Saturday, March 30, 2013

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် နိုင်ငံသား အခွင့်အရေးတချို့ ဆုံးရှုံး

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နတ္တလင်းမြို့တွင် ဆူပူအကြမ်းဖက်မှုကြောင့် 
ပျက်စီးနေသည့် အဆောက်အအုံများ မြင်ကွင်း 
(ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)



ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နေရာများတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံသားများ၏ အခွင့်အရေးတချို့ ဆုံးရှုံးသွားကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးဟောပြောခွင့်၊ ဆန္ဒ ထုတ်ဖော်ခွင့်၊ ဘာသာရေး၊ လူမျိုးရေး စသည့် ပွဲတော်များ ကျင်းပခွင့်တို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်အရ ခေတ္တရုပ်သိမ်းနိုင်ကြောင်း ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

Monday, March 25, 2013

မိတ္ထီလာမြို့ခံတွေလုံခြုံရေးအတွက် စိုးရိမ်နေဆဲ

မိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်းကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ မြင်ကွင်းမိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်းကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ မြင်ကွင်း
 
 
မအေးအေးမာ
မန္တလေးတိုင်း မိတ္တီလာမြို့မှာ သွေးထွက်သံယို ဆူပူမှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် အခြေအနေတွေ တည်ငြိမ်စ ပြုလာပေမဲ့ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကတော့ လုံခြုံရေးအတွက် စိတ်မအေးနိုင်သေး ဘဲ ဖြစ်နေကြပါတယ်။ အခုအခါ ထောင်ဂဏန်း ချီရှိတဲ့ မူဆလင် ဒုက္ခသည်တွေကိုတော့ မြို့ခံတွေသာမက တခြားလူမှုရေး အဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်းကူညီစောင့် ရှောက်နေကြရတာပါ။ မိတ္ထီလာနဲ့ အနီးအနားမြို့တွေက နောက်ဆုံးအခြေအနေတွေကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

“ရက်စက်ဆုံးအကြမ်းကြုပ်ဆုံး လူကုန်ကူးသူများလက်ထဲမှ မြန်မာအလုပ်သမား ၂၉ ဦးအား ကယ်တင်”



၂၀၁၃ ခု မတ်လ ၂၄
ကိုတီ
                   ငါးဖမ်းစက်လှေပေါ်တွင် အလုပ်မလုပ် လိုကြောင်း ငြင်းဆိုသူများ၊ထွက်ပြေး သူများကို နှိပ် စက်ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းတရံငါးဖမ်းလှေဆိပ် ရှိလူကုန် ကူးမှုဂိုဏ်းသားများလက်ထဲမှ၂ကြိမ်အတွင်း  မြန်မာ အလုပ်သမား ၂၉ ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
            ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့တောင်ဖက် ကီလိုမီတာ ၈၆၄ အကွာတွင် ရှိသော ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်အနီး တရံပြည်နယ်၊ ကတန်မြို့နယ်၊  တရံမြို့ ၀ှဲမင်း လှေဆိပ်  လှေအမှတ် (၈၈၈)မှ ၁၁ ဦး၊ နှင့်၂၃ ရက်နေ့တွင် ၃ဦး တို့ကို ပူးပေါင်း အဖွဲ့များက ကယ်တင်နိုင်ခဲ့ကြသည်။

Sunday, March 24, 2013

အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း

အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲ
ကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
 
ကိုကျော်ကျော်သိန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုးရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မိတ္ထီလာဒုက္ခသည်များ အတွက် ကူညီကယ်ဆယ်ရေး စတင်

မိထ္ထီလာမြို့နယ် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည်များကို 
ထမင်းထုတ်ဝေနေသည်ကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက
 တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ၃ ရက်ကြာ ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ယနေ့တွင် အခြေအနေများ အေးဆေး တည်ငြိမ်သွားပြီဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် ကြောင်း သိရှိရသည်။

Friday, March 22, 2013

မိတ္ထီလာပဋိပက္ခ ၁၀ ဦးထက်မနည်း သေဆုံး

 

မီးငြိမ်းသတ်နေစဉ် ရဲများက အကာကွယ် ပေးနေပုံ 
(ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သေဆုံးသူ ၅ ဦးရှိပြီဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း အမှန်တကယ်သေဆုံးသည့်အရေအတွက်မှာ ၁၀ ဦးအထက်တွင်ရှိနေကြောင်း သတင်းရရှိသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တခုတွင်ဖြစ်ပွားခဲ့သော ရန်ပွဲမှ အစပြုကာ ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်းပုံစံအသွင်ပြောင်းသွားပြီး  အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊  အစိုးရုံးအချို့၊ လူနေအိမ်များကို ကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက် များပြားကြောင်း၊ အစိုးရသတင်း ထုတ်ပြန်ချက်တွင်မူ သံဃာတော်တပါးနှင့် လူ ၄ ဦးသေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်တွင်မူ သေဆုံးမှုအရေ အတွက်သည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အတွက် အရေအတွက် တိတိကျကျ မသိရှိရသေးကြောင်း သိရှိရသည်။

သစ်တောတာဝန်ခံနှင့်ပူးပေါင်းပြီး တရားမ၀င်သစ်ခိုးထုတ်မှုများပြုလုပ်


     ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် တရားမ၀င်သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရသည်။

    “ ပဲနွယ်ကုန်းမြို့ သစ်တောဦးစီးဌာန တာဝန်ခံ ကိုသက်ညွန့်က တရားမ၀င်သစ်တွေဆီကနေ လစဉ်ကြေးတောင်းခံပြီး စက်တွေကိုလက်ခံထားတယ်။အင်ဖော်မာထားပြီး ရန်ကုန်-မန္တလေး လမ်းမတွင် တောင်ထန်းကား၊ မီးသွေးကား၊ သစ်မှောင်ခိုကားများကို ငွေကောက်ခံပြီး သစ်ကားတွေကို တာဝန်ယူ လမ်းရှင်းပေးတယ်။ တောင်ပေါ်တွင် ချိန်းစော လက်ထိုးသစ်စက် တရားမ၀င် ခိုးထုတ်လုပ်ကိုင်သူများထံမှ လစဉ်ကြေးတောင်းယူတယ်။ ပဲနွယ်ကုန်းမြို့ သစ်ခိုးထုတ်သည့်
ရေမျှောများထံမှလည်း လစာတောင်းတယ်။ သစ်စက်လိုင်စင်ပြုလုပ်ပြီး တရားမ၀င်သစ်များခွဲခြင်းကို လက်ခံထားပြီး သစ်မှောင်ခို လုပ်သူများနေ့စဉ်နဲ့အမျှ ပေါင်းသင်းသွားလာ လှုပ်ရှားတယ်။