Tuesday, October 16, 2012

“ခေတ်နောက်ပြန်ဆွဲနေသော တောင်ဈေဖလုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဘယ်လို အပစ်ပေးအရေးယူမလဲ”

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ တောင်ဈေးဖလုံကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ ကျေးရွာသူ/သားများကို တစ်နေ့တစ်ယောက်နှုန်းဆက်သားတာဝန်ဖြင့ှ် အဓမ္မလုပ်အားပေး စေခိုင်းမှု များပြု လုပ်နေကြောင်း သိရှိရသည်။

ဆက်သားတာဝန်ဆိုသည်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ထမင်းချက်ခြင်း၊ ရေထမ်းခြင်း၊ ထင်ခွဲခြင်း၊ ဘက်ထရီအိုသယ်ခိုင်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရုံးတာဝန်ထမ်းရခြင်း နှင့် အလုပ်မရှိပါက အုပ်ချုပ်ရေးမှူး ကတော်အား ဆံပင်ဖြူနုတ်ပေးရခြင်းတို့ဖြစ်ကြောင်း ရွားသူ/သားများမှပြောပြချက်အရသိရှိရ သည်။