Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Monday, July 7, 2014

RFA နှင့် သစ်ထူးလွင် အင်တာဗျူး

RFA ရဲ့ ဇူလိုင် ၇ ရက် မနက်ပိုင်း အစီအစဉ်များကို နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်မှာ RFA နှင့် သစ်ထူးလွင် အင်တာဗျူး ကိုလည်း နားဆင်နိုင်ပါတယ်။ သစ်ထူးလွင် နာမည် အသုံးချထားတဲ့ အင်တာနက် ဓါတ်ပုံကိစ္စ ၊ သတင်းကူးယူမှု ကိစ္စတွေကို သစ်ထူးလွင် နဲ့ RFA အင်တာဗျူး အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

Monday, June 30, 2014

လူထုလုံခြုံမှုနှင့် ပြည်သူ့အသံ

 လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သဖြင့် ကုန်စိမ်းရောင်း နေသူ တစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်း အထန်ဒဏ်ရာ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် နိစ္စဓူဝ အလုပ်များ လုပ်ကိုင်ရင်း လုံခြုံမှု မရှိသော ပတ်ဝန်းကျင်အခြေ အနေကြောင့် ကွယ်လွန်ခဲ့ရသည်မှာ ၎င်းတို့နှစ်ဦးက ပထမဆုံး မဟုတ်ပါ။ ရေလျှံစဉ် ကျောင်းမှ ပြန်လာရင်း၊

Friday, June 20, 2014

“ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ လူတိုင်း သိထားသင့်ပါတယ်”

နန်းမိုဟွန်, အမျိုးသမီး, ကိုယ်ခံပညာ, ရှမ်းတိုင်းရင်းသူ
အမျိုးသမီး တဦးကို ကိုယ်ခံပညာ သင်ပေးနေသည့် ရှမ်းတိုင်းရင်းသူ နန်းမိုဟွန် – ညာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် တည်ဆောက်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ရန်ကုန်မြို့က မြန်မာ အမျိုး သမီးတစုသည် တနင်္ဂနွေနေ့တိုင်း ကန်တော်ကြီးသို့ ရောက်လာပြီး အခမဲ့ ကိုယ်ခံပညာသင်တန်း တခုကို တက်ရောက် ကြသည်။

Wednesday, June 4, 2014

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။

Thursday, May 15, 2014

ဂျပန်အသင်းတွင် အရွေးခံရသည့် ကောင်းဇံမရအကြောင်း မိခင်ဖြစ်သူနှင့်မေးမြန်းချက်

KH Interview 14052014
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ သြဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်မယ့် အသက် ၁၂ နှစ်အောက် နိုင်ငံတကာ လူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျပန်လက်ရွေးစင် ဘောလုံး အသင်းရဲ့ ၂၃ ယောက် လူစာရင်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ခံယူထားတဲ့ မြန်မာနိုင်ငံသားရဲ့ ရင်သွေးဖြစ်သူ ရွေးချယ်ခံခဲ့ရပါတယ်။

Sunday, May 11, 2014

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေဟာ ချုပ်ချယ်ကန့်သတ်တာမျိုးမဟုတ်ဘဲ ကာကွယ်ကန့်သတ်တာမျိုးပဲ ဖြစ်ရမယ် (အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ မေးမြန်းချက်)


By ရွှေအောင်
မေလ ၈ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Tuesday, May 6, 2014

“နိုင်ငံရေး နည်းအရ စဉ်းစားမလား၊ တိုက်ပွဲ နည်းနဲ့ စဉ်းစားမလား”

ကချင်ပြည်နယ်, နိုင်ငံရေး, အပစ်အခတ်ရပ်စဲရေး, KIO , KIA , MPC , NCCT , UNFC , အစိုးရ
ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

by ဧရာဝတီ
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို လေ့လာသုံးသပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထူးအယ်လင်း နဲ့ လက်ထပ် ဖို့ အချိန် က စကား ပြောပါ လိမ့်မယ် ဆိုတဲ့ Caroline

Written by  မြင့်မြင့်စိုး 
အနုပညာ လောက တွင် သရုပ်ဆောင် ၊ ဂီတ ၊ မော်ဒယ် အလုပ် သုံးခု ကို မျှတ စွာ လုပ်ဆောင် နေ တဲ့ Caroline ရဲ့ အချစ်ရေး ကို ပရိသတ် က စိတ်ဝင်စား လျှက် ရှိပါ တယ် ။
htlCaroline ကို ဆက်သွယ် ပြီး သူမ ရဲ့ ရှေ့ဆက် လျှောက်လှမ်း မယ့် အနုပညာ၊ သူမ ရဲ့အချစ်ရေး တို့ကို မဇ္ဈိမ က ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။
မေး ။     ။  ညီမလေး ရဲ့နာမည်လေး ပြောပြ ပေးပါ။ အဲဒီ နာမည် က နာမည် အရင်း ပဲလား။
ဖြေ  ။     နာမည် အရင်းပါ ။ Caroline လို့ ခေါ်ပါ တယ် ။ ကယား လူမျိုး ပါ ။
မေး ။      ။  အနုပညာ လောက ထဲကို ဘယ် အချိန် က စရောက် ခဲ့တာလဲ။
ဖြေ  ။      ၂ဝဝ၉ ခုနှစ် က ကိုဌေးမင်းထွန်း စီစဉ်တဲ့ Miss Christmas ပြိုင်ပွဲမှာ သူငယ်ချင်း တွေ နဲ့ အတူ ဝင်ပြိုင် ရင်း ရောက်လာ တာပါ ။ အဲဒီ ပွဲမှာ အဆင့် ၁ ကနေ ၅ အတွင်း ဝင်ခဲ့ ပါတယ်။
မေး ။      ။ Miss ပြိုင်ပွဲ က ဘယ် နှစ်ပွဲ လောက် ဝင်ပြိုင် ဖူးလဲ ။ ဘာ ဆုတွေ ရော ရဖူးလဲ။