Monday, June 9, 2014

လူတွေလမ်းပေါ်ထွက်အောင် ဦးသိန်းစိန်အစိုးရလုပ်နေသလား


        ဦးသိန်းစိန်အစိုးရလက်ထက်မှာ မကြာခဏဆိုသလို  နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိပေမယ့် ထပ်မံဖမ်းဆီးတာတွေကိုလည်း မြင်တွေ့နေရပါတယ်။

PSY ရဲ့ ဖန်တီးမှု အသစ် HANGOVER (ရုပ်/သံ)

ယူကျုမှာ ကမ္ဘာ့စံချိန်တင် လူကြည့်များတဲ့ အိုပါဂမ်းနမ်စတိုင်နဲ့ ကမ္ဘာကျော်လာသူ ကိုရီးယား အဆိုတော် PSY ရဲ့ HANGOVER ဆိုတဲ့ ဖန်တီးမှု အသစ်ဟာ ဇွန်လ ၈ ရက်နေ့ကပဲ ယူကျုပေါ် ကို တရားဝင် တက် လာပြီး တရက် အတွင်း ကြည့်ရှုကြိမ်ပေါင်း ၃ သိန်းကျော် ရှိနေပါပြီ။

လေပေါ်က Leap Motion ညွှန်းကြားနိင်တဲ့ HP ရဲ့ ကီးဘုတ် ( $99)


Leap Motion ကို အခု လက်ရှိ ပုံစံ (၃) မျိုးဖြစ် ရရှိနိင်ပါတယ်။ ဒါတွေကတော့ သူချည်းရိုးရိုး Plug in တပ်သုံးနိင်တဲ့ ကရိယာ၊ HP ရဲ့ Envy 17 Laptop ထဲမှာ ပါရှိတဲ့အနေနဲ့ လည်းကောင်း၊ HP ရဲ့

နည်းပညာမြင့် စမတ် သော့ခလောက် Skylock


သူခိုးရန်က သတိပေး လှုပ်ဆော် မူတွေနဲ့ ကာကွယ်ပေးမဲ့ စက်ဘီး စမတ်သော့ ခလောက်တွေ အများကြီး ရှိပေမဲ့လည်း ယခုဖော်ပြမဲ့ Skylock လိုခေါ်တဲ့ စမတ် သော့ခလောက်လေးက ပိုပြီး စိတ်ဝင်စား စရာပါ။ ဖုန်းကနေ App မှ တစ်ဆင့် လော့ အပိတ်အဖွင့်တွေကို လုပ်ပေးနိင်ပြီး အားသွင်း စရာမလို နေရောင်ခြည် တစ်နာရီလောက် ထိတွေ့လိုက်တာနဲ့ (၁) ပတ်လောက် သုံး နိင်တဲ့ သော့ တစ်မျိုးပါ။

နံရံပေါ်က အခေါင်းပေါက်


အသက် ၉ နှစ်အရွယ် ကောင်လေး နှစ်ယောက် အလင်းပြန်နေတဲ့ ဖန်သားပြင် တစ်ခုပေါ် မျက်နှာကပ်ပြီးကြည့် နေကြတယ်။

အနုပညာနှင့် ပရဟိတ ကြိုးစားလုပ်ဆောင် သွားမယ်ဆိုတဲ့ အလှမယ် မေမြတ်နိုး


ပြိုင်ပွဲဝင် အလှမယ် ၃၈ ဦးအနက် အလှမယ် ဆုကို ဆွတ်ခူး သွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ များတွင် နှစ်ပေါင်းများစွာ ကြာပြီးမှ ပထမဦးဆုံး အကြိမ်အဖြစ် အလှမယ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲမှာ 1st Runner Up ဆုကို ကိုရီးယား အလှမယ်၊ 2nd Runner Up ဆုကို Macau၊ အလှမယ်၊ 3rd Runner Up ဆုကို ဖိလစ်ပိုင် အလှမယ်တို့က ရရှိခဲ့သည်။ မေလ ၁၉ ရက်နေ့ကစပြီး နိုင်ငံတကာ အလှမယ်များနှင့် ပြိုင်ပွဲ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ အလှမယ် မေမြတ်နိုးက Pangyo Techno Valley သံတမန် အဖြစ် ခန့်အပ်ခံရကာ Talent Show ပြိုင်ပွဲတွင် Scalatium Popularity Awardကို ရရှိခဲ့ပါသည်။

ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်

(၁) ယခု အစီအစဉ်မှာ ပါဝင် ဖြေကြားဖို့ ဖိတ်ခေါ် ထားသူများ ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့ ဖြစ်ပါသည်။

နယ်စပ်တာဝန်ကျ တပ်မတော်သားများ အတွက် ကျပ်သိန်း ၂၀ ကျော်ဖိုးလှူဒါန်း

 မောင်တောနယ်စပ် တွင်တာဝန် ထမ်းဆောင်နေကြ သည့် တပ်မတော်သားများ အတွက် မြန်မာနေရှင်နယ် Net W-ork အဖွဲ့က အလှူငွေနှင့် စားနပ်ရိက္ခာသိန်း ကျပ်၂၀ ကျော်ဖိုးကို ဇွန်လ ၇ ရက်က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးအစည်း အဝေးခန်းမတွင် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

ယာမလို့ခေါ်တယ်တဲ့

 ယာမလို့ ခေါ်တယ်တဲ့ ဆိုတဲ့ လင်းလက်ကြယ်စင်အစီအစဉ် နားဆင်နိုင်ပါပြီ။
ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး လူငယ်တွေကြားထဲ ဘယ်လိုတွေ ပျံ့နှံ့နေလဲ။ ဘာကြောင့် သုံးကြတာလဲ။ အကျိုးဆက်တွေက ဘာတွေလဲ ဆိုတာကို လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။

တရားမ၀င် ကျောက်စိမ်း ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်

မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီး ငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့် ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်လမ်းဘေး ထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်း ဝင်တိုက်

သထုံ ဇွန် ၈

သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် တစ်ဘက်ယာဉ်ကြောမှယာဉ်အား မျက်နှာချင်းဆိုင် ဝင်တိုက်

သထုံ ဇွန် ၈

သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်အရှေ့ ရန်ကုန်-ဘားအံ အဝေးပြေး လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်သော ၁၂ ဘီးယာဉ်က တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းမတော်တွင် ကလေးငယ်နှစ်ဦး အိမ်ရှင်များ နှိပ်စက်

ရန်ကုန်၊ ဇွန် ၈

လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ လေးလွှာ တိုက်ခန်းတွင် အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော ကလေးငယ်နှစ်ဦးကို ဇွန်လ ၅ ရက် နံနက်ပိုင်းက ရပ်ကွက်နေသူများက ကယ်တင်ခဲ့ကြောင်း လမ်းမတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။

Sunday, June 8, 2014

ဗန်းမော်ထောင်က ပစ္စလက်ခတ်စွန့်ပစ်ထားတဲ့ မိလ္လာပုံများကို ဖုန်းဖြင့်ဓာတ်ပုံရိုက်သူ ဖုန်းအသိမ်းခံရပြီး အချုပ်ထဲတစ်ညအိပ်ရသည့်အပြင်တရားစွဲခံထားရ


“ကျွန်တော်က နခ/၇၅၅၊ စည်ပင်သာရပ်၊ နောင်ခိုအုပ်စုမှာ နေပါတယ်။ စမ္ပာနဂိုခေတ်ကတည်း ကရှိခဲ့တဲ့ “ဝေသာလီ” ရွာကို အခုတော့ “စည်ပင်သာ”လို့ခေါ်ပါ တယ်။ကျွန်တော်က ၂၀၁၁ ခုမှာ “အူ” တီဘီအကျိတ်ကြောင့် ခွဲစိတ်  ထားရပြီး ဆိုင်ကယ်တိုက်မိတုန်း ကလည်းဦးခေါင်းကို ထိခိုက်ထားပါ တယ်။

“မြန်မာပြည်ရဲ့ အာဏာရပ်ရပ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်တဲ့အကြောင်း” – သစ္စာနီ

စာရေးဆရာ သစ္စာနီရဲ့ “သောင်းတိုက်က ကြားစေသား” ရေဒီယို အသံလွှင့် ဆောင်းပါးအစီအစဉ်ကို ဒီတပတ်မှာတော့ “မြန်မာပြည်ရဲ့ အာဏာရပ်ရပ်ကို  စစ်တပ်က ထိန်းချုပ်ထားတာဖြစ်တဲ့အကြောင်း”ကို တင်ဆက်ထားပါတယ်။
အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ ထိရောက်ဖို့ ပြည်သူတွေ စောင့်ကြည့်ရန် လို

World-Bank
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ကို ဖယ်ရှားပြီးတဲ့နောက် ကမ္ဘာ့ဘဏ်ရဲ့အကူအညီတွေ ရရှိလာပေမယ့် တစ်ကယ်တမ်းထိရောက်ဖို့အတွက် ပြည်သူတွေကလည်း စောင့်ကြည့်ဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေကိုလေ့လာနေတဲ့ Burma Partnership ရဲ့ ညိနှိုင်းရေးမှူး ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေကြောင့် တစ်ချို့နိုင်ငံတွေမှာ မြေသိမ်းတဲ့ ကိစ္စလို မတရားမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ

ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ

ကလေး၊ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။ 

ယင်းပြင်သစ်နိုင်ငံသားသည် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ အောင်ရတနာ ဟိုတယ်သို့ နံနက် ၈ နာရီခန့်က ရောက်ရှိခဲ့ပြီး တစ်ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၂၀ သည် တည်းခိုခ ဈေးနှုန်း မြင့်မားသည်ဟု ဆိုကာ ဟိုတယ်ရှေ့ရှိ “နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ပါ” ဟု ရေးထားသည့် ဆိုင်းဘုတ်အောက်တွင် ဖျာခင်း၍ နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

“တခြားဟိုတယ်တွေကို မေးပြီးမှ ကျွန်တော့်ဟိုတယ် ရောက်လာတယ် ပြောတယ်။ ဟိုတယ်ခက ကျွန်တော်တို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ဘယ်နိုင်ငံခြားသားမဆို ဒီဈေးပဲ” ဟု ၎င်းက ရှင်းပြသည်။

မြစ်ကြီးနားမှတစ်ဆင့် မန္တလေး၊ ထိုမှတစ်ဆင့် ကလေးမြို့သို့ ကုန်းလမ်းခရီးဖြင့် ရောက်ရှိခဲ့သူ ဖြစ်ကြောင်း၊ ထိုမြို့များတွင် တစ်ည တည်းခိုခမှာ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (ရှစ်ထောင်ကျပ်) ခန့်သာ ရှိကြောင်း၊ ကလေးမြို့တွင်မူ ဈေးနှုန်း မြင့်သောကြောင့် တည်းခိုနိုင်ခြင်း မရှိ၍ ယခုကဲ့သို့ နေခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ပြင်သစ်နိုင်ငံသား Mr. FACQUES CUILLAUME JEAN CLAUDE က ပြောကြားသည်။

ချင်းပြည်နယ်သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလည်လာရောက်ခြင်း ဖြစ်ကြောင်း၊ ချင်းတောင်သို့ သွားရောက်ရန်အတွက် ကလေးမြို့တွင် တည်းခိုခြင်း ဖြစ်ရာ ဟိုတယ်ခ ဈေးကြီးသဖြင့် ညမအိပ်နိုင်သောကြောင့် ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညှိနှိုင်းပေးချက်ဖြင့်သာ တည်းခိုခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ရတနာ ဟိုတယ်ပိုင်ရှင်နှင့် ညှိနှိုင်းကာ နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးခဲ့ကြောင်း ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းပေးခြင်းနှင့် ပတ်သက်၍ “တစ်ယောက်ကို ဈေးလျှော့ပြီး တည်းခိုင်းလိုက်တယ် ဆိုရင် နောက်ထပ် ဒီလိုမျိုး ဖြစ်လာမှာ စိုးရိမ်တယ်” ဟု အောင်ရတနာ ဟိုတယ်ပိုင်ရှင် ဦးအေးဖေက ညည်းတွား ပြောဆိုသည်။

ဟိုတယ်များ၏ တည်းခိုခ ဈေးနှုန်း သတ်မှတ်ချက်မှာ လုပ်ငန်းရှင်များနှင့်သာ သက်ဆိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အနေနှင့် နိုင်ငံခြားသား အဝင်အထွက်သာ စာရင်းပြုခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ကလေးမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဦးခိုင်မွန်က ပြောကြားသည်။

ကလေးမြို့တွင် တည်းခိုခဈေးနှုန်း ကြီးမြင့်သည်ဟု ဆိုကာ လာရောက် တည်းခိုသူများ ဆန္ဒပြမှု မရှိခဲ့သောကြောင့် ယခုဖြစ်ရပ်သည် ကလေးမြို့တွင် ပထမဆုံး ဖြစ်ကြောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ည တည်းခိုက အမေရိကန်ဒေါ်လာ ၃၀ သတ်မှတ်ထားကြောင်း ကလေးမြို့တွင် နိုင်ငံခြားသားအများစု အဓိကတည်းခိုရာ ဟိုတယ်ဖြစ်သည့် တောင်ဇလပ်ဟိုတယ် မန်နေဂျာက ပြောကြားသည်။


ကလေး၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။

ရှမ်းမြောက် တပ်တွေ နေရာရွှေ့ပေးဖို့ အစိုးရစစ်တပ် ရာဇသံပေး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA), အစိုးရစစ်တပ်, ငြိမ်းချမ်းရေး , ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့, အပစ်အခတ် ရပ်စဲရေး
ရှေ့တန်းစစ်မြေပြင်မှာ တွေ့ရတဲ့ ရှမ်းတပ်ဖွဲ့ဝင် တဦး(ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

By ကျော်ခ
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ တာ့ဖာဆောင် တံတား အနီးက တပ်တွေကို နေရာရွှေ့ပြောင်းပေးဖို့ အစိုးရ စစ်တပ်က ရာဇသံ ပေးလာတဲ့အတွက် နှစ်ဘက် တပ်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာတယ်လို့ သိရ ပါတယ်။

ခရီးသည်တင်ယာဉ်နှစ်စီး အပြိုင်မောင်းရင်း ဆိုင်ကယ်ကို တိုက်မိ၍ လူငယ်နှစ်ဦး သေဆုံး

 ခရီးသည်တင် ယာဉ် နှစ်စီးအပြိုင်မောင်းနှင်ရာမှ တစ် ဖက်ယာဉ်ကြောတွင် မောင်းနှင် လာသော ဆိုင်ကယ်ကို ၀င်တိုက် မိရာ ဆိုင်ကယ်ပေါ်မှ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခရီးသည် တင်ယာဉ်ပေါ်ပါ ခရီးသည် ဆယ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အွန်လိုင်း ရည်းစားကို အပြင်မှာ တွေ့လိုက် ရသောကြောင့် လေးထပ်မှ ခုန်ချ သတ်သေသွား

“ငါကတော့ နင့်ကို အရမ်းလှတယ် ထင်ထားတာ ငါအတော် အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့  နင့်ကို သိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး ’’

တက္ကသိုလ် ၀င်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူ တစ်ဦး ဆေးသောက် သေဆုံး

မောင်တော၊ ဇွန် ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်

ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွင် အင်းစိန် ဗဟိုအကျဉ်းထောင်တွင်းမှ ဝင်ရောက်ဖြေဆိုသည့် လူငယ်အကျဉ်းသား နှစ်ဦး ပါဝင် အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ILO အမှုဆောင် ဦးမောင်မောင် ဖြစ်ပြီ

 ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ILO နိုင်ငံ တကာ အလုပ်သမား အဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ ရွေးချယ်ပွဲ ကနေ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို လက်ထောက် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

ကံကောင်းခြင်းရတနာ စက်ရုံလုပ်သားများအရေး တိုင်းဒေသကြီး အစိုးရက ဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် မရှိတော့ဟုဆို

 ကံကောင်းခြင်း ရတနာ စက်ရုံမှ ဆန္ဒပြ လုပ်သားများသည် စက်ရုံမှ မန္တလေးဘက်သို့ ဦးတည် လမ်းလျောက်လာစဉ် ဇွန်လ ၆ရက် နံနက်က စဥ့်ကိုင်တိုးဂိတ်အရောက်တွင် လုံခြုံရေးအဖွဲ့ဝင်များက တားဆီးစဉ်။ (ဓာတ်ပုံ- မျိုးသန့်၊ မဇ္ဈိမ)
မန္တလေး၊ မဇ္ဈိမ။               ။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာ အုပ်စုအတွင်းရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ လုပ်သားများ လုပ်ခလစာကိစ္စနှင့် စာချုပ်ပါအချက် များကျေနပ်မှုရှိ၍ ဆန္ဒပြတောင်းဆိုမှုကို တိုင်းဒေသကြီးအစိုးရက ဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် မရှိတော့ဟု တိုင်းဒေသကြီး သစ်တောနှင့် သတ္ထုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က မဇ္ဈိမကို ဇွန် ၇ရက်က ပြောသည်။

ပီအာစနစ် လွှတ်တော်တွင် တင်လိုက်တော့ အပြင်လောကတွင် ပွက်လောရိုက်သွားကြသည်။ လာမည်ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်ဖြင့် နိုင်မည်ဟု တွက်ဆထားသော ပါတီဝင်များက ပီအာ စနစ်ကို စိတ်ဆိုးကြသည်


နိုင်ငံရေး ပါတီများကြား ဗျာများနေကြပြီ။ ရွေးကောက်ပွဲများတွင် မည်သည့် စနစ်ကျင့်သုံးရမည်ကို ညှိုနှိုင်းနေ၍ဖြစ်သည်။