Wednesday, July 24, 2013

ပဲခူးမြို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အမှတ်(၂) စက်ရုံအလုပ်သမားများ လုပ်အားခလစာတိုးမြင့်ရေးဆန္ဒထုတ်ဖော်



ဇူလိုင် ၂၄

ပဲခူးမြို့ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ အမှတ်(၂)မှ စက်ရုံအလုပ်သမားဦးရေ (၃၀)ခန့်သည် လုပ်အားခလစာတိုးမြင့်ရေး၊ ဖယ်ရီစရိတ်ရရှိရေးနှင့်
ကျန်မာရေးစောင့်ရှောက်မှုများအပြည်အ၀ရရှိရေး စသည့်အချက်များပါရှိသော တောင်ဆိုချက်များကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၈း၀၀
နာရီတွင် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမားတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ  '' ကျမတို့ အဓိကတောင်းဆိုတဲ့ အချက်က(၆)ချက်ပါ။ (၁)လုပ်အားခလ
စာတိုးမြင့်ပေးရေး (၂) ဖယ်ရီစရိတ်(ခ)လမ်းစရိတ်ပေးရေး(၃) ရေလုံအိမ်သာရေနှင့်သောက်သုံးရေ အခက်အခဲဖြေရှင်းပေးရန်(၄) လုပ်ငန်းလည်ပတ်
စေလိုခြင်း၊ (၅) လုပ်ငန်းမလည်ပတ်ပါက နစ်နာကြေးပေး၍ စက်ရုံရပ်နားစေလိုကြောင်းနှင့်(၆) ထွက်သွားသော ၀န်ထမ်းများအတွက် ရက်ပေါင်ကြေး
အား နှစ်လပိုင်းမှစ၍ ယခု(၆)လပိုင်းအထိမပေးသည့်အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ "ဟု ပြောကြားသည်။

ယင်းနေ့ နံနက် ၉း၀၀ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ အလုပ်သမားညွန်းကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် ခရိုင်ဦးစီးမှူး ဦးထွန်းမင်းတို့ အဖွဲ့
ရောက်ရှိလာပြီး အလုပ်ရှင်နှင့်အလုပ်သမား သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ အလုပ်သမားများ၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။

သံလက်သီး

No comments:

Post a Comment