Monday, January 12, 2015

မူးယစ်ဆေး သုံးစွဲမိတာ ဖခင်ရဲ့ဥပက္ခာပြုမှုတွေကြောင့်လို့ ဖခင်ကို ပြစ်တင် ပြောဆိုလိုက်တဲ့...ဂျေစီချန်း

သြဂုတ်လမှာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလက် ၀ယ်ကိုင်ဆောင်မှု တို့ကြောင့် ဖမ်းဆီးခံ လိုက်ရသော ဂျေစီချန်းသည် ပြစ်မှု ထင်းရှားပါက ထောင်သုံးနှစ်အထိ ကျခံဖွယ်ရှိကြောင်း သတင်းတွေမှာ ရေးသား ခဲ့ကြပါသည်။
ဇန်န၀ါရီလ၉ရက်မှာ ချလိုက်တဲ့ စီရင်ချက် ကတော့ ထောင်ဒဏ် ၆လနှင့် ဒဏ်ကြေးယွမ်၂၀၀၀ပဲ ဖြစ်ပါသည်။

သူသည် ဖေဖေါ်ဝါရီလတွင် လွတ်မြောက်လာမှာဖြစ်တဲ့ အတွက် မိသားစုတွေနဲ့ အတူ တရုတ်နှစ်သစ်ကူးပွဲတော် ကိုဖြတ်သန်းနိုင်မှာပါ။ ဂျေစီချန်းသည် အချုပ်ခံရစဉ်မိခင် ဆီကို စာမျက်နှာသုံးမျက်နှာရှိတဲ့ တောင်းပန်စာရှည်တစ်စောင် ကိုရေးသားခဲ့ပါသည်။

စာထဲမှာတော့ သူ့အပြစ်တွေအတွက် တောင်းပန်ထားတာတွေ ပါဝင်ပါသည်။ သူ့အမှားတွေအတွက်သူတာဝန်ယူမယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ရေးသားခဲ့ပါသည်။

ဒါပေမဲ့ဖခင်ဖြစ်သူ ဂျက်ကီချန်းကိုတော့ ပြစ်တင်ပြောဆိုခဲ့ပါသည်။ ငယ်စဉ်ကလေး ဘ၀တုန်းက ဖခင်ဆီက ချစ်ခင်ယုယမှုတွေ မရခဲ့တဲ့ အတွက် သူ့ဘ၀မှာ အားငယ်မှုတွေ ခံစားခဲ့ရတယ်လို့ ရေးသားခဲ့ပါသည်။

ကြီးပြင်းလာတဲ့အခါမှာလည်း ဖခင်ဖြစ်သူသည်သူ့ရွေးချယ်မှုတွေကို မသိသလို နေခဲ့တဲ့ အတွက်သူ့ဘ၀မှာဖိအားတွေ ခံစားခဲ့ရတယ်လို့စာထဲမှာ ရင်ဖွင့်ထားခဲ့ပါတယ်။ ဖိအားတွေကို လျှော့ချဖို့ အတွက် မူးယစ် ဆေးဝါးတွေနဲ့ ထိတွေ့ခဲ့တာလို့ စာထဲမှာ ၀န်ခံထားပါတယ်။

ဂျေစီချန်လွတ်မြောက်လာတဲ့အခါမှာ ပရိတ်သတ်တွေကို တောင်းပန်ပြီး အနုပညာလုပ်ငန်းတွေ ဆက်လုပ်မယ်ဆိုတဲ့ ကိစ္စကိုတော့ သူ့မန်နေဂျာက မီဒီယာတွေကို ပြောမပြသွားခဲ့ပါဘူး။

သက်(Ref: Oriental daily news)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment