Friday, August 31, 2012

သတင်းထောက်များအား ဇာဂနာဆဲ


ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။

Thursday, August 30, 2012

ရန်ကုန်မြို့ ယုဇနကုမ္ပဏီရုံးချုပ် ယုဇနဟိုတယ်ရှေ့ မှာ ဒီကနေ့ တောင်သူတွေဆန္ဒမပြခင် ဦးဌေးမြင့်က ဦးဆောင်ဆန္ဒပြမယ့် ဒေါ်ဘောက်ဂျာနဲ့ မနေ့က ညပိုင်းက တွေ့ဆုံ


ကချင်ပြည်နယ် အနောက် မြောက်ပိုင်းက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မသိမ်းယူထားတဲ့ ယုဇနကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်ကနေ လက်ရှိ တရားစွဲဆိုထား တဲ့ ဒေသခံတောင်သူတွေ
ရဲ့ လယ်ဧက (၃၀၀၀) ၀န်းကျင်ကိုသာ ပြန်လည်ပေးမယ်လို့
ပြောဆိုကြောင်း ကိုယ်တိုင်ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု
ပါတီရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

နိုင်ငံတော်အတွက် စပါးထက် ငါးက ပိုအရေးကြီးနေသလားဟု လယ်သမားများသုံးသပ်နေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးမြို့နယ်အတွင်း မိုးအဆက်မပျက်ရွာသွန်းမှုများကြောင့် လယ်ယာမြေများ ရေကြီးနစ်မြုတ်ရသည့်အပြင် ချိန်းချောင်းနှင့် ရေနုတ်တူးမြောင်းများတွင်း ငါးဖမ်းဆည်ကြီးများကို ရေတံခါးကြီးများသဖွယ် တည်ဆောက်ထားသဖြင့် ရေစီးရေလာပိတ်ဆို့ပြီး အနီးဝန်ကျင်ရှိ လယ်ယာမြေများရေကြီးနစ်မြုတ်၍ ပျက်ဆီးဆုံးရှုံးရကြောင်းသိရှိရသည်။

သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးမှ အတင်းအဓမ္မကျူကျော်ဝင်ရောက်


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ၊ ရှမ်းစုရပ်ကွက်၊ ဗူးနက်ကုန်းတောရကျောင်းတိုက်၏ သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဆိုသူမှ တပ်မ(၇၇)တပ်ရင်း အားကိုယ်းဖြင့် အတင်းအဓမ္မကျူးကျော်ဝင်ရောက်ပြီး နွားတဲများတည်ဆောက်ခြင်းနှင့် နွားများလွှတ်ကျောင်းခြင်းတို့ပြုလုပ်
နေ   ကြောင်း သိရှိရသည်။

Wednesday, August 29, 2012

မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်


သြဂုတ်လ ၂၉ ရက် ၂၀၁၂ ခှနှစ် ဗုဒ္စဟူးနေ့ - သတင်း - Venus News Weekly
 
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။

အရေးကြုံလာလျှင် အမေရိကန်ခရီးသည် လေယာဉ်ကိုပင်ပစ်ချရန် အီရန်တို့စီစဉ်ထား

အီရန်နိုင်ငံ၏နျူကလီးယား အဆောက် အအုံများကို အနောက်အင်အားစုများက ထိုးနှက် တိုက်ခိုက်လာလျှင် အရေးကြုံလာမည်ဖြစ်၍ အီရန် နိုင်ငံကလည်း အနောက်အင်အားစုများ၏လေ ကြောင်းလိုင်းလေယာဉ်များကို ပစ်ချသွားရန် စီစဉ်မှု များရှိသည်ဟု အီရန်ထောက်လှမ်းရေးတွင် တာဝန် ထမ်းဆောင်ဖူးသူတစ်ဦးကပြောကြားသည်။

ဆီးရီးယား ပြည်တွင်းစစ်သတင်းသွားရောက်ရယူစဉ် သတ်ဖြတ်ခံရသော ဂျပန် အမျိုးသမီးသတင်းထောက်ရုပ်အလောင်းကို တူရကီမှဂျပန်သို့သယ်ဆောင်ရောက်ရှိလာ

ဆီးရီးယားပြည်တွင်းစစ် သတင်းသွားရောက်ရယူစဉ် အလက်ပိုမြို့ စစ်မြေပြင်၌ သေနတ်ကျည်ဆံထိမှန် ကွယ်လွန်သွားခဲ့ရသော ၈ျပန်အမျိုး သမီးစစ်သတင်းထောက် မစ္စစ်မီကာ ယာမာမိုတို့၏ ရုပ်အလောင်းတူရကီ လေကြောင်းလိုင်းလေယာသ်တစ်စီးဖြင့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှ ဂျပန် နိုင်ငံတိုကျိုမြို့တော်သို့ ၂၅ .၈ ၁၂နေ့က သယ်ဆောင်ရောက်ရှိလာခဲ့ကြောင်း ဂျပန် သတင်းဌာနကဖော်ပြသည်။ တိုကျိုမြို့ တော်လေဆိပ်၌ မစ္စစ်ယာမာမိုတို၏ရုပ် အလောင်းအား တူရကီလေကြောင်းလိုင်း ပိုင်လေယာဉ်ပေါ်မှ သယ်ချစဉ်တွင် လေ ယာဉ်မှူးနှင့်လေယာဉ်ဝန်ထမ်းများက သူမအားအလေးပြုအရိုအသေပေးကြ သည့်အပြင် လေဆိပ်ဝန်ထမ်းများက လည်း ခဏတာမျှငြိမ်သက်စွာနေခဲ့ ကြသည်။