Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Friday, October 16, 2015

၁၉ လသား ရင်သွေး ငယ် ရောင်း ဖို့ ကြော်ငြာ တဲ့ အမေ

ရင်သွေးကိုရောင်းစားမယ့် အမေကို ရုံးထုတ် စစ်ဆေးခဲ့တဲ့ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ခရိုင်။
 အသက် ၁၉ လသားအရွယ်သာ ရှိတဲ့ ကလေးငယ်လေးကို အင်တာနက်ပေါ် မှာ ရောင်းစား ဖို့ ကြံစည်မှုနဲ့ တောင်အာဖရိနိုင်ငံက အမျိုးသမီးတဦးကို လူမှောင်ခိုကူးမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၀ အရွယ် အမျိုးသမီးတဦးက Gumtree လို့ခေါ်တဲ့ အွန်လိုင်းပေါ်က ကြော်ငြာ ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အမျိုးသား ကလေးငယ်လေးကို အမေရိကန်ဒေါ်လာ ၃၈၀ ကျော်နဲ့ ရောင်းချဖို့ ကြံစည်ခဲ့တာပါ။

Wednesday, March 25, 2015

ပျက်ကျဂျာမန်ခရီးသည်တင် လေယာဉ်ရဲ့ Black Box တစ်လုံးရှာတွေ့


ပြင်သစ်နိုင်ငံ Alps တောင်တန်းမှာ ဂျာမန်ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုတွေကို အင်္ဂါနေ့နှောင်းပိုင်းက ဆိုင်းငံ့လိုက်ပါတယ်။

အဲဒီနေ့စောစောပိုင်းက ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်ပေါင်း ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး အားလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာအစိုးရအရာရှိတွေက ပြောကြားခဲ့ပြီး၊ အဲဒီပျက်ကျခဲ့တဲ့ တောင်ထူထပ်တဲ့နေရာမှာ ညအချိန် ကျရောက်ခဲ့လို့ အခုလို ရှာဖွေမှုကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

Saturday, March 21, 2015

ဆင်းရဲသားမြေယာမရှိသူများအတွက် လယ်ဧက ၅ သောင်းကျော် ထိုင်းခွဲပေးမည် (မြန်မာပြည်မှာ မဟုတ်ပါ)


ထိုင်းနိုင်ငံ ခရိုင် ၁၅ ခုက ဆင်းရဲသား မြေယာမရှိသူတွေ နေထိုင်လုပ်ကိုင်ဖို့အတွက် လယ်ယာမြေ ဧက ၅ သောင်းကျော် (ရိုင် ၁၁၁၂၁၀)ကို ပေးအပ်ဖို့ ထိုင်းအစိုးရက အတည်ပြု လိုက်ပါတယ်။

Tuesday, January 27, 2015

အရာရှိတလစာထက် ငွေပိုရှိသည့် သူတောင်းစားကို ထိုင်းတွင် ဖမ်းဆီး

 ဓာတ်ပုံ (ဘန်ကောက်ပိုစ့်)

ထိုင်းနိုင်ငံ ချနပ်ခရိုင်မှာ တောင်းရမ်းနေတဲ့ မသန်စွမ်း တရုတ်သူတောင်းစားတဦးရဲ့ အိတ်ထဲမှာ အရာရှိတဦးရဲ့ လစာထက် ပိုများတဲ့ ငွေတွေကြောင့် ဒေသခံ အာဏာပိုင်တွေ အံ့အားသင့်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

Monday, January 26, 2015

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

မျက်စိကွယ်နေသော မိခင်တစ်ဦးက ၄င်း၏ မွေးကင်းစကလေးကို e-Sight မျက်မှန်ဖြင့် ပထမဆုံးအကြိမ် အဖြစ် ကြည့်ရှုနိုင်ခဲ့


