန္တလေး လိုင်းကားသမား တစ်ဦးကပြောသည်။

ထိုကဲ့သို့ ကားဖြင့်တိုက်ခံရ သည့်ဟန်ဆောင်ကာ လိမ်လည်သူ များမှာတစ်ဦးတည်း ကားမောင်း လာသူများနှင့် အမျိုးသမီးများကို အဓိကပစ်မှတ်ထားလေ့ရှိပြီး ယင်း ကဲ့သို့ ကြုံတွေ့လာပါက နီးစပ်ရာ ရဲစခန်းသို့ဖြစ်စေ၊ ယာဉ်ထိန်းရုံး သို့ဖြစ်စေအမြန်ဆုံး အကြောင်းကြား တိုင်တန်းသင့်ကြောင်း ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက အကြံပြုပြော ကြားသည်။

စိုးကြီး
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment