Saturday, January 26, 2013

ပဲခူးမြို့ အင်းလေးရူးဖိနပ်စက်ရုံမှ သန့်ရှင်းရေးဝန်ထမ်းများ၏ ရင်ဖွင့်သံ

ပဲခူးမြို့ အင်းလေးရူးဖိနပ်စက်ရုံရှိ သန့်ရှင်းရေးဝန်ထမ်း(နေ့စား) အမျိုးသမီးများ၏ လုပ်ခလစာအား ()ပတ် လျှင် တစ်ကြိမ်ရှင်းပေးရာမှ ()ပတ် တစ်ကြိမ်ပြောင်းလဲရှင်းလင်းပေးခဲ့သဖြင့် အခက်ခဲ့များနှင့်ကြုံတွေ့နေရပါ   သည်။
၂၀၁၂ ခုနှစ် လပိုင်းတွင် အခြေခံလစာ(၁၀၀)ကျပ် တိုးပေးခဲ့သော်လည်း (OT) အချိန်တွင် ထည့်သွင်းတွက်  ချက်ခြင်းမရှိပါ။ နံနက်စောစော(၀၆း၄၀)မှ(၀၇း၁၀)အထိ နာရီဝတ်စော၍ အလုပ်ဝင်ရပါသည်။ နားလှည့်ပြီး ပါး ရိုက်သလိုးမျိုးဖြစ်နေပါသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ()ရက်နေ့တွင် ယခင်က ပြစ်ချက်ဖြစ် စက်ရုံမှထုတ်ပယ်ခြင်းခံခဲ့ရသော သန့်ရှင်း ရေးခေါင်းဆောင် ဒေါ်တင်ဆိုသူမှ မန်နေဂျာဒေါ်စန္ဒာကြည်၏ အကူအညီဖြင့် အလုပ်လာရောက်လျှောက်ထားခဲ့ ပါသည်။ ဒေါ်တင်ဆိုသူမှာ လက်အောက်ငယ်သား စက်ရုံသန့်ရှင်းရေး ၀န်ထမ်းတွေအပေါ် နိုင်းထက်ဆီးနှင်းပြုမူ ဆက်ဆံတက် သူဖြစ်ပါသည်။ . . ၂၀၁၃ ရက်နေ့တွင် အလုပ်ဆင်းမည်ဟုသိရသဖြင့် စက်ရုံသန့်ရှင်းရေး ၀န် ထမ်း(၁၈)ဦး ရှိသည့်အနက် ဦးသာ အလုပ်ဆင်းပြီး ကျန်(၁၅)ဦးမှာ အလုပ်မဆင်းပဲနေခဲ့ကြပါသည်။

Wednesday, January 9, 2013

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ) သည်တမင်သက်သက် ထည့်သွင်းထားသည်ဟု ယူဆကြောင်းဒေါ်အောင်ဆန်းစုကြည်ဆို"

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ) သည်တမင်သက်သက် ထည့်သွင်းထားသည်ဟု ယူဆကြောင်းဒေါ်အောင်ဆန်းစုကြည်ဆို"

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)တွင်ပါဝင်သော အချက်သည် တမင်သက်သက် ထည့်သွင်းထာသည်ဟု ယူဆကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မ
မှန်လားမှာ အခြေခံပြီး လုပ်ရမှာ ၊ကိုယ်တစ်ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မှာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ
မရှိဘူး၊တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ်လို့ရိုးရိုးပဲပြောရမယ်၊အဲလို တမင်သက်သက် ထည့်တဲ့ ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မလုပ်သင့်တဲ့
ကိစ္စပဲ ၊ဒါ အန်တီ တစ်ယောက်ထဲအတွက် လုပ်နေတာမဟုတ်ဘူး၊ပေးလို့ရှိရင်တောင်မှ အန်တီသားတွေကို အန်တီလက်မခံခိုင်းပါဘူး၊မူအရ လက်မခံနိုင်ပါဘူး"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းပုဒ်မခွဲတွင်
"မိမိကိုယ်တိုင်သော် လည်းကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊မိမိ၏ ဇနီး (သို့) ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီးတစ်ဦး
ဦးသော်လည်းကောင်း၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်
ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ များမဖြစ်စေရ ၊ထိုသူများသည်နိုင်ငံခြား
အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊"ဟူ၍ ပြဌာန်းထားကြောင်းတွေ့ရသည်။ah/sn
 Popular Myanmar News Journal

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)တွင်ပါဝင်သော အချက်သည် တမင်သက်သက် ထည့်သွင်းထာသည်ဟု ယူဆကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။

Sunday, January 6, 2013

ဘူးသီးခွံဟောင်းတစ်ခုအတွင်း လူဝီ၁၆ ဘုရင်၏ သွေးများအားတွေ့ရှိ

ဘူးသီးခွံဟောင်းတစ်ခုအတွင်း လူဝီ၁၆ ဘုရင်၏ သွေးများအားတွေ့ရှိ

January 7, 2013  Home, သတင်း 

သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်သစ်ဘုရင် လူဝီ-၁၆ ၏သွေး များသည် ဘူးသီးခွံဟောင်း တစ် လုံးအတွင်းရှိနေသည်ဟုယုံကြည် ကြသည်။ လူဝီ-၁၆ ဘုရင်သည် ၁၇၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်တော်လှန် ရေးသမားများ၏ ခေါင်းဖြတ်စက် ဖြင့်ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်သည်။
လူဝီ-၁၆ ဘုရင်ကွပ်မျက်ခံ ခဲ့ရပြီးနောက် ၎င်းအားကွပ်မျက် မှုကို ကြည့်ရှုနေခဲ့ကြသည့် လူ အများအပြားသည် လူဝီ၏ သွေး များတွင် ၎င်းင်းတို့၏လက်ကိုင်ပုဝါ များကို နစ်ခဲ့ကြသည်။ ထိုအထဲမှ လက်ကိုင်ပုဝါတစ်ခုအား ဘူးသီး ခြောက်ခွံအတွင်း ထည့်ထားခဲ့ ဟန်ရှိပြီး သွေးများပေကျံခဲ့ဟန် တူသည်။
ထိုဘူးသီးခွံတွင် တော်လှန် ရေးသူရဲကောင်းများ၏ ရုပ်ပုံများ ရေးထွင်းထားပြီး “ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မက္ကဆီမီလီယံ ဘိုဒါ လော့က လူဝီဘုရင်၏သွေးများ ဖြင့် လက်ကိုင်ပုဝါအားသုတ်လိမ်း ခဲ့သည်” ဟု စာတမ်းရေးထိုးထား သည်။
ထိုတော်လှန်ရေးအမှတ်တရ ပစ္စည်းမှာ အီတာလျံမိသားစု တစ်ခု၏လက်ဝယ်တွင် ရာစုနှစ်နှင့်ချီ၍ ရှိနေခဲ့ပြီး စပိန်နှင့် ပြင်သစ်ကျွမ်းကျင်သူများ အဖွဲ့ တစ်ဖွဲ့က ၎င်းတို့၏ရှာဖွေတွေ့ ရှိမှုကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘူးသီးခွံအတွင်းမှသွေးအား ဒီအင်အေစစ်ဆေးခဲ့ကြသော် လည်း တိုက်ဆိုင်စစ်ဆေးရန် လူဝီ-၁၆ ဘုရင်၏ဆွေမျိုးများ၏ သွေးဒီအင်အေစစ်ဆေးမှု နမူနာ များရှိမနေပေ။ သို့ရာတွင် သိပ္ပံ ပညာရှင်များသည် လူဝီ-၁၆ ဘုရင်၏ ဘိုးဘေးများအနက်မှ တစ်ဦးဖြစ်သည့် ၁၆၁၀ ခုနှစ်တွင် တွင်သတ်ဖြတ်ခံခဲ့ရပြီး ဦးခေါင်း အား မပုပ်မသိုးအောင် စီမံထား သည့် စတုတ္ထမြောက်ဟင်နရီ ဘုရင်၏သွေးနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ဖခင်ဘက်မှမျိုးရိုး ဗီဇလိုင်းတူညီနေကြောင်းစစ်ဆေး တွေ့ရှိခဲ့ကြရသည်။

 Source: BBC
ဥက္ကာအောင်

The Hot News

January 7, 2013 Home, သတင်း

သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်သစ်ဘုရင် လူဝီ-၁၆ ၏သွေး များသည် ဘူးသီးခွံဟောင်း တစ် လုံးအတွင်းရှိနေသည်ဟုယုံကြည် ကြသည်။ လူဝီ-၁၆ ဘုရင်သည် ၁၇၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်တော်လှန် ရေးသမားများ၏ ခေါင်းဖြတ်စက် ဖြင့်ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်သည်။
လူဝီ-၁၆ ဘုရင်ကွပ်မျက်ခံ ခဲ့ရပြီးနောက် ၎င်းအားကွပ်မျက် မှုကို ကြည့်ရှုနေခဲ့ကြသည့် လူ အများအပြားသည် လူဝီ၏ သွေး များတွင် ၎င်းင်းတို့၏လက်ကိုင်ပုဝါ များကို နစ်ခဲ့ကြသည်။ ထိုအထဲမှ လက်ကိုင်ပုဝါတစ်ခုအား ဘူးသီး ခြောက်ခွံအတွင်း ထည့်ထားခဲ့ ဟန်ရှိပြီး သွေးများပေကျံခဲ့ဟန် တူသည်။
ထိုဘူးသီးခွံတွင် တော်လှန် ရေးသူရဲကောင်းများ၏ ရုပ်ပုံများ ရေးထွင်းထားပြီး “ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မက္ကဆီမီလီယံ ဘိုဒါ လော့က လူဝီဘုရင်၏သွေးများ ဖြင့် လက်ကိုင်ပုဝါအားသုတ်လိမ်း ခဲ့သည်” ဟု စာတမ်းရေးထိုးထား သည်။

