Tuesday, October 16, 2012

“ခေတ်နောက်ပြန်ဆွဲနေသော တောင်ဈေဖလုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဘယ်လို အပစ်ပေးအရေးယူမလဲ”

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ တောင်ဈေးဖလုံကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ ကျေးရွာသူ/သားများကို တစ်နေ့တစ်ယောက်နှုန်းဆက်သားတာဝန်ဖြင့ှ် အဓမ္မလုပ်အားပေး စေခိုင်းမှု များပြု လုပ်နေကြောင်း သိရှိရသည်။

ဆက်သားတာဝန်ဆိုသည်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ထမင်းချက်ခြင်း၊ ရေထမ်းခြင်း၊ ထင်ခွဲခြင်း၊ ဘက်ထရီအိုသယ်ခိုင်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရုံးတာဝန်ထမ်းရခြင်း နှင့် အလုပ်မရှိပါက အုပ်ချုပ်ရေးမှူး ကတော်အား ဆံပင်ဖြူနုတ်ပေးရခြင်းတို့ဖြစ်ကြောင်း ရွားသူ/သားများမှပြောပြချက်အရသိရှိရ သည်။


“ ကျွန်တော်တို့ရွာမှာက ယခင်ကျေးရွာ ရ.ယ.က ဥက္ကဌ အဆက်ဆက်ကနေ ယခုကျေးရွာအုပ်ချုပ်ရေးမှူး အထိ့ ဒီလိုစေခိုင်းလာတာပါ၊ ရွာထဲကတစ်အိမ်မှမကျန် တနေ့တစ်ယောက် ဥက္ကဌ အိမ်မှာသွားပြီး အလုပ်လုပ်ပေးရ တယ်။ ဆက်သားတာဝန်လို့ရေးထားသည့် ပျဉ်းကတိုးသစ်ပြားအိမ်ရောက်တာနဲ့ မနက်မိုးလင်း ကျေးရွာအုပ်ချုပ် ရေးမှူးအိမ်သွားရတယ်။ သူတို့ခိုင်တာအကုန်လုပ်ရတယ်။ ယောက်ကျားမအားလျှင်မိန်မ၊ လူကြီးတွေမအား လျှင်း ကလေးတွေ သွားလုပ်ပေးရတာ။ ကျောင်းသားကော ဘာကောနားမလည်ဘူး။ အကုန်ခိုင်းတာ။ ကျွန်တော်တို့ရွာကလူတွေက ခေတ်အဆက်ဆက် ဥက္ကဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြောက်ရတာ။ မခံနိုင်တဲ့အဆုံးကြတော့မှ ယခုလို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တိုင်ရခြင်းဖြစ်ပါသည် ”ဟု တောင်ဈေးဖလုံ ကျေးရွာသား ဦးဌေးဝင်းမှ ပြောကြားပါသည်။

အဆိုပါအဓမ္မစေခိုင်မှုများနှင့်ပတ်သက်၍ စတင်ဘာလ(၃၀)ရက်နေ့တွင် က၀မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ ကျေးရွာသူ/ကျေးရွာသားများမှ သွားရောက်တိုင်ကြားခဲ့သည့်အတွက် ဖြစ်စဉ်မှန်/မမှန် စုံစမ်းစစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး မှ မြို့နယ်ရဲတပ်ဖွဲ့မှူးအား တာဝန်ပေးအပ်ခဲ့သည်ဟု သိရှိရပါသည်။

၎င်းဖြစ်စဉ်အား သတင်းအတည်ပြုချက်ရယူရန် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးအား သွားရောက်တွေ့ဆုံမေးမြန်ခဲ့ရာ “ ရွာသားတွေတိုင်ထားလို့ မြို့အုပ်ရေးမှူး၏ တာဝန်ပေးချက်ရ အောက်တိုဘာလ(၁၀)ရက်နေ့မှာ စုံစမ်းစစ်ဆေး အဖွဲ့ဖွဲ့ပြီး စစစ်တယ်။ နှစ်ဖက်လုံးကိုပေါ့။ ယခုထိတော့စစ်လို့မပြီးသေးပါဘူး။ စစ်ဆေးပြီးတာနဲ့ ကျွန်တော်တို့ ပြန်တင်ပြပေးရမှာပါ။ အပစ်ရှိတယ်မရှိဘူး။ဘယ်လိုဘယ်အပစ်ပေးအရေးယူမယ်/မယူဘူးဆိုတာ အဆုံး အ ဖြတ်  ပေးရမှာက မြို့နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်ဖြစ်ကြောင်း” ဖြေကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းအနေဖြင့် တောင်ဈေးဖလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အား ဘယ်လိုအပစ်ပေးအရေးယူမလဲဆိုတာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျာ။

ကိုရှင်

No comments:

Post a Comment