Sunday, July 27, 2014

ကျောက်မဲမြို့ မရဲစခန်းတွင် အချုပ်ခန်းဖောက်ဖျက်ထွက်ပြေးမှုဖြစ်ပွား၊ ၃ ဦးသေဆုံး

ဇူလိုင် (၂၆)
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ၊ ညနေပိုင်း ၇ နာရီခန့် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မရဲစခန်း ၌ အချုပ်သားများ အချုပ်ခန်း ဖောက်ဖျက်ထွက်ပြေးမှုကြောင့် သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့ရာ တရားခံ ၃ ဦးသေဆုံး ခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ ဝင် (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညနေပိုင်း ၇ နာရီအချိန်တွင် စခန်းမှူး ဒုရဲမှူးကျော်ဦး ဦးဆောင်၍ တန်းစီလူစစ်ပြီး ၀င်စာများဖတ်ပြ ရှင်း လင်းဆောင်ရွက်နေစဉ် တာဝန်မှူးဒုရဲအုပ်ထွန်းခိုင်စိုး၊ ကင်းမှူးရဲတပ်ကြပ် ခင်လှဌေး၊ ကင်းသား ရဲဒုတပ်ကြပ် နောင် နောင် တို့ မှ ရဲစခန်းအတွင်းရှိ အခန်း (၃) အမျိုးသမီးအချုပ်ခန်းအတွင်းသို့  ပြင်ပတွင်ထားရှိသော စောင်များသွင်းခဲ့ ပြီး တစ်ဆက်တည်းပင် အချုပ်ခန်း (၂) ရှိ အမျိုးသားအချုပ်ခန်းအတွင်းသို့  ပြင်ပတွင်ထားရှိသော စောင်များ ဆက် လက်သွင်းမည်ပြုစဉ် အဆိုပါ အချုပ်ခန်းအတွင်းရှိ အချုပ်သား (၇) ဦးက အချုပ်ခန်းတံခါးအား အတင်းတွန်းဖွင့်ပြီး အချုပ်သား ၁ ဦးက ကင်းသား ရဲဒုတက နောင်နောင်အား လက်သီးဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ထိုသို့  အချုပ်သား ၁ ဦးက လက်သီးဖြင့်ထိုးသဖြင့် တာဝန်မှူးဒုရဲအုပ်နှင့် ကင်းမှူးရဲတပ်ကြပ်တို့ က ပြန်လည် ထိုး ကြိတ်စဉ် အချုပ်ခန်းအပြင်သို့  ရောက်ရှိလာသော အချုပ်သား ၆ ဦးမှလည်း ၀ိုင်းဝန်းထိုးကြိတ်၍ အချုပ်ခန်းအပြင် ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင်ကာရံထားသော သံဇကာအား အတင်းဆွဲဖြတ်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထွက်ပြေးသည့်တရားခံများအား စခန်းမှူးနှင့် ကျန်ရဲတပ်ဖွဲ့ ဝင်များက M-22 သေနတ် ၁ လက်၊ HK – 33 သေနတ် ၁ လက်တို့ ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ည ၇း၃၅ အချိန်တွင် အချုပ်သား (၇) ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့သော်လည်း
အချုပ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော အချုပ်သား (၃) ဦးမှာ မူးယစ်ဆေးဝါးမှုများဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသူများဖြစ်ပြီး ဒဏ် ရာရရှိသူ (၂)ဦးမှာလည်း မူးယစ်ဆေးဝါးမှုဖြင့်ပင် တရားရုံးတွင် အစစ်ဆေးခံနေရသူများဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၂ ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ ဝင် ၄ ဦးတို့ အား ရဲဆေးစာဖြင့် ကျောက်မဲခရိုင်ဆေးရုံ ကြီးသို့  ပို့ ဆောင်ထားကြောင်း သတင်းရရှိသည်။

ကိုးတောင်ဝင့် / Lashio News Diary


No comments:

Post a Comment