မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။
Tuesday, April 22, 2014
အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား
မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။
Monday, April 21, 2014
မတ္တရာမြို့နယ်က ထွန်တုန်းတိုက်ပွဲဝင် လယ်သမား ၁၉ ဦး တရားစွဲခံရ
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာနဲ့ ကျောက်စရစ်ကျေးရွာအုပ်စုက လယ်သမား
၂၀ နီးပါးဟာ အသိမ်းခံထားရတဲ့ သူတို့လယ်ထဲ ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြလို့
တရားစွဲခံကြရပါတယ်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်စရစ် နဲ့ ရေနံ့သာ
ကျေးရွာအုပ်စုက သိမ်းဆည်းခံ လယ်မြေတွေပေါ်မှာ မတ်လဆန်းက ထွန်ယက်စိုက်ပျိုး
တဲ့ တောင်သူတွေကို သမ၀ါယမနဲ့ ရဲက တရားစွဲတာဖြစ်ပါတယ်။
မြဝတီမြို့နယ်တွင် အလှူမှကျွေးသော သင်္ကြန်ထမင်းစားပြီး လူ ၁၆၅ ဦး အစာအဆိပ်သင့်
အစာအဆိပ်သင့်သူများ ပိုက်တန်းလန်းနှင့် ကုသမှုခံယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−လှထွန်း)
ဧပြီ(၂၁)၊ ၂၀၁၄
အောင်သစ်လွင်
ရန်ကုန်− မြဝတီမြို့နယ် ပေါလော ကျေးရွာဘုန်းကြီးကျောင်းအလှူတွင် ဧပြီ ၁၉ ရက်က ဒေသအခေါ် သင်္ကြန်ထမင်းစားမိရာမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆၅ ဦး အစာအဆိပ်သင့်ခဲ့ပြီး အများစုမှာ သက်သာလာသော်လည်း ၆၇ဦးမှာ ဆေးကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

အဖြစ်ဆိုးအလွန် ခရီးသည်တင်ယာဉ်လိုင်းအချို့ အပြောင်းအလဲစတင်
ဧပြီ(၂၁)၊ ၂၀၁၄
တောင်ပြာတန်းခရီးသည်တင်
ယာဉ်ပေါ်တွင်ခရီးသည်များ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းက
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်
ခရီးသည်များအားအရေးပေါ်ထွက်ပေါက်နှင့်ပတ်သက်၍
အသိပညာပေးမှုပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ကားအတွင်း လူခြောက်ဦးမီးလောင်သေဆုံးမှုဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့်
သေဆုံးရခြင်းမဟုတ်ဘဲ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များ
သိရှိမှုနည်းပါးခြင်းကြောင့်ဖြစ်သည်။
ဦးဝင်းတင် ကွယ်လွန်သည့် အထိမ်းအမှတ် ကဗျာ
ဧပြီ(၂၁)၊ ၂၀၁၄
ကျွမ်းကျင်မှုစံနှုန်း မပြည့်၍ လုပ်သားခေါ်ယူမှုသိသာစွာ လျော့ကျ
ဧပြီ(၂၁)၊ ၂၀၁၄
လုပ်သားများ ကျွမ်းကျင်မှုစံနှုန်း မပြည့်၍ လုပ်သားခေါ်ယူသည့် ပမာဏမှာယခင်နှစ်များထက် သိသာစွာ လျော့ကျလာကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများမှ သတင်းရရှိသည်။
မန္တလေး ဗဟိုအကျဉ်းထောင်တွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်ရာမှ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် အကျဉ်းသား သုံးဦးသေ
မန္တလေး၊ ဧပြီ ၂၀
မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

Subscribe to:
Posts (Atom)