Wednesday, March 25, 2015

အမှိုက်သယ်ယာဉ်မှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီးအားတိုက်၍ ထွက်ပြေး


မန္တလေး မတ် ၂၄

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် နန်းရှေ့ ၁၉ လမ်း၊ မုန်တိုင်ဇရပ် အနီး၌ မတ် ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သယ်ယာဉ် ၉ဌ/---- ထော်လာဂျီမှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် 7C/---- Honda Fit (NPW) အပြာရောင် ကားတစ်စီးတို့ကိုတိုက်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ပျက်ကျဂျာမန်ခရီးသည်တင် လေယာဉ်ရဲ့ Black Box တစ်လုံးရှာတွေ့


ပြင်သစ်နိုင်ငံ Alps တောင်တန်းမှာ ဂျာမန်ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုတွေကို အင်္ဂါနေ့နှောင်းပိုင်းက ဆိုင်းငံ့လိုက်ပါတယ်။

အဲဒီနေ့စောစောပိုင်းက ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်ပေါင်း ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး အားလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာအစိုးရအရာရှိတွေက ပြောကြားခဲ့ပြီး၊ အဲဒီပျက်ကျခဲ့တဲ့ တောင်ထူထပ်တဲ့နေရာမှာ ညအချိန် ကျရောက်ခဲ့လို့ အခုလို ရှာဖွေမှုကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

Saturday, March 21, 2015

မူလ​ပညာ​ရေး​ဥပဒေ​ကို မ​ဆို​စ​လောက်​ပဲ ပြင်ဆင်​ဖို့ ဥပဒေ​ကြမ်း​တင်​သွင်း​ကြောင်း ဝေဖန်​နေ

အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်း ရေးကို ထပ်မံ ထည့်သွင်း ထားပြန်။
အမျိုးသား လွှတ်တော် မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်း အစီရင်ခံစာ ကို ဥပဒေကြမ်း ကော်မတီ က တင်သွင်း လိုက်တာ မှာ မူလ အမျိုးသား ဥပဒေ ကို အနည်းမျှ သာ ပြောင်းလဲ ထားတာ တွေ့ ရတယ် ဆိုပြီး ဝေဖန်သံ တွေ ထွက် ပေါ်လာပါတယ်။

အာဏာခွဲဝေယူရေး အရေးကြီး အဆိုတင်

တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀ဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ဆင်းရဲသားမြေယာမရှိသူများအတွက် လယ်ဧက ၅ သောင်းကျော် ထိုင်းခွဲပေးမည် (မြန်မာပြည်မှာ မဟုတ်ပါ)


ထိုင်းနိုင်ငံ ခရိုင် ၁၅ ခုက ဆင်းရဲသား မြေယာမရှိသူတွေ နေထိုင်လုပ်ကိုင်ဖို့အတွက် လယ်ယာမြေ ဧက ၅ သောင်းကျော် (ရိုင် ၁၁၁၂၁၀)ကို ပေးအပ်ဖို့ ထိုင်းအစိုးရက အတည်ပြု လိုက်ပါတယ်။

Tuesday, March 3, 2015

ပဲခူးမြို့၊ (Chinn Su)ချင်းစု အထပ်သားစက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အလုပ်သမားတစ်ဦး ကိုယ်လက်အင်္ဂါချို့ယွင်းမှုဖြစ်ပွား


၂၀၁၅ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်နေ့ နံနက်(၅)နာရီခန့်တွင် အထပ်သားစက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မယုယုခိုင်(ဘ)ဦးဘိုသန်းသည် ပဲခူးမြို့၊ချင်းစု(Chinn Su)အထပ်သားစက်ရုံရှိ သစ်လွှာဌာနတွင် လုပ်ငန်းဝင်နေစဉ်
အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ဘယ်ဘက်လက်သန်းကြွယ်ချို့ယွင်းသွားသော်လည်း စက်ရုံးမှ လျှော်ကြေး(သို့)နစ်နာကြေးတစ်စုံတစ်ရာပေးအပ်ခြင်းမရှိခဲ့ကြောင်း သူမ၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းကြည်မှ ပြောပြသဖြင့် သိရှိရ
သည်။

Friday, February 27, 2015

မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲ ဖြိုခွင်း



26 February 2015
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့   မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး  စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။