Monday, July 22, 2013

လမ်းပြကြယ်အဖွဲ့မှ ကျေးလက်ဒေသများသို့ရောက်သွားပြီး ဥပဒေပညာပေး ဟောပြောမှုများပြုလုပ်

ဇူလိုင် ၂၂

လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့်(လမ်းပြကြယ်)ဦးဆောင်သော အဖွဲ့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
ထန်းတပင်မြို့နယ်၊ တောစွန်ကျေးရွာရှိ ဒေသခံရွာသူ/သားများအား ဥပဒေရေးရာကိစ္စနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောမှုများ ပြုလုပ်
ပေးခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားကို နေ့လည်(၁၂း၀၀)နာရီတွင် စတင်ပြီး ဒေသခံကျေးရွာသူ/သားများမှ  ၄င်းတို့ကျေးရွာအနီးရှိ စားကျက်မြေ ဧရိယာ(၄၀၀)ဧက အား
စတီးစတုန်းကုမ္မဏီမှ လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်တွင်သိမ်းယူခဲ့ပြီး ကန်များတူးဖော်ကာ ငါးရိုင်းများသွင်း၍ မွေးမြူနေသည့်အတွက် ကျွဲ၊ နွားများ
ထိမ်းကျောင်းရန် အခက်အခဲကြုံတွေ့နေရကြောင်းနှင့် အခြားသိလိုသော မေးခွန်းများကို မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှေ့နေကြီး ဦးအေးမြင့်(လမ်ပြကြယ်)မှ ကျေရွာသူ/သားများ သိလိုသော မေးခွန်းများနှင့် စားကျက်မြေပြန်လည်ရရှိရန်
ဥပဒေအရလုပ်ဆောင်ရမည် အချက်အလက်များကို ဒေသခံရွာသူ/ရွာသားများ ရှင်းလင်းလွယ်ကူစွာ နားလည်သဘောပေါက်စေရန် အသေး
စိတ်ရှင်းပြခဲ့သည်။ သိမ်းဆည်းခံရသော စားကျက်မြေအား ပြန်လည်ရရှိရန် ဒေသခံများနှင့်အတူ လက်တွဲပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
ပြောကြားရင်းဖြင့် ဟောပွဲအခမ်းအနားကို နေ့လည်(၂း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သံလက်သီး

No comments:

Post a Comment