အော့တ၀ါ ၊ ၂၆-၁-၂၀၁၅

ကနေဒါနိုင်ငံ၌ မျက်စိ ကွယ်နေသော မိခင်တစ်ဦးသည် ၄င်း၏ မွေးကင်းစ ကလေးကို e-Sight ဟု အမည် ပေးထားသည့် အမြင်အာရုံ မြှင့်တင် ပေးသည့် မျက်မှန်ကို တပ်ဆင်၍ ပထမဆုံး အကြိမ် အဖြစ် ကြည့်ရှု နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။

Monday, January 12, 2015

ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့

AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်း ခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိ နေတဲ့ နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲမိတာ ဖခင်ရဲ့ဥပက္ခာပြုမှုတွေကြောင့်လို့ ဖခင်ကို ပြစ်တင် ပြောဆိုလိုက်တဲ့...ဂျေစီချန်း

သြဂုတ်လမှာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလက် ၀ယ်ကိုင်ဆောင်မှု တို့ကြောင့် ဖမ်းဆီးခံ လိုက်ရသော ဂျေစီချန်းသည် ပြစ်မှု ထင်းရှားပါက ထောင်သုံးနှစ်အထိ ကျခံဖွယ်ရှိကြောင်း သတင်းတွေမှာ ရေးသား ခဲ့ကြပါသည်။

Tuesday, December 9, 2014

အသက်ကိုးနှစ်ရွယ်. ဒါပေမယ့် ကမ္ဘာ့အလှဆုံး စူပါမော်ဒယ်


ကမ္ဘာ့အလှဆုံး စူပါမော်ဒယ် အဖြစ် ရုရှားနိုင်ငံမှ အသက် ကိုးနှစ်အရွယ်
ကလေးမလေး တစ်ဦးက အသိအမှတ်ပြု ခံခဲ့ရ ပါတယ်။ သူမ အမည်ကတော့ Kristina Pimenova လို့ အမည်ရပြီး အသက် ၃ နှစ်သား အရွယ်မှာ ကတည်းက မော်ဒယ် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ် ပါတယ်။

Friday, September 26, 2014

ခေါင်း​ဖြတ်​သူ​ကို သိ​ပြီ​လို့ FBI ပြော

FBI ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ
အမေရိကန် စာနယ်ဇင်း သမား ၂ ဦး နဲ့ ဗြိတိသျှ ပရဟိတ သမား တို့ကို ခေါင်းဖြတ် သတ်မှု ကျူးလွန်ခဲ့ တဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ဝင် ဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ ကို ဖော်ထုတ် နိုင်ပြီ လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ က ပြောလိုက်ပါ တယ်။

Saturday, September 6, 2014

အီဘိုလာ ရောဂါပျောက်သူ တွေ ရဲ့သွေးသွင်းပြီး လူနာကုမယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူးချုပ်
အီဘိုလာ ရောဂါဖြစ်ပြီး ပြန်နေကောင်းလာ သူတွေရဲ့ သွေးကိုသုံးပြီး နောက်ထပ် ရောဂါ ဖြစ်သူတွေကို ကုသွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာမှာ ရှေ့တန်းကနေ လူနာတွေကို ကုနေတဲ့ သူတွေအတွက် အီဘိုလာ ထိုးဆေး စသုံးနိုင်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။

ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးဝင် ဂီဇာပိရမစ်ကို ဘယ်လို တည်ဆောက်ခဲ့သလဲ

