Friday, July 12, 2013

“လိင်ကျွန်အဖြစ်လူကုန်ကူးခံခဲ့ရသူ၁၀ ဦးအား ပူးပေါင်းအဖွဲ့များကယ်ထုတ်”

ဇူလိုင်လ  ၁၂    ကိုတီး ----     




                                 
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ကူရတ် ဘူရီမြို့နယ်၊ နံယောင် ငါးဖမ်းလှေဆိပ် တွင်ရှိသော   ပြည့်တန်ဆာ ခန်းများတွင် လိင်ကျွန် အဖြစ်အဓမ္မ္မရောင်းစား ခံခဲ့ကြရသော မြန်မာ အမျိုး သမီးငယ်  ၁၀ ဦး တို့ကို ပူးပေါင်းအဖွဲ့တို့က ကယ် ထုတ်နိုင် ခဲ့ကြောင်း သိရှိရသည်။
            ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေး ရှင်းမှ အလုပ်သမား တာဝန်ခံ တစ်ဦးက အဆိုပါ ငါးဖမ်းလှေဆိပ်မှ အမျိုးသမီး တစ်ဦး၏ သတင်းပေး ပို့ချက် အား ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကို  အကြောင်းကြား ခဲ့သည်။

            MAT အဖွဲ့ကလည်း ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေးတပ်ဖွဲ့DSI နှင့် မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ထံသို့ အချက်အလက်များအပြည့်အစုံတင်ပြလျှက် ပူးပေါင်းဆောင်
ရွက်ခဲ့ကြခြင်းဖြစ်သည်။
          ဇူလိုင်လ ၁၀ ရက်နေ့ညနေ ၈နာရီအချိန်တွင် DSI နှင့် ကူရတ်ဘူရီမြို့နယ် ရပ်တပ်ဖွဲ့ဝင်များနှင့်
MAT အဖွဲ့တို့ စီးနင်းဝင်ရောက်ရန် သွားရောက်ခဲ့ကြရာ ပြည့်တန်ဆာရုံ ၅ရုံစလုံးမှာ ပိတ်ထားပြီး မြန်မာ လိင်ကျွန်အမျိုးသမီး ၅၀ ကျော်တို့ကို လွတ်မြောက်ရာသို့ ရှောင်တိမ်းနေကြရန်ညွန်ကြား ထားကြောင်း သိရှိခဲ့ကြရသည်။
           ပြီးခဲ့သည့် တစ်ရက်က ရည်းစားဖြင့် လိုက်ပြေးသည့် လိင်အလုပ်သမ တစ်ဦးနှင့် ခိုးပြေးသည့်
မြန်မာအလုပ်သမား တစ်ဦးတို့ကို အလုပ်ရုံပိုင်ရှင်က ပြင်းပြင်းထန်ထန်ရိုက်နှက်မှုဖြစ်ခဲ့သည့် အဆိုပါနေ
ရာသို့ ပူးပေါင်းအဖွဲ့များ ၀င်ရောက်ရှာဖွေကြရာ လိင်အလုပ်သမများ၏ အသုံးအဆောင်တို့ကိုသာ တွေ့ရှိ
ခဲ့ရသဖြင့် ပြန်လာခဲ့ကြသည်။
             သို့ရာတွင် MAT အဖွဲ့ဝင် တစ်ဦးက  လက်မလျှော့ပဲ ရပ်ကွက်အတွင်းလှည့်လည်သွားသွားလာ
နေခဲ့ရာ လိင်အလုပ်သမ ၂ဦး ထွက်လာသည်နှင့်ကြုံခဲ့ကြရသည်။ ထို့နောက် လာရောက်ကယ်တင်သူများ
ဖြစ်ကြောင်း MAT အဖွဲ့ က ရှင်းပြခဲ့သည်။ လိင်အလုပ်သမ အချင်းချင်း လိုက်လံအော်ဟစ် ခေါ်ယူခဲ့သဖြင့်
လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။
ဘတ်ငွေ ၇၅၀၀၀ ဖြင့် ရောင်းချခံခဲ့ရပြီး ၈နှစ်ကြာ လိင်အလုပ်သမ အဖြစ် အလုပ်လုပ်ကိုင်နေရဆဲဖြစ်
သော်လည်း ဘတ်တစ်သောင်း ဆပ်ရဦးမည့် ရန်ကုန်မှ လိင်အလုပ်သမ တစ်ဦး က“ သမီးတို့နဲ့ အတူတူ
အလုပ်လုပ်နေကြတဲ့မိန်းကလေး ၃ဦးမှာ အမျိုးသမီး အင်္ဂါအတွေမှာ အနာတွေ ဖြစ်နေတာကို အလုပ်ရုံပိုင်
