Friday, March 22, 2013

သစ်တောတာဝန်ခံနှင့်ပူးပေါင်းပြီး တရားမ၀င်သစ်ခိုးထုတ်မှုများပြုလုပ်


     ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် တရားမ၀င်သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရသည်။

    “ ပဲနွယ်ကုန်းမြို့ သစ်တောဦးစီးဌာန တာဝန်ခံ ကိုသက်ညွန့်က တရားမ၀င်သစ်တွေဆီကနေ လစဉ်ကြေးတောင်းခံပြီး စက်တွေကိုလက်ခံထားတယ်။အင်ဖော်မာထားပြီး ရန်ကုန်-မန္တလေး လမ်းမတွင် တောင်ထန်းကား၊ မီးသွေးကား၊ သစ်မှောင်ခိုကားများကို ငွေကောက်ခံပြီး သစ်ကားတွေကို တာဝန်ယူ လမ်းရှင်းပေးတယ်။ တောင်ပေါ်တွင် ချိန်းစော လက်ထိုးသစ်စက် တရားမ၀င် ခိုးထုတ်လုပ်ကိုင်သူများထံမှ လစဉ်ကြေးတောင်းယူတယ်။ ပဲနွယ်ကုန်းမြို့ သစ်ခိုးထုတ်သည့်
ရေမျှောများထံမှလည်း လစာတောင်းတယ်။ သစ်စက်လိုင်စင်ပြုလုပ်ပြီး တရားမ၀င်သစ်များခွဲခြင်းကို လက်ခံထားပြီး သစ်မှောင်ခို လုပ်သူများနေ့စဉ်နဲ့အမျှ ပေါင်းသင်းသွားလာ လှုပ်ရှားတယ်။
ကြိုတင်သတင်းပေးတိုင်ကြားသူများကိုလည်းအမည်ဖော်ဆောင်ပြီးသစ်ခိုးထုပ်သူများနှင့်ရန်တိုက်ပေးတယ်။ တိုင်ကြားသူကိုလည်း သူအား ခြိမ်းခြောက် ဆဲဆိုပါတယ်လို့ အမှုဆင်ပြီး တရားရုံးမှာ အမှုဖွင့်တရားစွဲတာတွေလုပ်နေပါသည်”ဟု ဒေသခံ ပြည်သူတစ်ဦးမှ ပြောပါသည်။

    မတရားမ၀င်သစ်ခိုးထုတ်သူများသည် သစ်တောတာဝန်ခံ ကိုသက်ညွန့်၏ အပစားပေးမှုနှင့် လာဘ်လာဘယူ၍ တာဝန်ယူဖြေရှင်ပေးမှုများကြောင့် ပိုမိုအတင့်ရဲလာပြီး နိုင်ငံတော်ပိုင် သစ်များကို ကိုယ်ပိုင်ပစ္စည်းများသဖွယ်တရားမ၀င်ခိုးထုတ်ပြီးကိုယ်ကျိုးစီးပွားရှာနေသည့်အတွက် နိုင်ငံတော်သ
ယံဇာတများနေစဉ်နှင့်အမျှ ဆုံးရှုံးနေရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြိုတင်သတင်းပေးတိုင်ကြားသူ ဦးမျိုးမြင့်သူကိုလည်းသစ်တောတာဝန်ခံကိုသက်ညွန့်မှကျောက်တံခါးမြို့၊ဒုတိယမြို့နယ်တရားရုံးတွင်
 ပြစ်မှုအမှတ်-၂၅၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄(ခ)/၅၀၆၊ ခြိမ်းခြောက်ဆဲဆိုမှုဖြင့် အမှုဆင်စွဲဆိုထားကြောင်း သတင်းရရှိသည်။

                                                                                                                                       ဆု

   

No comments:

Post a Comment