Thursday, January 3, 2013

ပဲခူးမြို့အတွင်း တောင်းရမ်းစားသောက်သူများကို ဖမ်းဆီးအရေးယူမည်

ပဲခူးမြို့အတွင်းရှိ လူစည်ကားရာနေရာနှင့် နိုင်ငံခြားသားများ ၀င်ထွက်သွားလာလေ့ရှိသော နေရာများ၌ တောင်း ရမ်းစားသောက်သူများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရှိ ရသည်။

Wednesday, January 2, 2013

နင်းပြားကို ပျင်းသနားတယ်ဆိုပြီး နင်းစားနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး

ဘိုကလေးမြို့နယ် မင်းဂံ ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ အကယ်ကြီးကျေးရွာ ၊ဦးစိန်စုကျေးရွာ၊(၃)ရွာမှ ၂၀၁၁-၁၂ခုနှစ်   မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ   ဘဏ်ချေးငွေမထုတ်ယူဖူးသေး သော လယ်သမား(၇၀)ကျော်အား၊   မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးမှ ဘဏ်က ငွေထုတ်ယူလို လျှင် လယ်သမားတစ်ဦးလျှင် ငွေ (၁၆၀၀၀)ကျပ် ကောက်ယူ၍သဖြင့် လယ်သမား(၇၀)ကျော်က မကျေ နပ်ကြောင်း ၎င်းလယ်သမားထဲမှ   အာမခံ(၂၄)ဦးနှင့်လယ်သမားခေါင်း ဆောင်များ၏ပြောကြားချက်အရ သိရှိရပါသည်။

Friday, December 28, 2012

ကင်ဆာရောဂါအတွက် ဆေးနည်းတစ်ခွက်

Soursop ဒူးရင်း၊ သြဇာဟာ ကင်ဆာရောဂါသည်တွေအားကိုးရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာမဟုတ် တဲ့ဆေးမီးတိုကလေးက ရောဂါကြီးကြီး မားမားကြီးတွေကို ပျောက်စေတာက တော့ အံ့သြစရာပါပဲ။ဒါကြောင့်တစ်ဦး   တစ်ယောက်ရဲ့ လက်တွေ့ပျောက်ကင်း သွားတဲ့ဆေးနည်းကလေးကို လစ်လျူမရှု       သင့်ပါဘူး။ဒီဆေးနည်းကလေးကတော့ ငွေရေးကြေးရေးလည်း သိပ်ကုန်ကျမယ်   မထင်ပါဘူး။

ကလေးငယ်ကို လူကုန်ကူးသူများအား အမှုဖွင့်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

၂၇-၁၁-၂၀၁၂ရက်နေ့ ၀၉၀၀အချိန် မူဆယ်လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ဦးသိန်းအောင်နှင့်ဇနီးဒေါ်နုနုအောင်တို့ရောက်ရှိလာပြီး ၎င်းင်းတို့၏သား ဖြစ်သူ မောင်ရဲရင့်အောင်(၃)နှစ်(၄)လအား တစ်ရပ်ကွက်တည်းနေ ဦးဖိုးလုံး(ခ)အညာသား(၅၄)နှစ်နှင့် ဇနီးဖြစ်သူ မမေရီကျော်(၃၀)နှစ်တို့မှ ခေတ္တငှါးရမ်းလိုကြောင်း၊ တရုတ်ပြည်တွင် အိမ်ထောင်ကျ နေသည့် ဦးဖိုးလုံး၏သမီးဖြစ်သူ မဇာနည်အေး(၂၄)နှစ်တွင် သားသမီးမရှိသဖြင့် တရုတ်ယောက္ခမများ ထံမှ အမွေရရှိရန် သားသမီးတစ်ဦးအားပြရန်နှင့် ပြနိုင်ပါကအမွေသန်းနှင့်ချီ ရမည်ဟုပြောပြီး မောင်ရဲရင့်အောင်အား တရုတ်ပြည်ရှိ မဇာနည်အေး၏တရုတ်ယောက်ျားထံ ၁၀ ရက်ခန့် ခေတ္တထား ပေးရန်နှင့် အမွေရရှိပါက ကလေးငှါးရမ်းခအဖြစ် ငွေကျပ်(၅၀၀၀၀၀ိ/-)ပေးမည်ဖြစ်ကြောင်း ၁၅-၁၁-၂၀၁၂ ရက်နေ့တွင် လာရောက်ပြောဆိုခဲ့သည်။