By ရိုးရာလေး 
အမေရိကန်နိုင်ငံအင်ဒီယားနား တက္ကသိုလ်ကရူပဗေဒ ပညာရှင်တွေ ကတော့ဂီဇာပိရမစ် တည်ဆောက်ရာ
မှာကျောက်တုံးတွေကိုအနား(၁၂)နား ပါတဲ့ဒိုဒက်ကက်ဂွန် (Dodecagon) ပုံစံပြောင်းပြီး သယ်ခဲ့ကြဖွယ်ရှိတယ် လို့ သုံးသပ်ပါတယ်။ အီဂျစ်ဘုရင် ကူဖူရဲ့ ဂူသင်္ချိုင်း ဂီဇာ ပိရမစ်ကို ဘီစီ ၂၅၆၀မှာတည်ဆောက်ပြီးဘီစီ ၂၅၄၀ မှာပြီးစီးတယ်လို့အီဂျစ်သမိုင်း
လေ့လာသူတွေကယူဆခဲ့ကြပါတယ်။ ဂီဇာပိရမစ်ဟာကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါး ထဲမှာရှေးအကျဆုံးဖြစ်သလို စက် ကိရိယာအကူအညီမပါဘဲလူသားတွေ တည်ဆောက်တဲ့ အဆောက်အဦတွေ အနက် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

Monday, September 1, 2014

ဂျပန်အပြာကားမင်းသမီး ၉ ဦးရဲ့ ပရဟိတအလှူ

အပြာကားမင်းသမီးတွေကို အပြာကားထဲမှာပဲ တွေ့ရမယ်လို့ ထင်ထားခဲ့ကြမှာပါ။ဂျပန်က အပြာမင်းသမီး ၉ ဦးက AIDS ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် တိုကျိုမြို့တော်မှာ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုတဲ့နည်းနဲ့ အလှူခံတာ ရန်ပုံငွေ အများအပြား ရရှိပါတယ် တဲ့။

Tuesday, August 26, 2014

တရားရုံးရောက် မွေ့ယာနဲ့လိင်ဆက်ဆံမှု

တရားရုံးတွေမှာ ထူးဆန်းတဲ့ အမှုတွေလည်း ရောက်လာတတ်ပါတယ်။ အဲဒီထဲက အမှုတခုကတော့ အမျိုးသား တဦးဟာ မွေ့ယာနဲ့ လိင်ဆက်ဆံလို့ လန်ဒန်က တရားရုံးတခုကို ရောက်လာခဲ့တာပါဘဲ။

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ

ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။

Monday, August 25, 2014

အမျိုးသမီးအတွင်းခံပစ္စည်းသစ် အကြမ်းဖက်အဖွဲ့နဲ့နာမည်တူနေ

အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းတခုက သူတို့ရဲ့ကုန်ပစ္စည်းသစ်ကို  အိုင်ဇစ် - ISIS  လို့ အမည်ပေးထားပါတယ်။ Islamic State of Iraq and Syria - ISIS  ဆိုတာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တခုရဲ့အမည်ပါ။ အခုတော့ Islamic State - IS လို့ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အမေရိကန်စာနယ်ဇင်းသမားတယောက်ကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ပါ။

MTV ဆုပေးပွဲမှာ ပရိသတ်ကို အံ့သြသွားစေခဲ့သူ မိုက်လေဆိုင်းရပ်စ်

မိုင်လေဆိုင်းရပ်စ်ဟာ ထူးထူးခြားခြား ပရိသတ်ကို မင်တက်စေသူတဦးလို့ ပြောရင် မမှားပါဘူး။ အခုလည်း မိုင်လေဆိုင်းရပ်စ်ဟာ MTV- VMAs ဆုပေးပွဲအခမ်းအနားမှာ ထူးခြားမှု တခု လုပ်ပြသွားခဲ့ပြန်ပါတယ်။ 

Thursday, August 21, 2014

တူလွန်းတဲ့ သုံးမြွာပူးကလေးတွေကို ခွဲခြားဖို့အတွက် ခြေသည်းဆိုးရသတဲ့

ဗြိတိန်နိုင်ငံမှ အင်မတန် ကံကောင်းတဲ့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။ မီးဖွားမှုပေါင်း ၁ သိန်း ၆ ထောင်မှာ တစ်ကြိမ်သာ ဖြစ်နိုင်ချေ ရှိတဲ့ သုံးမွာပူး မွေးဖွားခြင်းကို ပြုလုပ်နိုင်ခဲ့ ပါတယ်။

Thursday, August 14, 2014

လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်

ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။