၂၀၁၄ ခု သြဂုတ်လ
၂၅
ကိုတီး
ဘန်ကောက်မြို့အနီး နကပ ထုန်အရပ်တွင် ရှိသော မွေးမြူ
ရေးလုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။
ရေးလုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။
အသက်၁၉
နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ
ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ်
အလုပ်ကိုလုပ်နေခဲ့သည်။သူမအား အိမ်ရှင်းထိုင်းအကြိမ်ကြိမ် အဓမ္မပြုကျင့်သလို
အလုပ်သွင်းပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍
အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။
ပြီးခဲ့သည့်
၂ရက်က သူမအား လုပ်ငန်းရှင်ကအဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ရာ လူမှုရေးစိတ်ဓါတ်ရှိသည့်
အလုပ်သမား တစ်ဦးကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
MAT သို့ အကူညီတောင်းခံခဲ့သည်။
MAT အဖွဲ့ကလည်း
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့်အလျှင်အမြန်ညှိနှိုင်းပြီး
ဒေသခံ ရဲကားသုံးစီးဖြင့် ချက်ခြင်း သွားရောက်ခေါ်ထုတ်နိုင်ခဲ့သည်။
MAT ရုံးတွင် ၂ရက်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ထားပြီး ယနေ့နံ နက်တွင် အလုပ်သမားသံအရာရှိရုံးသို့
သွားရောက်အပ်နှံခဲ့ရာ ၎င်းကလမ်း စရိတ်ထောက်ပံ့၍ မဟာချိုင်မှ လူမှုကူညီသည့် အမျိုးသမီးတစ်ဦးထံသို့
ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အိမ်ဖေါ်အလုပ်လုပ်ရတဲ့
အမျိုးသမီးငယ်တစ်ဦးအတွက် ဘ၀လုံ လုံခြုံမှုမရှိဘူး။ နားရက်လည်းမရှိဘူး။ အိမ်ရှင်ခိုင်းသလောက် လုပ်ရတယ်။ အိမ်ရှင်ရိုက်ရင်လည်းခံရတယ်။ အဖေရော သားပါ အကြိမ်ကြိမ်
အဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရှိလာတော့ ရွာပြန်ပို့ပြီး ကလေးမွေးရတဲ့သူတွေလည်း ထိုင်းမှာရှိခဲဖူးတယ်။
အိမ်ရှင်ပစ် သတ်လို့သေသွားတဲ့ အိမ်ဖေါ်မလေးတွေလည်းရှိပါတယ်။ ကျနော်တို့ က သိတာလောက်ပဲ ကူညီနိုင်တာပါ”ဟု ပြောသည်။
MAT အဖွဲ့သည် FED နှင့်အတူ ၂၀၁၄ ခုနှစ်သြဂုတ်လ အထိလူကုန်ကူးမှုပေါင်း၂၇ကြိမ်နှိမ်နင်းခဲ့ရာတွင် မြန်မာအလုပ်
သမားပေါင်း ၁၁၈ ဦးအားကယ်ထုတ်နိုင်ခဲ့သည်။ တပြိုင်တည်းတွင် လူကုန်ကူးဂိုဏ်းသားပေါင်း
၁၀ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၁ခုနှစ်တွင် လူကုန်ကူး ခံခဲ့ရသူပေါင်း၅၀ဦး၊
၂၀၁၂ ခုနှစ်တွင် ၂၉၂ ဦးနှင့် ၂၀၁၃ ခုနှစ် တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။
ရွှေလုပ်သား
No comments:
Post a Comment