ရှင်က ဆေးလည်းကုမပေးဘူး။ ပျော်ပါးဖို့လာတဲ့ဧည့်သည်တွေကို လက်မခံရင် နောက်နေ့မှာ ထမင်းဖိုး
မပေးဘူး၊ သမီးတို့မှာ ဘယ်လိုလူတန်းစားပဲလာလာ ငြင်းပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ လိင်ဖြေဖျော်ခ
အတွက်လည်း ပိုက်ဆံမရဘူး။ ထွက်ပြေးလို့ ဖမ်းမိရင်လည်း သေမလောက်ရိုက်တယ်။ ရည်းစားနဲ့လိုက်
ပြေးရင်လည်း လိုက်ရှာပြီး သတ်ပစ်တယ်။ သမီး သူငယ်ချင်း ၂ ယောက် အသတ်ခံခဲ့ရပြီ” ဟုပြောသည်။
              မဟုတ်မခံ ပြောဆိုရဲသည့် လိင်အလုပ်သမ အချို့တို့ကိုမူ ဧည်သည်တစ်ဦးဆက်ဆံခအဖြစ်
ဘတ်ငွေ ၁၅၀ စီသတ်မှတ်ပေးသော်လည်း စါရင်မရှင်းသဖြင့် မသေချာကြောင်း ပြောကြပြန်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က   “လူကုန်ကူးခံရပြီးလိင်ကျွန်ဖြစ်နေတဲ့ မြန်မာအမျိုးသမီးတွေ
ကို ကျနော်တို့ ကယ်ထုတ်ရတာ စရိတ်စက အများကြီး ကုန်ကျပါတယ်။ ခရီးကဝေးတယ်။ ဘန်ကောက်က
ရနောင်း သို့ လိုင်ကားသွားရတယ်။ ရောင်းစားခံနေရတဲ့နေရာတွေကို ကားငှါးပြီး သုံးရပါတယ်။ လိင်အလုပ် သမတွေမှာ ရှိမဲ့စုမဲ့အ၀တ်တွေထည့်ဖို့ အိပ်ကအစ ၀ယ်ပေးရတယ်။ သူတို့မှာ နေ့တိုင်း လိင်အလုပ် လုပ်နေ ကြရပေမယ့် သုံးစရာပိုက်ဆံ တစ်ပြားမှမရှိကြဘူး။ အစားအသောက်တွေကျွေးမွေးရတယ်။
ဒါ့အပြင် နေရာပြပေးတဲ့သူမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက်  မြန်မာပြည်နေရပ်ပြန်ဖို့ အထိ လမ်း စရိတ်ပေးလိုက်ရတယ်။ ဒီလောက်ကြီးမားတဲ့အလုပ်တွေကို ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP လို အဖွဲ့အစည်းကြီးတွေနဲ့ မြန်မာအစိုးရတို့ လက်တွေကျကျ ပူးပေါင်းပြီးတော့ လုပ်မှ လျှော့နည်း ပပျောက်နိုင်မှာဖြစ်ပါတယ်” ဟု တိုက်တွန်းပြောဆိုသွားသည်။
        “ရန်ကုန်က ကောင်မလေးတစ်ယောက် အသက် ၁၆ နှစ် ခုမှပြည့်တာ၊ ၁၅ နှစ်ကတည်းက ဒီဘ၀ကို
ရောက်တာ၊ ခုထိ အမျိုးသမီး သဘာဝ မဖြစ်သေးဘူး၊ ဘာဆိုဘာမှ မရှိသေးတဲ့ပီဘိ ကလေး လေးပဲရှိသေး
တယ်။ သူပြောပြတာများဆိုရင် အတော်စိတ်ထိခိုက်ဖို့ကောင်းတယ်။ အဲဒီလှေဆိပ် ပြည့်တန်ဆာရုံတွေမှာ ကျနော်တို့ ကယ်တင်ခွင့်မကြုံပဲ ကျန်နေခဲ့တဲ့ မြန်မာအမျိုးသမီးငယ်တွေ  အတွက်စိတ်ကောင်းဘူး။
တို့နာမည်တွေ အသက်အရွယ်တွေ ကျနော်တို့ အတိအကျ သိထားတာရှိတယ်၊ ဓါတ်ပုံအချို့လည်းရှိတယ်၊ ဒါပေမယ့်စောစောကပြောသလို ကျနော်တို့ ဆက်ပြီး လုပ်ဖို့ ငွေရေးကြေးရေးအရ အခက်အခဲ အများကြီး ရှိသလိုလုံခြုံရေးအရလည်း စိုးရိမ်ရသေးတယ်” ဟု ဆက်လက်ပြောဆိုသွားသည်။
MAT အဖွဲ့အနေဖြင့် ယခု လိင်အလုပ်သမ ကယ်တင်မှုမှာ ပထမဦးဆုံးဖြစ်ကြောင်း သိရှိရသည်။

Copy from http://goldenworkers.blogspot.com/



No comments:

Post a Comment